Shwebook Dictionary Pro သည် ပထမဆုံးသော အင်္ဂလိပ် - မြန်မာ -
တရုတ် Android Mobile Dictionary ဖြစ်ပါသည်။ Definition Word အသစ် ၁၀ ခု
အား Server တွင် ထည့်သွင်းပြီးဖြစ်ပါက မိမိ၏ ဖုန်းနှင့် မိမိကိုယ်တိုင်
Syncrhonize ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ မိမိဖုန်းတွင် Root Access
မလိုခြင်း ၊ Zawgyi Font အင်စတောပြုလုပ်ရန် မလိုဘဲ လွယ်ကူစွာပင်
မြန်မာစာများအား ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ EN-UK
English အသံထွက် နှင့် Chinese Native အသံထွက်ကိုပါ နားထောင်နိုင်မည်
ဖြစ်ပါသည်။ Chinese အဓိပ္ပါယ်ဖော်ပြချက်တွင် Simplified Chinese နှင့်
Traditional Chinese နှစ်မျိုးစလုံး အား လွယ်ကူစွာ ရှာဖွေပြီး
အသံထွက်(pronunciation) ပါ ဖော်ပြပေးထားပါသည်။
Shwebook Dictionary Pro အားအသုံးပြုနည်း
- ဘယ် - ညာ Swipe ပြုလုပ်ပြီး အခြား Screens များကို ပြောင်းလဲပါ။ (Tab တစ်ခုချင်းအားလည်း ဖိနှိပ်ပြီး ပြောင်းလဲနိုင်ပါသည်။)
- History - Favourite များမှ wrod တစ်ခု
ချင်းစီအား ဖျက်ပစ်လိုပါက Item တစ်ခုချင်းအား ၁ စက္ကန့်ခန့် ဖိနှိပ်ထားပြီး
Delete အားနှိပ်ပြီး ဖျက်ပစ်ပါ။
- Result Screen မှ အင်္ဂလိပ် ၊ မြန်မာ ၊ တရုတ်
တစ်ခုချင်းစီ၏ စာသားများအား copy ရယူလိုပါက Copy ယူလိုသော Definition Box
အား တစ်စက္ကန့်ခန့် ဖိနှိပ်ထားပြီး ကော်ပီရယူပါ။
- အခြား ဆက်သွယ်မှု ရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်အား
ရယူလိုပါက Similar Word(s) အားဖိနှိပ်ပြိး ဆက်သွယ်မှု ရှိသော Definitions
များအား ကြည့်ရှုပါ။
- English နှင့် တရုတ် စာသားအသံထွက်နားထောင်လိုပါက Microsphone တွင် ဖိနှိပ်ပြီး အသံထွက်ပါ။
- Most Update Definition Data များအား ရယူရန်
About Screen တွင် Synchronize Database ကို နှိပ်ပြီး မိမိဖုန်းရှိ Data
များအား ဆာဗာနှင့် ချိတ်ဆက်ပါ။
- မိမိသိရှိပြိးဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုချက်အား
Shwebook Dictionary Pro တွင် ထည့်သွင်းရန် အနည်းဆုံး English နှင့် Email
အား မှန်ကန်စွာ ဖြည့်သွင်းပါ။
credit to www.shwebook.com
No comments:
Post a Comment