20 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 12:44 AM
ဒီတစ်ခါတော့ Hardware သမားတွ အတွက် ဖုန်းအကြောင်း သိသင့်သိထိုက် တာလေးတွေပါ။..။
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက် ပေးသွားမယ်။
Post ကရှည်လို့ မဖတ်နိုင်ရင်တောင် Download ဆွဲပြီး ဖတ်လို့ ရအောင် PDF file နဲ့ပါ တင်ပေးလိုက် ပါတယ် ခင်ဗျာ..။
အောက်က လင့်ခ်မှာ ဒေါင်းနိုင်ပါပြီ..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။
ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊
Antenna Switch:
-----------------------
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့ 
Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး 
CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊
P.F.O
------------
PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊
RF IC / Hagar / Network IC
------------------------------------
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင် 
ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊
Phone 26 MHz Crystal Oscillator
-----------------------------------------
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊
VCO
--------------
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network 
ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊
RX Filter
--------------
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊
TX Filter
------------
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊
ROM
------------
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကို ၀န်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊
RAM
------------
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့ ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊
Flash IC
------------------
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို 
သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊
Power IC
-------------
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က 
battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း 
သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊
Charging IC
--------------------
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍ 
Charging IC သာ short then the set will get dead.
RTC
------------
RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝသုံးမရတဲ့အထိလဲ ဖြစ်သွားနိုင်ပါတယ်၊
CPU
-----------
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင် 
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊
Logic IC / UI IC
--------------------
Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊ 
အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊
Audio IC
--------------
Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ 
မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊
Credit;BrighterMyanmar
-------------------------------------- 
Post တင်သူ- Unknown ဒီအချိန်မှာ 12:43 AM
[HOWTO] Fix Camera Failed Error-screenshot_2015-05-23-10-07-11.png
 
Samsung ဖုန်းတွေမှာ မကြာခဏ ဖြစ်တတ်တဲ့  Camera Failed  Error ပြပြီး Camera ရိုက်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲ့လိုဖြစ်လာရင် အောက်ပါအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်....
 
ဖုန်း Menu ပေါ်က My File ဆိုတဲ့  Folder ကနေ Phone Storge မှ Android \ data \com.sec.android.gallery3d \ cache ထိ တစ်ဆင့်ချင်း ရောက်အောင်သွားပါ Cache ဖိုလ်ဒါ ထဲမှာ ရှိတဲ့ ဖိုင်လ်တွေကို Salect all လုပ်ပြီး Delete လုပ်ပစ်ပါ..
 
Android ဆိုတဲ့ Folder ကို နှိပ်ပါ..
data ကို နှိပ်ပါ..
com.sec.android.gallery3d ဖိုလ်ဒါ ကို ဖွင့်ပါ..
အားလုံး Select all နဲ့ ....
delete လုပ်ပစ်လိုက်ပါ..
ခုလို ဘာမှမရှိတော့ဘူးဆိုရင်..
Home ကို နှိပ်ထွက်လိုက်ပြီး...
 ဖုန်းကို Restart ချပေးလိုက်ပါ...
 
xxxxxxxxxxxx
Post တင်သူ- Unknown ဒီအချိန်မှာ 12:06 AM

26 Jan 13, 02:14 PM
kolinlin: ကျေးဇူးပဲအကို Statrtup Repair ဘယ်လိုလုပ်ရမလဲအကို နကန်းတစ်လုံးမှမသိတာပါ
26 Jan 13, 05:52 PM
kolinlin: အကိုလွင်ရေ StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

ဒီအောက်က ပုံလိုမျိုး Windows Boot Manager စာသားနဲ့ Error ပေါ်ခဲ့ရင်တော့  Startup Repair အပြင် System Restore Point ကို အသုံးပြုမှ အဆင်ပြေနိုင်ပါတယ်..။ ဒါကြောင့် ဒီ ၂မျိုးလုံး အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
(Windows Boot Manager မှာလည်း Error နံပါတ်တွေ မတူတတ်ပါဘူး..။ Error နံပါတ်မတူသလို ဖြေရှင်းနည်းတွေလည်း မတူပါဘူး..။ ဒါကြောင့်ဒီလို A, B, နဲ့ပြပေးလိုက်တာပါ..။ C, ကတော့ F8 ကီးနဲ့ Repair နေရာကို ဝင်ခိုင်းတာပါ..။)


မိမိတို့ရဲ့စက်မှာ တခုခုအပြောင်းအလဲ လုပ်တော့မယ်ဆိုရင်.. ဒါမှမဟုတ် ဆော့ဝဲလ်တွေ Install မထည့်ခင်၊ Registry Repair မလုပ်ခင် Restore Point တခုကို အရင်ဖန်တီးထားသင့်ပါတယ်..။ အဲ့လိုမျိုး Restore Point ဖန်တီးနည်းကို ဒီအောက်က ပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ပါ..။ 
ပုံမှာ ပြထားတဲ့အတိုင်း အရင်ဆုံး Start ကနေသွားပြီး Computer >> Right Click >> Properties ကို ကလစ်လိုက်ပါ..။


ပေါ်လာတဲ့ ဘောက်စ်မှာ အောက်ကပုံအတိုင်း System Protection ကနေသွားပြီး Create ကို ကလစ်ပါ..။


နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာတော့ အောက်ကပုံအတိုင်း မိမိတို့ မှတ်မိလွယ်တဲ့ နာမည်၊ ဂဏန်း တခုခု ရေးထည့်လိုက်ပါ..။ ဒီမှာတော့ ကျနော်က ဒီိနေ့ Date ကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကိုနှိပ်ပါ..။




အပေါ်ပုံအတိုင်း Successfully စာသားပေါ်လာရင် Close ပေးလိုက်လို့ ရပါပြီ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ပါ..။ အပေါ်ပုံမှာ ပြထားတဲ့ မျှားကတော့ မိမိတို့ ဖန်တီးလိုက်တဲ့ Restore Point ကို တကယ်ရှိမရှိ အဲ့ဒီ System Restore ကနေ ပြန်ဝင်ကြည့်လို့ ရပါတယ်..။ တကယ်လို့ ဝင်းဒိုး ဖွင့်လို့ ရပြီး စက်က ကြောင်ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုရင် ဒီ System Restore နေရာကနေ မိမိတို့ ဖန်တီးခဲ့တဲ့ Point သို့မဟုတ် တခြား Point တခုခုကို ရွေးပြီး စက်ကို နောက်ပြန်ဆုတ်ပေးလိုက်ရင် အရင်တုန်းက အတိုင်း ဝင်းဒိုး ပြန်ကောင်းသွားပါလိမ့်မယ်..။ 
    


အပေါ်ကပုံကတော့ Start >> Search နေရာမှာ Restore လို့ရိုက်ထည့်လိုက်ရင် အပေါ်ဆုံးမှာ ဝိုင်းပြထားတဲ့ System Restore ပေါ်လာပါလိမ့်မယ်..။ ကလစ်လိုက်ရင် အောက်ကပုံတွေအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ ဒီအောက်ကပုံကတော့ Restore Point ဖန်တီးထားတဲ့ နေရာကနေ ဝင်ပြီး လုပ်ပြထားတာပါ..။ ဘယ်နေရာကနေဝင်ဝင် အတူတူပဲ.. ဒီအောက်ကပုံ Next နှိပ်ရမယ့် နေရာကို ရောက်လာပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ပိုစ့်မှာတုန်းကတော့ F8 နဲ့ Repair Your Computer  နေရာကနေ ဝင်ပြီး System Restore အသုံးပြုနည်းကို လုပ်ပြပေးခဲ့တာပါ..။ ဝင်းဒိုး မတက်တော့တဲ့ စက်တွေမှာတော့ အဲ့ဒီနည်းနဲ့ လုပ်ယူရမှာပါ..။


နောက်တဆင့် ပေါ်လာရင် အမှန်ခြစ်ပေး မိမိတို့ နောက်ပြန်ဆုတ်လိုတဲ့ point တခုကို ကလစ်ပြီး Next ကိုနှိပ်သွားပါ..။ ဒီမှာတော့ ကျနော်ဖန်တီးထားတဲ့ Restore Point ကိုပဲ ကလစ်ပြီး ပြပေးထားပါတယ်..။



အပေါ်ပုံတိုင်း ဆက်ပေါ်လာရင်တော့ Finish ပေးပြီး Yes ထပ်ပေးလိုက်ရင် System Restore အလုပ်လုပ်ပါပြီ..။ မိနစ်အနည်းငယ် အလုပ်လုပ်ပြီးရင် စက် Restart ကျပြီး ပြန်တက်လာရင် System Restore အလုပ်လုပ်လို့ ပြီးသွားပါပြီ..။ တကယ်လို့ မအောင်မြင်ရင် နောက်တခါ Restore Point ထဲပြန်ဝင်ပြီး တခြား Point တခုကို ထပ်ရွေးပြီး ထပ်လုပ်ပေးပါ..။ Point တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ 
ဒီအောက်ကပုံတွေကတော့ Startup Repair လုပ်ဖို့ အရင်ဆုံး ဝင်ရမယ့် နေရာကို ပြပေးထားတာပါ..။ တချို့စက်တွေမှာ F8 နဲ့ Advanced Boot Options ထဲဖြစ်တဲ့ Repair Your Computer နေရာကို ဝင်လို့ရပေမယ့် တချို့စက်တွေမှာတော့ ဝင်းဒိုး Error ကြောင့်၊ ဗိုင်းရပ်စ်ကြောင့် F8 ကီးနဲ့ အလုပ်မလုပ်နိုင်ပါဘူး..။ အဲ့လိုဆိုရင်တော့ စက်ကောင်းတုန်းက ဖန်တီးထားတဲ့ System Repair Disc နဲ့ (မရှိရင်) ဝင်းဒိုးတင်လို့ ရတဲ့ DVD သို့မဟုတ် USB လိုအပ်ပါတယ်..။ အဲ့ဒါတွေကို အသုံးပြုပြီး  မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ.. အောက်က ပုံတွေအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။



F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ System Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del, Esc စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။ ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာ System Restore ကိုဒီအောက်က မျှားပြထားတဲ့ ပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။


Startup Repair ကို ကလစ်ပြီး လုပ်ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။





Startup Repair ရတဲ့စက်တွေမှာတော့ အပေါ်ကပုံအတိုင်း ပေါ်လာပြီး Restart ချခိုင်းရင် Finish ပေးလိုက်ပါ..။ လုပ်လို့မရရင်တော့ အောက်ကပုံတွေအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒါဆိုရင်တော့ System Restore ကို အသုံးပြုပေးလိုက်ပါ..။ 
Startup Repair is checking your system for problem... ဆိုပြီးပေါ်လာရင်တော့ System Restore အသုံးပြုမှာလာ မေးလာရင်တော့ မိမိတို့ ကြိုက်ရာရွေးပြီးသာ လုပ်ပေးလိုက်ပါ..။ ဒီနေ့ကျနော်ရေးတဲ့ပိုစ့်က ဒီမှာတင် ပြီးဆုံးသွားပါပြီ..။ 



Finish ပေးပြီး ထွက်လိုက်လို့ ရပါပြီ..။ လိုအပ်ရင် အောက်က Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်၍ အဆင်ပြေကြပါစေ..။
Startup Repair Video

17 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 11:25 PM
WTF tips
အကြောင်း အမျိုးမျိုးကြောင့် ပုံထဲမှာပါတဲ့ font ကို လိုအပ်လာတာမျိုးရှိဖူးလား?
ဥပမာ လမ်းသွားရင်း ကြော်ငြာတစ်ခုတွေ့တယ်၊ အဲဒီထဲမှာ သုံးထားတဲ့ font လေးလှလို့ အင်တာနက်ပေါ်က ဒေါင်းလုဒ်လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ?
အရေးအကြီးဆုံးကို ပြောပြမယ်၊ အဲဒါကတော့ လက်စွဲတော်ဖုန်းလေးထုတ်ပြီး အဲဒီကြော်ငြာကို ဓာတ်ပုံရိုက်လာခဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖောင့်ကို အင်တာနက်မှာ ပြန်ရှာမလို့။
ကြော်ငြာမှာ ဖောင့်နာမည်မှမပါတာ ဘယ်လိုရှာမလဲ? နည်းနည်းလွတ်သွားပြီထင်တယ်လို့ လျှောက်တွေးမနေနဲ့ဦး။ အဲဒီရိုက်လာတဲ့ပုံကို အင်တာနက်မှာတင်ပြီး ပြန်ရှာလို့မလို့။ စိတ်ဝင်စားသွားပြီဆိုရင် ဆက်ပြောပြမယ်။
နည်းပညာတွေ တိုးတက်လာတဲ့နောက် မဖြစ်နိုင်တာဆိုတာ သိပ်မရှိသလောက်ပဲ။ Google Images နဲ့ Tineye တိုမှာဆိုရင် ကိုယ်က ပုံတစ်ပုံကို တင်လိုက်ရင် အဲဒီပုံနဲ့ တူတဲ့ ပုံတွေကို အရွယ်အစားအမျိုးမျိုး၊ resolution အမျိုးမျိုးနဲ့ ပြန်ရှာပေးတယ်။ ဒီလိုပဲ font အတွက်လည်း font ပါတဲ့ပုံလေးတင်ပြီးတော့ font ဖိုင်ကို ဒေါင်းလုဒ်လုပ်လို့ရတယ်။ အဲဒီလိုမျိုး website လေး နည်းနည်းကို ပြောပြပေးလိုက်တယ်။
အကောင်းဆုံးကတော့ What the font ဆိုတဲ့ site ပါပဲ။ သူ့လိပ်စာက အစကတော့ www.whatthefont.com ပါ။ နောက်ပိုင်းမှာတော့ http://www.myfonts.com/WhatTheFont/ ကိုပြောင်းသွားပါတယ်။
ကြိုက်တဲ့ လိပ်စာတစ်ခုခုကို သွားလိုက်ပါ
ပြီးရင် အခုန ကြော်ငြာကို font လေးပဲ ကျန်အောင် ဖြတ်ထုတ်လိုက်ပါ
ပြီးရင် အဲဒီပုံလေးကို တင်လိုက်ပါ
Continue ကိုနှိပ်လိုက်ပါ
ဒါဆိုရင် တင်လိုက်တဲ့ပုံနဲ့ တူတဲ့ font တွေကို ရှာပေးပါလိမ့်မယ်။ တစ်ခါတည်း download လည်းလုပ်နိုင်ပါတယ်။ Free ရတဲ့ font တွေဖြစ်နိုင်သလို ပိုက်ဆံပေးဝယ်ရတဲ့ font တွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုး ပုံကနေ font တွေပြန်ရှာပေးတဲ့ တစ်ခြားဆိုက်တွေလည်း ရှိပါသေးတယ်။ Google မှာ reverse font search လို့ရှာလိုက်ရင် တွေ့နိုင်ပါတယ်။
Post တင်သူ- Unknown ဒီအချိန်မှာ 10:53 PM

Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

မင်္ဂလာပါ၊
Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။
အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ သုံးပုံလောက်တောင် ပြီးနေမှာပါ။
အရင်တုန်းက တစ်ပတ်ကို သင်ခန်းစာ တစ်ခုပဲ တင်ပေးပေမယ့် ဒီနေ့တော့ video သင်ခန်းစာ နှစ်ခု တင်ပေးလိုက်ပါတယ်။ အားလုံးပဲ လိုက်လုပ်ကြည့်ပါဦး၊ video သင်ခန်းစာတွေ ပြီးရင်လည်း ကျွန်တော် ရေးထားတဲ့ website files တွေ အားလုံးကို တင်ပေးပါ့မယ်။ ဒီတစ်ပတ်အတွက် video သင်ခန်းစာတွေကတော့ …
သင်ခန်းစာ အပိုင်း (၄)
သင်ခန်းစာ အပိုင်း (၅)
ကျေးဇူးတင်ပါတယ်။

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆+၇)

Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။
Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။
Video တွေကတော့ အောက်မှာပါ –
http://www.myanmarwebdesigner.com/blog/ မှ ကူယူဖြန့်ဝေပါသည်။
Post တင်သူ- Unknown ဒီအချိန်မှာ 10:50 PM

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)

မင်္ဂလာပါ၊
အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer (web-designer.sg) website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

html5-css3-making-website
သင်ခန်းစာ Video ကြည့်မယ်ဆိုရင်တော့ အောက်မှာပါ။



Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

အရင် တစ်ခေါက်က HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design (web-designer.sg) ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။
အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ 😀
အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ မများအောင်၊ စကားကို မြန်မြန်ပြောရပါတယ်။ အဲဒါကြောင့် စကားက ပြောချင်သလို မပြောချင်သလို ဖြစ်နေနိုင်ပါတယ်။ နားမလည်လိုက်ရင် ပြန်ရစ်ပြီး နားထောင်ပေးပါ။
အသံသိပ်မရှင်းလိုက်တာမျိုးဆိုရင် ပြန်ပြန်ရစ်ပြီး နားထောင်ပါ၊ နားလည်သွားပါလိမ့်မယ်။ code တွေကို သေချာမမြင်ရတာမျိုးဆိုရင်တော့ video ကို full screen ချဲ့ပြီးကြည့်ပါ၊ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က download လုပ်ပြီးသွားရင်လည်း download လုပ်ရတာ အခက်အခဲရှိတဲ့သူတွေကို မျှဝေပေးပေါ့ဗျာ။ သူများကို ပေးကမ်းတဲ့အလုပ်က မြင့်မြတ်သူတွေမှ လုပ်နိုင်တာတဲ့ဗျ။

HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃)

Singapore Web Design (web-designer.sg) website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။
အဲဒါကို အခက်အခဲရှိနေဦးမယ်ဆိုရင်လည်း သိပါရစေ၊ comment ချန်ခဲ့ပါ၊ တစ်ခြားနေရာမှာ တင်ပေးလိုက်ပါမယ်။ အရင်က သင်ခန်းစာတွေ ပြန်ကြည့်ချင်တယ်ဆိုရင်တော့
အပိုင်း (၃) video ကတော့ အောက်မှာပါ
          http://www.myanmarwebdesigner.com/blog/ မှ ကူယူဖြန့်ဝေပါသည်။