14 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 1:36 AM

27 Oct 12, 09:29 PM
hanmyo:
အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:


    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd

ဒီ Error ကို ဖြေရှင်းဖို့ မိမိတို့ဆီမှာ Windows Installation Disc ဝင်းဒိုးတင်လို့ရတဲ့ Windows 7 DVD ခွေရှိဖို့လိုပါတယ်.. တချို့ ဝဘ်ဆိုဒ်တွေမှာ Windows System Repair Disc နဲ့လည်း လုပ်ပြထားကြပါတယ်.. တကယ်လို့ ဝင်းဒိုးတင်တဲ့ အခွေမရှိရင်တော့.. System Repair Disc ကို မိမိတို့ ဝင်းဒိုးထဲက ထုတ်ယူသိမ်းထားခဲ့တဲ့ သူများဆိုရင်တော့ ပိုအဆင်ပြေပါတယ်.. System Repair Disc လည်းမရှိသေးဘူးဆိုရင်တော့.. ကျနော်နောက်ပိုစ့်တွေမှာ တင်ပေးသွားပါမယ်.. လိုအပ်တဲ့သူများ Cbox နဲ့ Comment နေရာတွေမှာ ရေးပေးထားခဲ့ပါ.. တောင်းတဲ့လူရှိမှ System Repair Disc 32-bit နဲ့ 64-bit တွေကိုတင်ပေးပါမယ်.. System Repair Disc ကိုဒေါင်းယူလို့ရတဲ့သူများကတော့ 200 MB မပြည့်တဲ့ အတွက် CD အသစ်တချပ်နဲ့ အခွေကူးလိုက်ပါ.. Boot တက်ဖို့လိုပါတယ်.. Verify Disc Data စာသားနေရာမှာ အမှန်ခြစ်ပေးပြီးမှ အခွေကူးပါ..


Windows 7 (or) System Repair Disc ခွေရှိပြီးသားသူများကတော့ မိမိတို့ရဲ့ DVD Drive ထဲမှာ အခွေကိုအရင်ထည့်လိုက်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ.. မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del, F8 မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..
 F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..
 စက်ပြန်တက်လာလို့ အောက်ကပုံမှ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတခုခုကို အမြန်မိအောင် လိုက်နှိပ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD ထဲကို ဝင်သွားတာ ဖြစ်ပါတယ်..




အပေါ်ပုံအတိုင်း Repair ကိုနှိပ်ပါ.. အောက်ကပုံအတိုင်းပေါ်လာရင် Startup Repair ကိုအရင် လုပ်ပေးလိုက်ပါ..



Startup Repair ပြီးသွားရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ..


ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ cmd.exe ဘောက်စ်ထဲမှာ တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်.. မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ.. အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..

    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd


ဒီပုံတွေအားလုံးကို အင်တာနက်ကနေ ရှာယူထားတာဖြစ်တဲ့ အတွက် တချို့ပုံတွေက နည်းနည်း ဝါးနေပါလိမ့်မယ်.. ဖြည်းဖြည်းချင်း သေချာကြည့်ရင် ကြည့်လို့၊ လုပ်လို့ အဆင်ပြေပါတယ်..

 အောက်ကပုံ ( bcdedit /export C:\BCD_Backup ) စာကြောင်းရိုက်ထည့် Enter ခေါက်ပါ..
 ဒုတိယတကြောင်း ( c: ) Enter ခေါက်ပါ.. တတိယတကြောင်း ( cd boot )  Enter ခေါက်ပါ..
 လေးကြောင်းမြောက် ( attrib bcd -s -h -r ) Enter ခေါက်ပါ..
 ငါးကြောင်းမြောက် ( ren c:\boot\bcd bcd.old ) Enter ခေါက်ပါ..
 ခြောက်ကြောင်းမြောက် ( bootrec /RebuildBcd ) Enter ခေါက်ပါ..

အပေါ်မှာ တကြောင်းစီ ခွဲပြထားတဲ့ ပုံတွေကို အားလုံးပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. မိမိတို့ ရိုက်ထည့်ရမယ့် စာသားနေရာတွေကို မျဉ်းနီပြပေးထားပါတယ်.. အားလုံးပဲ ကြည့်ရအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..  အောက်ကပုံရဲ့ နောက်ဆုံးမှာ Yes / No မေးထားတာ ဖြစ်တဲ့ အတွက် ကျနော်တို့က ကီးဘုတ်မှ Y ကီးကို တချက်နှိပ်ပေးလိုက်ရင် ရပါပြီ.. Y ရဲ့ အောက်က Successfully စာသားပေါ်လာရင်တော့ အောက်တကြောင်းမှာ Exit လို့ရိုက်ထည့်ပြီး Enter ခေါက်ထွက်လိုက်ပါ.. အဲ့လိုမှ မထွက်သေးရင် အပေါ်ကြတ်ခြေခတ်နဲ့ ပိတ်ပစ်လိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ.. စက်ရဲ့ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို အရင်ထုတ်လိုက်ပါ.. စက်ပြန်တက်လာရင်တော့ Bootmgr is missing Error ကောင်းသွားပါပြီ.. ဒါက ပထမနည်းပါ..


 ဒုတိယနည်းလမ်း..
အောက်ကတော့ နောက်တနည်းပါ.. အပေါ်နည်းနဲ့ အဆင်မပြေခဲ့ရင် အောက်ကနည်းနဲ့ ဆက်လုပ်ပေးလိုက်ပါ.. အပေါ်ပုံတွေအတိုင်း ဝင်းဒိုးခွေထည့်ပါ.. စက်ကို Restart ချပြီး Repair your Computer ကနေ Commant Prompt ကိုကလစ်ပြီးဝင်လိုက်ရင် အောက်ကပုံမျိုးဘောက်စ်ထဲမှာ Bootrec.exe /RebuildBcd စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..
 အောက်ကပုံအတိုင်း Y ကီးကို နှိပ်ပေးလိုက်ပါ..


အပေါ်ပုံတွေက အတိုင်းလုပ်ပေးလိုက်ရင် ဒီအယ်ရာတွေ ကောင်းသွားပါလိမ့်မယ်.. အောက်ဆုံးမှာ ဟိုးအရင်တုန်းက Windows Vista အတွက်လုပ်နည်းလေးပါ ရေးပေးလိုက်ပါတယ်.. တချို့လူတွေ Windows 7 မှာလည်း အသုံပြုကြပါတယ်..
တတိယနည်းလမ်း........

A) Type c: and press <Enter>.
B) At the C:\ prompt, type cd boot and press <Enter>.
C) At the C:\Boot prompt, type the following commands and press Enter after each command.

Code:
bootrec /FixMbr
bootrec /FixBoot
bootrec /RebuildBcd



D) Now close the command prompt, remove the DVD and reboot your computer.
That's it,
နမူနာလုပ်တတ်အောင် Video Tutorial လေးပါ ရှာပေးလိုက်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ.. စိတ်ညစ်စရာ အပေါင်းမှ ကင်းဝေးကြပါစေ..

PDF နဲ့လိုချင်ရင် ဒီမှာ..
Download (22.5 MB)
Post တင်သူ- Unknown ဒီအချိန်မှာ 1:27 AM




အခု ကျွန်တော် မေးလ်ထဲမှာလည်း အကိုတစ်ယောက် မေးထားတာလေး ရှိလို့ တစ်ခြား အဆင်မပြေတဲ့ သူများ ရှိရင်လည်း အဆင်ပြေအောင် ဖြေရှင်း နည်းလေးကို ရေးပေးလိုက်ပါတယ် .. ကျွန်တော်တို့ U-Tube ကနေ ဒေါင်းလော့ ချထားတဲ့ Video File တွေကိုပဲ ဖြစ်ဖြစ် Windows Media Player နဲ့ ဖွင့်ချင်တဲ့ အခါမှာ တစ်ချို့ File Type တွေက ဖွင့်လို့မရပဲ Windows Media Player cannot play the file. The Player might not supportthe file type or might not support the codec that was used to compress the file. ဆိုပြီး Error Code လေးတွေ ပြနေတဲ့ သူတွေအတွက် ဖြေရှင်းလို့ရမဲ့ နည်းလမ်းလေးတွေကို ကျွန်တော် ရေးပေးသွားပါမယ် .. 

ကျွန်တော်တို့ အခုနောက်ပိုင်း Update Version ဖြစ်တဲ့ Windows Media Player 12 မှာ အခုလို အဆင်မပြေတာများ ကြုံရတာ များပါတယ် .. အောက်မှာ ဖော်ပြထားတဲ့ File Type တွေကတော့ Windows Media Player ကနေ Support လုပ်ပေးထားတဲ့ File Type အမျိုးအစားတွေပဲ ဖြစ်ပါတယ် ..

  • Windows Media files- .wm, .wmv, and .asf;
  • AVCHD files (including Dolby Digital audio) - .m2ts and .m2t;
  • Apple QuickTime files - .mov and .qt;
  • AVI files - .avi;
  • Windows Recorded TV Show files - .wtv and .dvr-ms;
  • MPEG-4 movie files - .mp4, .mov, and .m4v;
  • MPEG-2 movie files -.mpeg, .mpg, .mpe, .m1v, .mp2, .mpv2, .mod, and .vob;
  • MPEG-1 movie files- .m1v;
  • Motion JPEG files- .avi and .mov.

တကယ်လို့သာ ကျွန်တော်တို့ အနေနဲ့ ဖွင့်ချင်တဲ့ Video File Type က Windows Media Player က Support လုပ်မပေးထားဘူး ဆိုရင် အောက်က ပုံတွေမှာ ပြထားတဲ့ အတိုင်း Error Code လေးတွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ် .. 

ပထမဦးစွာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Error Code လေး ဖော်ပြပါလိမ့်မယ် ...


အပေါ်က ကောင်လေးကို Yes ပေးလိုက်ပြီ ဆိုရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပေါ်လာမှာ ဖြစ်ပါတယ် ..




အခုလို Error ဖြစ်နေတဲ့ သူတွေအတွက် .. ကျွန်တော် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို အောက်မှာ ပုံးလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် ..  ကျွန်တော်တို့ ဖွင့်ချင်တဲ့ File Type ကို Windows Media Player မှာ ဖွင့်လို့ရအောင် K-Lite Codec Pack  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး File Type အသစ်ထပ်သွင်း ပြီး ဖြေရှင်းမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် K-Lite Codec Pack  ဆိုတဲ့ ကောင်လေးကို အောက်မှာ တင်ပေးထားပါတယ် .. 

အရင်ဆုံး K-Lite Codec Pack  လေးကို မိမိတို့စက်မှာ Run လိုက်ပါ ..ပြီးရင် အောက်က ပုံအတိုင်း Next ကို နှိပ်လိုက်ပါ ..


နောက်တစ်ဆင့်မှာ အောက်က ပုံမှာ ပြထားတဲ့အတိုင်း Advance mode ကိုရွေးပြီး Next ပေးလိုက်ပါ ။။


နောက်တစ်ဆင့် ကိုရောက်ပြီဆိုရင် အောက်ကပုံအတိုင်း Next ပေးလိုက်ပါ ..


အောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း Playback essentials ( without player ) ကိုရွေးပြီး Next ပေးလိုက်ပါ .. 





အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ Windows Media Player ကို အမှန်ခြစ်လေး ရွေးပြီး Next ပေးလိုက်ပါ ..


အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Select all video နဲ့ Select all audio ပေးပြီး File Type တွေ အားလုံးကို အမှန်ခြစ် ပေးလိုက်ပါ .. ပြီးရင် Next ပေးလိုက်ပါ ..


ပြီးရင် နောက်တစ်ဆင့်မှာလည်း အောက်က ပုံမှာ ပြထားတဲ့အတိုင်း Select all ပေးပြီး Next ပေးလိုက်ပါ ..


အောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ ကွန်ပျူတာနဲ့ တွဲပြီး အသုံးပြုမဲ့ Sound Box ရဲ့ Channel အမျိုး အစားကို ရွေးပေးလိုက်ပါ .. ပြီးရင် Next ပေးလိုက်ပါ ..


အောက်က ပုံအတိုင်း အမှန်ခြစ်လေးတွေက ဘာလို့ ဖြုတ်လိုက် သလည်း ဆိုတော့ ကျွန်တော်တို့ Yahoo Search Page တွေ Yahoo Toolbar တွေကို မိမိတို့ Firefox မှာ သုံးမှာ လားလို့ မေးထားတဲ့ ဖြစ်တဲ့ အတွက် ဖြုတ်ပေးလိုက်တာ ဖြစ်ပါတယ် .. ပြီးရင်တော့ အောက်က ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး သွားယုံပါပဲ ..







အပေါ်က အဆင့်အတိုင်း လိုအပ်တဲ့ File Type တွေကို သွင်းပေး ပြီးသွားပြီ ဆိုရင်တော့ မိမိတို့ စောစောတုန်းက ဖွင့်လို့မရတဲ့ Video File Type ကို Window Media Plyer နဲ့ ဖွင့်လို့ ရသွားပါလိမ့်မယ် ..

Download  K-Lite Codec Pack



အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .
Post တင်သူ- Unknown ဒီအချိန်မှာ 1:20 AM
ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)
Post တင်သူ- Unknown ဒီအချိန်မှာ 1:18 AM




မင်္ဂလာပါ....
ပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ Explorer.exe နဲ့ဆိုင်တဲ့ ပြသနာ တစ်ခုပါ အခု နောက်ပိုင်း ဖြစ်လေ့
ဖြစ်ထ ရှိလာတာက Windows 8,8.1 တင်ပြီး အသုံးပြု နေကြတဲ့ ဘော်ဒါတွေ မှာပါ၊ 
     မနက်လင်းလို့ ကွန်ပျူ တာ ဖွင့်လိုက် တာနဲ့ အပေါ်က ပုံလေး အတိုင်း လာပေါ်နေတော့
မျက်လုံးတောင် မယုံမိဘူး ဖြစ်သွားတယ်။ လွယ်ပါတယ် ကျနော် ချက်ရှင်းပဲ သတိရတာနဲ့
ဖြေရှင်းလိုက်ပါတယ် %100% အဆင်ပြေပါတယ်။

ကျနော်လို Explorer.exe ဆိုင်ရာ ပြသနာ တက်နေကြတဲ့ ညီအကိုတွေ အတွက် ကျနော် ဖြေရှင်း
ခဲ့ပုံလေးကို အောက်မှာ အသေးစိပ် ရှင်းပြထား ပါတယ်။

ဒီကောင် ဘာကြောင့်ဖြစ် သလဲဆိုတော့ လက်လှမ်းမှီ သလောက်ပြော ရရင် system registry
ဆိုင်ရာ ကြောင့်ပါ၊ malicious လို့ခေါ်တဲ့ ကွန်ပျူ တာကို အချိန်မရွေး ဒုက္ခကောင်းကောင်းပေး
နိုင်တဲ့ Virus ကြောင့်ပဲဖြစ်ပါတယ်။

အဲဒီ Virus က ကွန်ပျူ တာရဲ့ System ပိုင်းဆိုင်ရာကို တိုက်ခိုက် တတ်ပါတယ် ပုံမှာ မြင်တဲ့အ
တိုင်းပါပဲ explorer ကြီးတောင် သုံးစား မရတော့ဘူး ဖြစ်ဆိုတော့ အဲဒီ malicious ဆိုတဲ့ Virurs
ဟာ ကွန်ပျူ တာကို အန္တရာယ် ပေးနိုင်တယ် ဆိုတာ သိနိုင်လောက်ပါပြီ။ အဲဒီ Virus ကို ချက်
ရှင်းဖယ်ထုတ်ပေးရမှာ ဖြစ်ပါတယ်။

ရှင်းထုတ်ပေးတဲ့ နေရာမှာ သတိထားပြီး လုပ်စေချင်ပါတယ် ဘာကြောင့်လဲဆို သူကအဓိကနေ
ရာယူပြီး ဖျက်စီးနေတာက ကွန်ပျူတာရဲ့ Registry ဆိုင်ရာမှာ နေရာယူနေ တာဖြစ်နေလို့ပါ။

ကဲဗျာ အလကားနေရင်း ဒုက္ခ လာပေးနေတဲ့ malicious ကြီးကို ကွန်ပျူတာမှ အပြီးပိုင် သုတ်
သင် လိုက်ကြအောင်

ဒီ Explorer နဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ အတွေ့အကြုံ အရ ဖြေရှင်းနည်းပေါင်း များစွာ ရှိ
ကောင်း ရှိနိုင်ပါတယ်၊ အခုကျနော် ရှင်းပြပေးသွားမှာ ကျနော် အောင်မြင်ခဲ့တဲ့ နည်းလမ်းလေး
ကိုပဲပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

၁။ ပထမဆုံးအနေဖြင့် Windows Defender ကိုဖွင့်လိုက်ပါ။



မဖွင်တတ်သေး ရင်တော့ Start Menu>>>Control penal>>>Windows Defender>>>Turn on
ပေးလိုက်ပါ။

သို့မဟုတ် Windows + I Key ကို တွဲနှိပ်လိုက်ပါ၊ ပြီးတော့ Control penal >>> Windows Defender
>>> Turn on လုပ်ပေး လိုက်ပါ။

Defender ကြီးကို ဖွင့်ပြီးရင်တော့ ကြန္ပ် ဴ တာတစ္ခုလံုးကို Full Scan လုပ္လိုက္ပါ။

၂။ ကြန္ပ် ဴ တာ ကီးဘုတ္မွ Windows + R key ကိုတွဲနှိပ်လိုက်ပါ အောက်က ပုံကိုကြည့်ပါ။



၃။ 'Run' dialogue လေး ပွင့်လာ ပါလိမ့်မယ် အဲဒီ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။

အောက်ကပုံကိုကြည့်ပါ။



၎။ regedit လို့ ရေးပြီးတာနဲ့ OK ကိုနှိပ်လိုက်ပါ၊ အောက်က ပုံအတိုင်း ကျလာပါလိမ့်မယ် ပုံအတိုင်း
ကြည့်လုပ်လိုက်ပါ၊ ကျနော် နံပါတ်စဉ် တပ်ပေး ထားပါတယ်။



မလုပ်တတ် သေးရင် ဒီစာကို ကြည့်ပါ Registry Editor ပရိုဂရမ် ထဲမှာ HKEY_CURRENT_
USER ကို တစ်ချက်နှိပ်ပါ၊ ပြီးတော့ Software ဆိုတာကို နှိပ်ပါ၊ Microsoft ဆိုတာကို ထပ်နှိပ်
ပါ၊ Windows ကိုနှိပ်ပါ၊ CurrentVersion ဆိုတာကို ထပ်နှိပ်ပါ၊ Explorer ဆိုတာကိုနှိပ်ပါ၊ ပြီး
တော့မှ User Shell Folders ဆိုတာကို တွေ့ပါလိမ့်မယ် တစ်ချက်နှိပ်ပေးလိုက်ပါ။

အဲဒီမှာ Personal ဆိုတာစာသားကို လိုက်ရှာပါ တွေ့ပြီးဆိုတာနဲ့ Right-click ကိုနှပ်ပြီး Modify
ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။



၅။ ပေါ်လာတဲ့ Edit String လို့ခေါ်တဲ့ Box လေးထဲမှ Value data နေရာမှာ အောက်ကစာသားကို
Copy ကူးပြီး ထည့်လိုက်ပါ။

%USERPROFILE%\Documents



အပေါ်က ပုံအတိုင်း Past လုပ်ပြီးပြီ ဆိုတာနဲ့ OK ကိုနှိပ်ပေးလိုက်ပါ။

၆။ Edit String ဆိုတဲ့ Box လေးကို ပိတ်ရ ပါမယ်၊ ပိတ်ဖို့ရန် File ဆိုတာကို တစ်ချက်နှိပ်ပါ၊ ပြီးရင်
'Exit' နဲ့ထွက်လိုက်ပါ။



၇။ system registry ပိုင်းကို အသေနိုင်တဲ့ Clean up ဆော့ဝဲ တစ်ခု လိုပါတယ်။



CCleaner အောက်ကလင့်မှာ ဒေါင်းလော့ ယူလိုက်ပါ။ ပြီးရင် အင်စတောလုပ်လိုက်ပါ။

Download CCleaner

၈။ Cleaner ကြီး အင်စတော လုပ်ပြီးတာနဲ့ system registry ပိုင်း ရှင်းသွားအောင် Clean ပေးလိုက်ပါ။



၉။ အားလုံး ပြီးတာနဲ့ ကွန်ပျူ တာကို Restart ချ ပေးလိုက်ပါ။ ပြန်တက် လာပြီး ရင်တော့ malicious
ဆိုတဲ့ Virurs မရှိတော့ပဲ အားလုံး ပုံမှန် အတိုင်း အဆင်ပြေ သွားပါ လိမ့်မယ်။

အားလုံးကို ခင်မင်လေးစားလျှက်
Post တင်သူ- Unknown ဒီအချိန်မှာ 1:12 AM
ဖုန်းက ကလိတာများပြီး ရှောက်နှိပ်မိသောအခါ  ဖုန်းက network ပျောက်ပီး ဖုန်းဆက်မရတော့ဘူးဖြစ်သွားတယ်
ဒါက ဖုန်း IMEI နံပါတ်ပျောက်သွားတာဖြစ်ပါတယ်
ခုပြောပြမှာက IMEI နံပါတ်ပျော်သွားတာကိုဖြေရှင်းနည်းလေးဖြစ်ပါတယ်....
 တကယ်လို့များကျွန်တော်ပြောသလိုဖြစ်သွားတယ်ဆိုရင်..
ဆိုင်မှာသွားပြရင် ပိုက်ဆံက ကုန်တော့မှာဖြစ်ပါတယ်..

1.ဖုန်းမှာကလိတာလွန်ပြီးnetworkပျောက်သွားတဲ့အခါအရင်ဆုံးIMEIစစ်ပေးပါ
IMEIစစ်နည်းကတော့အားလုံးနည်းပါသိကြလိမ့်မယ်ထင်ပါတယ်မသိလည်းထပ်ပြောပြလိုက်ပါတယ်..
*#06#လို့ဖုန်းမှာရိုက်လိုက်ပါသက်ဆိုင်ရာIMEIတွေမပေါ်ပဲIMEIမှာ invalidဖြစ်နေပြီဆိုရင်တော့သေချာပါပြီ
IMEIပျောက်သွားပါပြီ..

2.ဖုန်းမှာ*#*#3646633#*#*လို့ရိုက်လိုက်ပါ...
Telepholy.connectivityစသဖြင့်ပေါ်လာပါလိမ့်မယ်သိပ်မစဉ်းစားပါနဲ..
 ( ဒီနေရာမှာတစ်ခုပြောဖို့ကျန်ခဲ့ပါတယ်IMEIပျောက်သွားပေမယ့်ဖုန်းရဲ့batteryကိုချွတ်ပြီးကြည့်ရင်ပဲဖြစစ်ဖြစ်....
ဖုန်းဝယ်တဲ့အခါပါလာတဲ့ဖုန်းရဲ့ဘူးခွံမှာပဲဖြစ်ဖြစ်IMEIနံပါတ်ကရှိပါတယ်...ဘော့ပင်နဲ့စာရွက်အလွတ်ကလေးတစ်ရွက်ယူပြီးကူးယူလိုက်ပါ)
စောစောကကျွန်တော်ပြောသလို.telephony.connectivityပေါ်လာရင်connectivityခေါင်းစဉ်ရဲ့အောက်မှာCDS informationဆိုတာရှိပါတယ်..
အထဲဆက်ဝင်လိုက်ပါ...ပြီးရင်radio informationထဲဆက်ဝင်လိုက်ပါ.

3.pbone.1;phone.2ဆိုပြီးပေါ်လာပါလိမ့်မယ်.. သိပ်မစဉ်းစားပါနဲ့phone.1ထဲဝင်လိုက်ပါ..
.အပေါ်ဆုံးမှာAT+ဆိုပြီးပေါ်လာပါလိမ့်မယ်.. တစ်ချက်နှိပ်လိုက်ပါ.. ပြီးရင်..EGMR1.7"စောနကူးယူထားတဲ့IMEIနံပါတ်"ရိုက်ထည့်လိုက်ပါ SEND ATကိုနှိပ်ကြည့်ပါ Failဆိုပြီးပြပါလိမ့်မယ်...

4.နောက်ဆုံးအဆင့်ဘယ်မှပြန်မထွက်ပဲpower keyကိုကြာကြာနှိပ်ပြီး ဖုန်းကိုrebootဆင်းလိုက်ပါ...ပြန်တက်လာတဲ့အခါphone iconလေးကိုနှိပ်ပြီး.. IMEIနှိပ်ပြီးပြန်ဖော်ကြည့်ပါအဆင်ပြေနေတာကိုတွေ့ပါလိမ့်မယ်
................ အဆင်ပြေကြပါစေ..............
Post တင်သူ- Unknown ဒီအချိန်မှာ 1:09 AM




http://www.myanmarmobileapp.com/wp-content/uploads/2013/06/log.jpg

        ကျွန်တော်လဲ ဖုန်းနဲ. facebook သုံးပါတယ် ဖုန်းနဲ.သုံးရင်း နဲ. သူများတွေတင်ထားတဲ့ ပိုစ့်တစ်ခုကို Like လုပ်လိုက်ရင် စပီးပြသနာတက်ပါတယ်။ဘာပြသနာလဲဆိုရင်
Auto သူ.ဟာသူ logout သွားတဲ့ ပြသနာပါ။ အဲ့တာနဲ.နောက်ပိုင်း ဖုန်းနဲ.သုံးရင်း လိုက်ခ် လုပ်ရမှာကို ကြောက်လာပါတယ် :P။ 


      ကြာလာတော့ အတော်ဆိုးလာပါတယ် ဘယ်လိုဆိုးလာလဲဆိုရင်ဖုန်းထဲကဖေ့ဘွတ် application ကနေ ဖေ့ဘွတ်အကောင့်ကို ဖွင့်လို.မရအောင် ကို ဆိုးလာပါတယ် ဆာဗာerror တက်တယ် ဘာညာပေါ့ဗှာ စာတန်းအရှည် ကြီးနဲ.ကို ပြပါတယ်(အလကားနေရင်းနော် :P)။
အရင်ကတော့ အဲ့လိုဖြစ်လာရင် ဖုန်းကို factory reset ချလိုက်ပါတယ်
ခုတော့ အဲ့လိုမလုပ်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ်မဲ့ နည်းလမ်းတစ်ခုကို ကိုယ်တိုင် ကလိရင်း နဲ. တွေ.လာမိတယ်လေ :D

         ဒီနည်းက ၁၀၀ % အဆင်ပြေမဲ့ နည်းလမ်းပါ ။
like command share ရဲရဲဝံ၀ံ ဖုန်းထဲကနေ ဖေ့ဘွတ်သုံးရင်းလုပ်လို.ရမယ် like လုပ်လို. Auto logout တာ မရှိ တော့ဘူး ဒါ့အပြင် ဖေ့ဘွတ်သုံးရတာ ပိုပီးမြန်ဆန်သွက်လက်လာမယ်
စမ်းကြည့်လိုက်ရအောင်နော်

setting ထဲ သွားပါ ဖေ့ဘွတ် application ကိုတွေ.အောင်ရှာပါ တွေ.ရင် တစ်ချက်နှိပ်ပါ။ အဲ့ဒီမှာ Uninstall ဆိုတာ တွေ ဘာတွေတွေ.ပါလိမ့်မယ်မနှီပ်ပါဘူး အဲ့တာက။ို အောက်နည်းနည်းလောက် ဆင်းကြည့်ပါ။
Clear Data ဆိုတာကို တွေ.ပါလိမ့်မယ် တွေ.ရ့င် တစ်ချက်နှိပ်လိုက်ပါ။ ပီးရင်တော့ အရင်ဝင်နေကြအတိုင်း ဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။ အကောင့်တွေ ပက်ဝက်တွေ ပြန်ရိုက်ထည့်ပီး သုံးကြည့်ပါ။ ရဲရဲဝံ၀ံ. နဲ. like လုပ်ကြည်ပါ ပိုစ့်တွေကို
logout လုံးဝမဖြစ်တော့တာကို တွေ.ရပါလိမ့်မယ် ။ ပီးတော့ ဖေ့ဘွတ်သု့းံရတာ ပိုပီးမြန်ဆန်လာပါလိမ့်မယ် ။ဒါ့အပြင် ဖုန်းထဲက နေ ဖေ့ဘွတ်ဝင်လို.မရတဲ့ ပြသနာလဲ ရှင်းသွားပါလိမ့်မယ်။ တစ်ချက်တည်းနဲ. အကုန်ရတယ်နော် တွေ.လား ခိခိ (ရဲရဲဝံ၀ံကြီး လက်မထောင်လိုက်ပါ)

စိတ်ကြိုက်လိုက်ခ် လုပ်ပါ လုံးဝ အောက်စရာအကြောင်းမရှိတော့ပါဘူး ဒါပေမဲ့ တစ်ရက် နှစ်ခါလောက် လုပ်ပေးဖို.တော့ လိုမယ်နော် :)

11 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 8:32 AM

ဒီ apk ကတော့ မိမိ လိုချင်တဲ့ Application တွေကို Online မှာ ဒေါင်းလုပ် ဆွဲတဲ့ အခါ တချို့ ဆိုဒ်တွေက  App သီးသန့် တင်ထား တာတွေ လည်းရှိ သလို Rar & Zip စတာတွေနဲ့ လည်း ချုံ့ပြီး တင်ထား တာတွေ ရှိကြပါတယ်။ဒီလို Rar ဖိုင်တွေနဲ့ ချုံတဲ့ apkတွေကို  ဖုန်းထဲ မှာတင် တိုက်ရိုက် ဖြည်ချနိုင်တဲ့  RAR for Android v5.30 Build 37 Apk ကို တင်ပေးလိုက်ပါတယ်.. ဒါ့အပြင် မိမိဖုန်း ထဲမှာ ရှိတဲ့ File တွေ ကိုလည်း Archive လုပ်ပေးနိုင် ပါသေးတယ်။ Archive လုပ်ရာ မှာလည်း Password ပါ ထည့်ထားနိုင် ပါသေးတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ 
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdrpewL1rZaosZL2IuV4E84QOpI9GbZcV-GOf_xcEb7UuA1tiWUiw9TXv66v3YKEgek3w9TYLjwsljLaRYtjNBdxus-0RCJNV3SEABhC9MD8gwL9GG_w6a6Pbq5FA-U0D-Ehwamw8yWefM/s1600/Rar+%25281%2529.jpg
Post တင်သူ- Unknown ဒီအချိန်မှာ 8:26 AM
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yRf_dBaZi__SJLg6SQ-kzkxQQ2XXTlmVGwX4p9JkTahyNzqZBU7660v9ie_-Fxn2ggMXDJWUGzDw5XvAbmqQoPmYo_3YFUNkEZUANBtqTOr2b46_ugpEfe1Iy5ONM5FJPKNwvu7uURI/s640/apk+editor.jpg
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Android Apk တွေကို မြန်မာမှုပြုပေးနိုင်ပြီး ၊ မိမိလိုချင်တဲ့ ပုံစံမျိုးလေးတွေပြုပြင်ပြောင်းလဲပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ မိမိပြင်ချင် တဲ့ Application အကြောင်းကိုတော့ ကောင်းကောင်းလေးနားလည်ထားဖို့လိုပါတယ်ဗျာ။ Application ရဲ့ Icon တွေ ၊ စာသားတွေ ၊ Background တွေ Permission တွေအစရှိတာတွေအားလုံးကို မိမိပြုပြင်ချင် သလိုမျိုးလေး ပြင်ဆင်နိုင် မှာဖြစ်ပါတယ်ဗျာ။ မိမိကျွမ်းကျင်ရင်ကျွမ်းကျင်သလိုမျိုး အသုံးပြုနိုင်မယ့် Application  ကောင်းတစ်ခုလည်း ဖြစ်ပါတယ်ဗျာ။
Download Link-  PNK
APK Editor Pro is a powerful tool that can edit/hack apk files to do lots of things for fun.
It can help us to do things like string localization, background image replacement, layout re-architecting, and even ad eliminating, permission removing, etc. What it can do depends on how you use it. However, to use it well, we need a little bit professional skills. Don’t be afraid, some examples are given in the help page.
This is the pro version, compared to free version, here is some differences:
(1) No function limitation
(2) No ad
WHAT’S NEW
V1.3.19:
– fixed a namespace parse error for xml


APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot