Showing posts with label Android APK များ. Show all posts
Showing posts with label Android APK များ. Show all posts

11 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 8:32 AM

ဒီ apk ကတော့ မိမိ လိုချင်တဲ့ Application တွေကို Online မှာ ဒေါင်းလုပ် ဆွဲတဲ့ အခါ တချို့ ဆိုဒ်တွေက  App သီးသန့် တင်ထား တာတွေ လည်းရှိ သလို Rar & Zip စတာတွေနဲ့ လည်း ချုံ့ပြီး တင်ထား တာတွေ ရှိကြပါတယ်။ဒီလို Rar ဖိုင်တွေနဲ့ ချုံတဲ့ apkတွေကို  ဖုန်းထဲ မှာတင် တိုက်ရိုက် ဖြည်ချနိုင်တဲ့  RAR for Android v5.30 Build 37 Apk ကို တင်ပေးလိုက်ပါတယ်.. ဒါ့အပြင် မိမိဖုန်း ထဲမှာ ရှိတဲ့ File တွေ ကိုလည်း Archive လုပ်ပေးနိုင် ပါသေးတယ်။ Archive လုပ်ရာ မှာလည်း Password ပါ ထည့်ထားနိုင် ပါသေးတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ 
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdrpewL1rZaosZL2IuV4E84QOpI9GbZcV-GOf_xcEb7UuA1tiWUiw9TXv66v3YKEgek3w9TYLjwsljLaRYtjNBdxus-0RCJNV3SEABhC9MD8gwL9GG_w6a6Pbq5FA-U0D-Ehwamw8yWefM/s1600/Rar+%25281%2529.jpg
Post တင်သူ- Unknown ဒီအချိန်မှာ 8:26 AM
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yRf_dBaZi__SJLg6SQ-kzkxQQ2XXTlmVGwX4p9JkTahyNzqZBU7660v9ie_-Fxn2ggMXDJWUGzDw5XvAbmqQoPmYo_3YFUNkEZUANBtqTOr2b46_ugpEfe1Iy5ONM5FJPKNwvu7uURI/s640/apk+editor.jpg
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Android Apk တွေကို မြန်မာမှုပြုပေးနိုင်ပြီး ၊ မိမိလိုချင်တဲ့ ပုံစံမျိုးလေးတွေပြုပြင်ပြောင်းလဲပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ မိမိပြင်ချင် တဲ့ Application အကြောင်းကိုတော့ ကောင်းကောင်းလေးနားလည်ထားဖို့လိုပါတယ်ဗျာ။ Application ရဲ့ Icon တွေ ၊ စာသားတွေ ၊ Background တွေ Permission တွေအစရှိတာတွေအားလုံးကို မိမိပြုပြင်ချင် သလိုမျိုးလေး ပြင်ဆင်နိုင် မှာဖြစ်ပါတယ်ဗျာ။ မိမိကျွမ်းကျင်ရင်ကျွမ်းကျင်သလိုမျိုး အသုံးပြုနိုင်မယ့် Application  ကောင်းတစ်ခုလည်း ဖြစ်ပါတယ်ဗျာ။
Download Link-  PNK
APK Editor Pro is a powerful tool that can edit/hack apk files to do lots of things for fun.
It can help us to do things like string localization, background image replacement, layout re-architecting, and even ad eliminating, permission removing, etc. What it can do depends on how you use it. However, to use it well, we need a little bit professional skills. Don’t be afraid, some examples are given in the help page.
This is the pro version, compared to free version, here is some differences:
(1) No function limitation
(2) No ad
WHAT’S NEW
V1.3.19:
– fixed a namespace parse error for xml


APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot     APK Editor - screenshot

APK Editor - screenshot

21 September 2015

Post တင်သူ- Unknown ဒီအချိန်မှာ 9:23 PM
         Android ဖုန်းအတွက်အသုံးဝင်မဲ့ဆော့ဝဲလေးတွေပြန်လည်စုစည်း တင်ပေးလိုက်ပါ တယ် ကျနော်တို့မြန်မာပြည် ဖုန်းတွေခေတ်စားလာတော့ ဟိုဆော့ဝဲလို  ဒီဂိမ်းလိုနဲ့ပေါ့ ဆိုင်သွားပြီး  ဒေါင်းနေရင်ငွေလည်းကုန်အချိန်လည်းကုန်ပေါ့ အခုကျနော်ပေးထားတဲ့ဆော့ဝဲလေးတွေကို မိမိရဲ့ Android ဖုန်းမှာထည့်သွင်းပြီး မိမိလိုရာဆော့ဝဲ ဂိမ်း ဗွီဒီယို သီချင်း ဓာတ်ပုံ ဖုန်းအလှ စင်ဆော့ဝဲများကို အချိန်တိုတိုနဲ့ ဒေါင်းလော့ယူနိုင်ပါတယ် ဒီကောင်လေးတွေဆိုဒ်လည်းသိပ်မကြီးပါဘူး
       ဒီကောင်လေးတွေ ထည့်ထားပြီးဒေါင်းရင် googleplay တောင်မလိုဘူး ဒီလိုmarket လေးတွေ  Free ဆော့ဝဲတွေကြီးပါ ဒီလိုmarket လေးတွေထည့်ထားရင် ဆိုဒ်သွားအချိန်ကုန်ခံပြီး ရှာနေစရာမလိုပါဘူး အချိန်တိုတိုနဲ့ မိမိလိုရာလေးတွေကို ဒေါင်းလိုက် ဖျက်လိုက် စိတ်ကြိုက်လုပ်နိုင်ပါ လိုအပ်တယ် ဆိုရင်တော့  အောက်မှာအကုန်ပါဆွဲလိုက်ကြနော်

ဒီကောင်ကတော့1Mobile market ပါ ဖုန်းအတွက်ပါ
ဗားရှင်း၂မျိုးပါ ရှိတာတော့၃မျိုးရှိတယ်၁ခုကဘာမှလုပ်မရလို့
ဒီကောင်လေး၂ခုကကောင်းပါတယ် ကိုယ်ကနေဆော့ဝဲတွေဒေါင်းပြီးအင်စတော့လုပ်ထားပြီး
မကြိုက်ရင်မားကတ်ထဲမှာပဲပြန်ဖျက်လို့ရပါတယ် ဒေါင်းပြီးသားဆော့ဝဲများလည်းစက်ထဲမှာကြံခဲ့ပါတယ်
ဆော့ဝဲအသစ်တင်လိုက်တိုင်း ကိုယ့်ဖုန်းထဲမှာရှိတဲ့ဆော့ဝဲတွေကို
Update လုပ်ဖို့အမြဲပြနေပါတယ်
လိုအပ်ရင်အောက်မှာယူလိုက်ပါ
DOWNLOAD
mobomarket ဒီကောင်လေးကလည်းတစ်မျိုးပေါ့
Update လုပ်ရမည့်ဆော့ဝဲတွေကပြန်ပေးပါ
နဲနဲတော့ဒေါင်းလော့နှေးပါတယ်ကျနော့်ဖုန်းမှာ
လိုပ်ရင်အောက်မှာယူလိုက်ပါ
Aptoide market
ဒီကောင်လးကတော့ကျနော်အကြိုက်ပေါ့..ကျနော့်ဖုန်းမှာအရမ်းမြန်မယ်
အခြားမားကတ်တွေဒေါင်းလော့လုပ်လို့ဒေါင်းမရတာနဲ့ဒီကောင်လေးဆီကို
ချက်ချင်းရောက်လာပါတယ် သူကတော့ဒေါင်းပြီးရင်တော့ ဖုန်းထဲမှာ
ဆော့ဝဲတွေမကြံခဲ့ပါဘူး အင်စတော့လုပ်တာပဲကြံခဲ့ပါတယ်
လိုအပ်ရင်အောက်မှာယူလိုက်ပါ
Mobangomarket
ဒီကောင်းလေးကလည်းတစ်မျိုးလေးကောင်းပါတယ်ဒေါင်းရတာမြန်လည်းမြန်တယ်
ကျနော့်ဖုန်းမှာပေါ့ လိုအပ်ရင်အောက်မှာယူလိုက်ပါ
ဒါကြီးကတော့မြန်မာပေါ့ ကျနော်ဖုန်းမှာတော့ဘာနှေးလည်းမမေးနဲ့
စိတ်မရှည်ဘူး လိုအပ်ရင်တော့အောက်မှာယူလိုက်ပါ
ဒီအပေါ်ကပုံကိုတော့မိမိစက်ထဲမှာInstallလုပ်ပြီး ဒေါင်းလို့ရပါတယ်
အစုံပါပါတယ် ဆော့ဝဲလ်တင်မဟုတ်ပဲ ဂိမ်း ဓာတ်ပုံ ဗွီဒီယို အစအကုန်ပါပါတယ်
အောက်မှာယူလိုက်ပါ
ဒီကောင်ကတော့1mobile market ပါစက်ထဲမှာInstall လုပ်ပြီးဒေါင်းလို့ရပါတယ်
ကျနော်စက်ကအစုတ်မို့ Installလုပ်လို့မရလို့ပုံမပြနိုင်တာပါ
သူငယ်ချင်းတို့စက်တွေမှာရမလားစမ်းကြည့်နော်
အောက်မှာယူလိုက်ပါ
ဒါလေးကတော့နောက်ဆုံးကျနော့်ရဲ့ဘလော့ဆိုဒ်လေးပါ
ဆော့ဝဲလေးလုပ်ထားပါတယ်မတောက်တခေါက်နဲ့မြန်မာလို
နဲနဲဘာသာပြန်ရေးထားပါတယ်တခါထဲပေါင်းပြီးပေးချင်လို့အမြန်လုပ်လိုက်တာ
အစဉ်မှပြေရဲ့တိဘူး
အလိုအပ်ရင်အောက်မှာယူလိုက်ပါ
Download

သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ကြပါစေ

14 September 2015

Post တင်သူ- Unknown ဒီအချိန်မှာ 7:41 AM
Image result for air gesture image

Gesture Navigation.apk က‌တော့လက်‌‌ချောင်း‌လေး‌တွေကိုအသုံးပြုပြီးကိုယ်‌သွားခြင်‌တဲ့
apk‌တွေစီကိုပို‌ပေးတယ်‌သူကိုလည်း Xpoest installerက‌နေအလုပ်‌လုပ်‌ရမှဖြစ်‌ပါတယ်‌
ဒီတဲ့ effect ‌ပါတယ်‌ကိုအပြုချင်‌တဲ့ပုံစံနှင့်‌သုံးလိုရပါတယ်‌

Eg: လက်‌နှစ်‌‌ချောင်းအ‌ပေါ်သို့ဆွဲလိုက်‌ရင်‌ screen offလုပ်‌ထားရင်‌ screen က offသွားမယ်‌
‌အောက်‌ကိုဆွဲလိုက်‌ရင်‌facebookလုပ်‌ထားရင်‌ facebook,ပွင့်‌သွားမယ်‌အထဲ့မှာ‌တော့အများကြီးရှိ‌သေးတယ်‌ကြိုက်‌သလိုအသုံးပြုနိုင်‌တယ်‌
    ဒီ apkကိုအားသုံးအသုံးပြုနိုင်‌‌အောင်‌အကို
Orange Cracker
မှခရက်‌‌ပေးထားပါတယ်‌

13 September 2015

Post တင်သူ- Unknown ဒီအချိန်မှာ 5:05 AM
Android version 4.1.2 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို

MMSD ကနေ Free မျှဝေလိုက်ပါတယ်။

ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။

Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး

ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်းထည့်သွင်းထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။
မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။

Install Now ဆိုတဲ့ Function ကတော့ Android version 4.1 မှာသာ အသုံးပြုနိုင်ပြီး

Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။

10Mb သာသာ ရှိတဲ့ Apk လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။

ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။

ဒီ App ကိုတိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။

Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး =D

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။

ဒီမှာဒေါင်းပါ။

https://play.google.com/store/apps/details?id=com.phyochan.fouronetwogappinstaller

Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ ဒီမှာဒေါင်းပါ =D

 
အားလုံးကိုခင်မင်လျက်..

11 September 2015

Post တင်သူ- Unknown ဒီအချိန်မှာ 2:56 AM



Amazing Flashlight ဓါတ်မီး apk ဓါတ်မီး app တစ်ခုပါ။ UI လှပပြီး function အစုံပါတယ်။ Night Camera flashlight ပါတာကတော့ လန်းတယ်။ Battery အခြေနေကိုလဲ ဖော်ပြပေးတာလဲ ဂွတ်တယ်။ Party Light ကလဲ မီးရောင် တစ်ဖျတ်ဖျတ်နဲ့ မိုက်တယ်။ မီးပွိုင့်မီး၊ ရဲကားမီး၊ လူနာတင်ကားမီး၊ မီးသတ်ကားမီး၊ ကရိန်းကားမီး စတဲ့ အရေးပေါ်အချက်ပြမီးတွေလဲပါတယ်။ Screen Light ကိုလဲ အဖြူ(သို့)ရောင်စုံ အသုံးပြုနိုင်တယ်။ မီးပြတိုက်စတိုင် Screen Light လဲ ပါဝင်သေးတယ်ဗျာ။ Flashlight တိုင်းကို ချိန်ညှိနိုင်တဲ့အတွက် ဓါတ်မီး app ကောင်းကောင်းလေး လိုချင်သူများအတွက် အဆင်ပြေတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်တယ်။


 download - PNK-1 
                  
                   PNK-2
 
Copy the BEST Traders and Make Money (One Click) : http://ow.ly/KNICZ
Post တင်သူ- Unknown ဒီအချိန်မှာ 2:51 AM

တကယ့်ကွန်ပျုတာဒိဇိုင်းပြောင်းသွားတာ Restart တွေ Shutdown တွေနဲ့ 

Start Menu တွေနဲ့ Gadget တွေရော အတော်လေး ပြည့်စုံတဲ့ Launcher

Android သမားတွေ စမ်းထည့်ကြည့် တကယ့်အလန်းဒီဇိုင်းဖြစ်ပါပြီ ။ ကျွန်နော်အရမ်းလေး
စားတဲ့ဆရာတွေ ဆိုဒ်ကနေပြန်လည်မျှဝေပေးလိုက်တာပါ  ဒေါင်းချင်ရင်တော့ အောက်မှာ...

<<<<<Download>>>>>>       Download 2ကိုသွားပြီးဒေါင်းလိုက်ပါ အလန်းစားတွေပဲဗျာ....မူရင်းသွားကြည့်ချင်တယု
ဆိုရင်တော့ ဒီမှာ သွားလိုက်ပါ ...အားလုံးအဆင်ပြေပါစေ....

01 April 2015

Post တင်သူ- Unknown ဒီအချိန်မှာ 1:41 AM

  Blogger Admi ညီအကိုတစ်ယောက်ဖြစ်တဲ့
အေးကျော်(နည်းပညာ) မှ တင်ပေးထားတဲ့ Facebook ဆိုင်ရာ ပိုစ့်လေးပါ
လူကြိုက်တော်တော်များတာတွေ့လို့ အားလုံးလည်း အသုံးပြု ရအေင်လို့
ကျနော်ပြန်လည်တစ်ဆင့်မျှဝေလိုက်ပါတယ်ခင်ဗျား...

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိုင်တဲ့ facebook လေးပါ ခင်ဗျာ
Facebook ပေါ်မှာရှိတဲ့ ဗွီဒီယိုဖိုင်တွေ Mp3 ဖိုင်တွေကို တစ်နေရာထဲမှာ  လွယ်လွယ်ကူကူဒေါင်းယူနိုင်တာတွေ့ရပါတယ်။ အခုတင်ပေးလိုက်တဲ့ facebook ကို တခြား ဝက်ဆိုဒ်တွေမှာတော့ မတွေမိပါဘူးဗျာ
ကျနော် အင်ဒိုနီးရှား ဝက်ဆိုဒ်ကနေ ဒေါင်းလာတာပါ။ Android OS 2.3 နှင့်အထက်ရှိတဲ့ဖုန်းအားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုလိုပါက လက်ရှိ facebook ကို uninstall လုပ်ပြီးမှ အသုံးပြုလိုရမှာဖြစ်ပါတယ်။


Download Link

 Download Link  


အေးကျော်(နည်းပညာ)
koayekyaw.blogspot.com

02 January 2015

Post တင်သူ- Unknown ဒီအချိန်မှာ 1:43 AM


Anti-Malware ဆော့ဝဲတခုဖြစ်တဲ့ Trojan Killer 2.2.5.9 Version အသစ်
လေးကိုတင်ပေးလိုက်ပါတယ်။Trojan,Malware,Spyware နဲ့အခြားViruses
များကို ကာကွယ်ရှင်းလင်းပေးနိုင်ပါတယ်။


   -------------------
    -:[Install Notes]:-
    -------------------
    ==> Install Program
    ==> After Install Don't Launch/Run Application
    ==> Run Crack
    ==> Enjoy ...


                    Password - www.linthit.com

                               Download

12 June 2014

Post တင်သူ- Unknown ဒီအချိန်မှာ 9:27 AM

 screen480x480

iPad ဗားရှင်းအနေနဲ့ Microsoft Office ဟာ ပေးအပ်ဖို့ အချိန်လွန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ Apple ရဲ့ ပထမဦးဆုံးသော တက်ဘလက်ထွက်ရှိပြီး လေးနှစ်အကြာမှာ ရုတ်တရက် အံ့အားသင့်ဖွယ်များစွာနဲ့ အတူ ရရှိနိုင်ခဲ့ပြီး အဲဒါက Windows 8 အတွက် တို့ထိသုံးစွဲနိုင်မယ့် app ကိုရရှိနိုင်ဖို့ ပေးထားတဲ့ကတိအတိုင်းမရရှိနိုင်သေးမီ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ Suite မှာ သီးခြား apps လေးခုပါဝင်ပြီး အဲဒါတွေကတော့ Word, Excel,Power Point နဲ့ OneDrive တို့ပဲဖြစ်ပါတယ်။ Apps ကို free အနေနဲ့ download လုပ်လို့ရနိုင်ပေမယ့် သင့်ရဲ့ဖိုင်များကို တည်းဖြတ်ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် Office 365 subscription ရှိထားရမှာဖြစ်ပါတယ်။ အဲဒိ subscription တစ်ခုမှရှိမထားရင်တော့ သင့်အနေနဲ့ ကြည့်ရုံသာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Office 365 Home Premium ကို subscript လုပ်မယ်ဆိုရင် တစ်နှစ်ကို £60 ကျသင့်မှာဖြစ်ပါတယ်(www.snipca.com/11874 မှ ရယူရမှာပါ)၊ဒါမှမဟုတ် လအလိုက်ဆိုရင်တော့ တစ်လကို £8 ကျသင့်မှာဖြစ်ပါတယ်(www.snipca.com/11875 မှရယူရမှာပါ)။ ထို့နောက်မှာတော့ Office ကို iPads ငါးလုံး အထိနဲ့ ပီစီသို့မဟုတ် Mac ငါးလုံးအထိမှာ install နိုင်မှာဖြစ်ပါတယ်။ ဒါက တကယ်လို့ သင့်အိမ်မှာ များစွာသော devices တွေရှိတယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေမှာဖြစ်ပေမယ့် သင့်မှာ tablet တစ်လုံးသာ ရှိမယ်ဆိုရင်တော့ ပိုနေမှာမှာဖြစ်ပါတယ်။ iPad တစ်လုံးနဲ့ ကွန်ပျူတာတစ်လုံးအတွက် ပိုမိုဈေးသက်သာသော subscription လုပ်နိုင်ဖို့ ဒီနှစ်အကုန်လောက်မှာရရှိနိုင်ပါလိမ့်မယ်လို့ ကတိပြုထားပါတယ်။

OneDrive ———— သင့်ရဲ့ဖိုင်တွေကို Office apps ထဲထည့်သွင်းဖို့ အဲဒါတွေကို သင့်ကွန်ပျူတာမှ USB ကနေသော်လည်းကောင်း၊ Microsoft ရဲ့ One Drive cloud သိုလှောင်မှုစနစ်ထဲသို့ ထည့်သွင်းသိမ်းဆည်းထားပြီးရယူသုံးစွဲ၍ သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ OneDrive account အမျိုးအစားငါးမျိုး ရှိကာ တစ်ခုစီမှာ Home Premium subscription တစ်ခုနဲ့အတူပါဝင်ပါတယ်။ တကယ်လို့သင်က အွန်လိုင်းမှာရှိမနေတဲ့အခါ သင့်ရဲ့ ဖိုင်တွေကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တယ်ဆိုရင် အဆိုပါပြောင်းလဲမှုများအား သိုလှောင်သိမ်းဆည်းထားပြီး နောက်တစ်ခါသင်က
အွန်လိုင်းနဲ့ချိတ်ဆက်လိုက်တဲ့အခါ upload တင်သွားမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ iPad မှာ ပြင်ဆင်တည်းဖြတ်ထားတာတွေကို ကို upload လုပ်နိုင်ဖို့ အခွင့်မရေးမရသေးခင် သင်က သင့်ရဲ့ပီစီမှာ ဖိုင်တစ်ခုကို ပြင်ဆင်ပြီး upload လုပ်တဲ့အခါမှာ ဗားရှင်းနှစ်ခုစလုံးအနေနဲ့ ဖိုင်တွေကိုသီးခြား သိမ်းဆည်းထားမှာဖြစ်ပါတယ်။ Google Drive app နဲ့မတူညီတာကတော့ ဖိုင်တစ်ခုနဲ့ပတ်သက်ပြီး အခြားသူများနဲ့အတူ တစ်ပြိုင်နက်တည်း လုပ်ဆောင်တာ၊ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ပြောင်းလဲလုပ်ဆောင်မှုတွေကိုမြင်ရတာတွေအတွက် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ Office မှာ “save and refresh” feature ပါဝင်ပြီး အဲဒိလုပ်ဆောင်ချက်ဟာ ပူးတွဲလုပ်ဆောင်သူများအနေဖြင့် သူတို့ရဲ့ documents များမှာ ပြုပြင်ပြောင်းလဲမှုများလုပ်တဲ့အခါမှာ update လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာက ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ပေမယ့် Google ရဲ့ နည်းစနစ်တွေလောက်တော့ အဆင်ပြေချောမွေ့မှုမရှိသေးပါဘူး။ Word ဖိုင် format က .docx , Excel က .xlsx နဲ့ PowerPoint ကတော့ .pptx ဖြစ်ပါတယ်။သင့်အနေနဲ့ ယခင်ကရှိခဲ့တဲ့ Office ဖိုင် format အဟောင်းတွေ( ဥပမာ .doc) ကို import လုပ်နိုင်မှာဖြစ်ပေမယ့်လည်း Microsoft ဖိုင် format မဟုတ်တဲ့ .rtf,.txt နဲ့ .csv တို့ လိုမျိုး formats တွေကိုတော့ import လုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။
Word ——-ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်အရ iPad ရဲ့ Word ဗားရှင်းဟာ Word 2013 နဲ့ Word Online(သုံးစွဲသူများကို Web browser ကနေ documents တွေကို တည်းဖြတ်မှုတွေလုပ်ဆောင်နိုင်စေဖို့ တဖြည်းဖြည်း လျှော့ချလာတဲ့ဗားရှင်း)တွေလိုမျိုးဖြစ်ပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ web-based ဗားရှင်းနဲ့ပိုနီးစပ်လာပါတယ်။ Ribbon toolbar ရဲ့ Home tab မှာ hilighter,text-formattin options(စာလုံးအရွယ်အစားနဲ့ bullet points များလိုမျိုး) နဲ့ text-positioning tools( စာညှိတဲ့ indentations လိုမျိုး)၊ အခြားသော tabs များဖြစ်တဲ့ table များ၊ ဓာတ်ပုံများ၊ hyperlinks များနဲ့ များစွာသော shaped text boxes များ ပေါင်းထည့်ဖို့ တွေပါဝင်ပြီး အခြားသော အချက်များအဖြစ် စာရွက်ရဲ့ အနေအထား orientation ၊ စာမျက်နှာ အရွယ်အစား၊ မာဂျင်၊ headers နဲ့ footers စတာတွေကို ထိန်းချုပ်နိုင်ဖို့တွေပါဝင်ပါတယ်။ စာလုံးများကိုစစ်ဆေးပေးတဲ့ Spelling Checker နဲ့ စာလုံးအရေအတွက်ကိုစစ်ပေးတဲ့ Word Count တို့လည်းပါဝင်ပြီး ပြောင်းလဲမှုမျာိးကု ခြေရာခံပေးမှာဖြစ်ကာ commenting tools များအဖြစ်လုပ်ဆောင်ပေးပါတယ်။မျက်နှာပြင်ပေါ်မှာပါရှိတဲ့ကီးဘုတ်က စာရိုက်တည်းဖြတ်မှုတွေလုပ်ဆောင်ဖို့ အလွန်သေးငယ်သောကြောင့် စာရှည်ရှည်ရိုက်ရမယ့် projects တွေအတွက် Bluetooth ကီးဘုတ်နဲ့သုံးစွဲဖို့ မဖြစ်မနေလိုအပ်မှာပါ။ သို့သော်လည်း သိသာထင်ရှားသော အသုံးတည့် features တွေက ပါဝင်လာခြင်းမရှိပါဘူး။ Templates များကို သုံးစွဲနိုင်သော်လည်း document-formatting themes များနဲ့ Word 2013 ရဲ့ citation နဲ့ bibliography features တွေတော့မပါဝင်ပါဘူး။ အရေးအကြီးဆုံး အချက်အဖြစ်ကျန်ရှိခဲ့တာက Print လုပ်နိုင်စွမ်းမရှိဘဲ Excel နဲ့ Power Point တွေမှာလည်းကျန်ရှိခဲ့ကြပါတယ်။ သို့သော်လည်း မိုက်ခရိုဆော့ဖ် ကနောက်ထပ်ထွက်ရှိလာမယ့် ဗားရှင်းတွေမှာပါဝင်လာမယ်လို့ ကတိပြုထားပါတယ်။ ဒီလို ကျန်ရှိခဲ့မှုများရှိနေပေမယ့် Microsoft Word တက်ဘလက်ဗားရှင်းက အသိအမှတ်ပြုလောက်အောင်ခံ့ညားမှုများရှိနေပါသေးတယ်။

Excel ——-Excel ဟာ iOS ဗားရှင်းအနေနဲ့ အကောင်းဆုံးသော ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်မြင့်မားသော Spreadsheet app တစ်ခုဖြစ်ပါတယ်။အသုံးတည့်သော document template များစွာပါဝင်ပြီး အဲဒိထဲမှာ invitation trackers, invoices နဲ့ inventory lists တွေလည်းပါဝင်ပါတယ်။ Ribbon toolbar ပေါ်မှာပါရှိတဲ့ tab က Excel မှာသုံးစွဲနိုင်မယ့် တွက်ချက်မှုဖော်မြူလာများစွာ ပါဝင်မှာဖြစ်ပြီး အဲဒိမှာ အရိုးရှင်းဆုံး ပေါင်းခြင်းကိစ္စများမှသည် ရှုပ်ထွေးလှသော လောဂျစ်နဲ့ ထြီဂိုတွက်ချက်မှုများအထိ ပါဝင်ပါတယ်။ Excel ရဲ့ ကိုယ်ပိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ မျက်နှာပြင်ပေါ်က ကီးဘုတ်က အချက်အလက်များကို မြန်မြန်ဆန်ဆန်နဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ Worksheet တစ်ခုမှာရှိတဲ့ data များကို ကြီးစဉ်ငယ်လိုက် သို့မဟုတ် ငယ်စဉ်ကြီးလိုက်စဉ်နိုင်မှာဖြစ်သလို ရိုးရှင်းသော ဂရပ်များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အဆင့်မြင့် ဂရပ်ဆွဲတဲ့ options များဖြစ်တဲ့ Pivot Tables တွေတော့မပါဝင်ပါဘူး။သီးခြားစီရှိနေတဲ့ Cells အုပ်စုများကို select လုပ်ရတာရိုးရှင်းလွယ်ကူသော်လည်း သီးခြား ရွေးချယ်ထားမှုများမှာ Sorting စီတာနဲ့ပတ်သက်ပြီး ရရှိနိုင်တဲ့ options တွေက အကန့်အသတ်ရှိနေတဲ့အတွက် သင့်အနေနဲ့ ပိုမို လွယ်ကူစွာလုပ်ဆောင်နိုင်စေရန် အဲဒါတွေကို ကော်ပီကူးကာ sheet အသစ်ထဲမှာ ထည့်သွင်းပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သိပ်အံ့သြဖို့မရှိတာက macros တွေကို မ run နိုင် မဖန်တီးနိုင်ပါဘူး။ ဒီလိုအကန့်အသတ်တွေရှိနေသော်လည်း Excel က ကျွန်တော်တို့အသုံးပြုခဲ့ကြတဲ့ iOS spreadsheet app တွေထဲမှာတော့ အကောင်းဆုံးရှိနေပါတယ်။
 
 
 PowerPoint ————– များစွာသောလူတွေက Power Point app ကို edit လုပ်ဖို့ထက်စာရင် Presentation ပြသဖို့ပိုမိုသုံးစွဲကြပါတယ်။ Presentation ပြသဖို့အတွက် သူ့ရဲ့ ပြိုင်ဖက်တွေထက်စာရင် အနည်းငယ်သာ ဖော်ပြဖို့လိုအပ်မှာပါ။ သင့်အနေနဲ့ Presentation တစ်ခုကို တည်းဖြတ်ဖို့လိုအပ်တဲ့အခါသုံးစွဲဖို့ အရေးကြီးသော tools များကို ဒီနေရာမှာထည့်သွင်းထားပါတယ်။ပုံရဲ့ အရွယ်အစားတွေကိုညှိဖို့ နဲ့ စာသားတွေကို format ပြောင်းဖို့ ရိုးရှင်းလွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။များစွာသော templates တွေကိုလည်းရရှိနိုင်ပြီး သင့်ရဲ့ presentation ကို တစ်သမတ်တည်းကြည့်ရှုနိုင်စေမှာဖြစ်ကာ များစွာသော effects တွေဖြစ်တဲ့ wipes , fades နဲ့ အခြားသော transitions တွေကို slide တစ်ခုမှ အခြားတစ်ခုသို့ အကူးအပြောင်းတွေမှာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ တစ်ခုတည်းသောကျန်ရှိခဲ့တဲ့ feature ကတော့ slide တွေမှာ video clips တွေ ထည့်သွင်းနိုင်စေဖို့ဖြစ်ပြီး ပြိုင်ဖက် app ဖြစ်တဲ့ Apple ရဲ့ Keynote app မှာတော့ အဲဒိ လုပ်ဆောင်ချက်ပါဝင်ပါတယ်။
Conclusion ————– iPad အတွက် Office ဟာ တော်တော်ကောင်းမွန်ပြီး interface ကလည်း နားလည်ရလွယ်ကူစေပါတယ်။ Desktop ပီစီ ဗားရှင်းမှာပါဝင်တဲ့ features တွေအားလုံးတော့မပါဝင်ပါဘူး။ သို့သော်လည်း နေ့စဉ်သုံးစွဲဖို့ လိုအပ်တဲ့ tools တွေ အများစုတော့ပါဝင်ပါတယ်။ ဒီ App မှာ ကျွန်တော်တို့ စမ်းပြီးဖွင့်ကြည့်ခဲ့တဲ့ဖိုင်တွေပွင့်ပါတယ်။ ဂရပ်တွေနဲ့ တွက်ချက်မှုဆိုင်ရာ fields တွေအများကြီးပါဝင်တဲ့ Excels ဖိုင်တွေမှသည် format များစွာလုပ်ထားတဲ့ Word documents တွေ အထိ ဖွင့်နိုင်ပြီး ကျွန်တော်တို့ရဲ့ Desktop PC တွေမှာ ဖန်တီးထားတဲ့ third-party fonts တွေလောက်ပဲကျန်ခဲ့မှာဖြစ်ပါတယ်။ Office လိုမျိုး apps တွေက ဒီလို ရှုပ်ထွေးတဲ့ဖိုင်တွေနဲ့ပတ်သက်ပြီး အနည်းငယ်တော့ ဒုက္ခတွေ့ရလေ့ရှိပါတယ်။ Print လုပ်နိုင်စွမ်းမရှိခြင်းက စိတ်ပျက်စရာဖြစ်စေပြီး အထူးသဖြင့် ပြိုင်ဖက် Office-compatible apps တွေက ဒီ လုပ်ဆောင်နိုင်စွမ်းကို ထည့်သွင်းပေးထားကြပါတယ်။ ပိုကြီးတဲ့ပြဿနာကကတော့ဈေးနှုန်းပိုင်းပါ။ သင့်ရဲ့အိမ်မှာ များစွာသော devices တွေမရှိရင် (သို့မဟုတ်)အခြားသော သူများနဲ့တွဲဖက်ပြီး ရှုပ်ထွေးလှသောဖိုင်တွေကို အတူတကွပူးပေါင်းဆောင်ရွက်လေ့မရှိရင် တစ်နှစ်တာ £60 ကများနေသလိုပါပဲ။ Office apps ကတကယ့် ကိုကောင်းမွန်တဲ့ apps ဖြစ်နေသော်လည်း များစွာသော သူတွေက သူ့လောက် powerful မဖြစ်ပေမယ့် ဈေးနှုန်းသက်သာတဲ့ အလားGoogle Drive နဲ့ Apple ရဲ့ iWork apps တွေကို ရယူသုံးစွဲနိုင်ပါတယ်။ Microsoft Office ထဲက app ၂ ခုဖြစ်တဲ့ Excel နဲ့ Word ကိုတော့ ( PNK ) Link ကနေ ရယူသုံးစွဲကြည့်နိုင်ပါတယ်
Post တင်သူ- Unknown ဒီအချိန်မှာ 8:53 AM
    မင်္ဂလာပါခင်ဗျာ............
                                   Post တွေ မတင်ရတာ နည်းနည်းကြာသွားတယ်   ဒါလေးကတော့  Photo Effect လေးပါ၊လန်းသလားတော့ မပြောနဲ့ ဗျို့  ၊၊  သုံးကြည့်လိုက်ပါ အောက်မှာ screen shot နဲ့ နည်းနည်းရိုက်ပြထားပါတယ်။ အောက်မှာ တော့ အဆင်ပြေရအောင်လင့်နှစ်ခုနဲ့ တင်ထားပေးပါတယ်





Download Links - PNK-1
                         PNK-2












10 April 2014

Post တင်သူ- Unknown ဒီအချိန်မှာ 12:30 AM
Android Video Player Version : 3.0 ကိုတင်ပေးလိုက်ပါတယ်။AVI, 3GP, M4V, MOV, MP4, WMV, RMVB, MKV, TS, MPG, FLV, တွေကအစကြည့်လို့ရပါတယ်။ဖိုင်ဆိုဒ် 12Mb ရှိပြီး Android : 2.1 နှင့်
အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။

Android Video Player, the easiest video player in the market.
Android Video Player is currently the easiest-to-use video player on the market. Its intelligent detection adaptive algorithm makes it more convenient for you to enjoy smoother, better quality videos.
It supports all popular video formats, including AVI, 3GP, M4V, MOV, MP4, WMV, RMVB, MKV, TS, MPG, FLV, etc. It uses hardware decoding, which make video play smoother. It can automatically detect videos in the phone memory and SD Card, allowing you to quickly locate and play the video.
Android Video Player is the essential software of android mobile phone. It is definitely your best partner when enjoying the movie!
Features:
1 automatic identifiy all mobile phone video files
2 supports all video and audio playback formats
3 supports multiple subtitle formats, automatic synchronization
4 using hardware decoding, take advantage of hardware acceleration
5 small memory, simple operation, quick start, smooth playback support
Size : 12M
Current Version : 3.0
Requires Android : 2.1 and up

ဒေါင်းမယ် - (PNK-1) (PNK-2)

07 April 2014

Post တင်သူ- Unknown ဒီအချိန်မှာ 10:17 PM
မန်ဘာတို့ အကြိုက်တွေ့စေမယ့် App လေး တစ်ခု ကို ဝေမျှပေးလို့ပါတယ် !
သိပြီးတဲ့လူလည်းရှိသလို မသိတဲ့လူလည်း ရှိမှာပါပဲလေ ! 
အခုကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရှိထားသင့်တဲ့ App လေးပေါ့ !
ဘုရားရှိခိုး မေတ္တာပို့ အမျှဝေ ပရိတ်ကြီး(၁၁)သုတ် ပဌာန်းတရားတော်
အခြားထင်ရှားသည့် ဂါထာမန်တန်တွေ စုစည်းထားသော App လေးပါ !
ဒါလေးကိုတော့ မြန်မာများအတွက်ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည် ကနေ မလာတာပါ
မြန်မာများအတွက်ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည် မှ Admin # KST ကိုလည်း credit ပေးပါတယ်

DOWNLOAD APK 1.4 MB

MILOSHARE | DEV-HOST

04 December 2013

Post တင်သူ- Unknown ဒီအချိန်မှာ 8:49 PM
Android ဖုန်းတွေအတွက် teamviewer  ပါ။ 2. 10. 2013 ရက်နေ့ ကမှ ထွက်ရှိလာတဲ့ apk လေးပါ။ ကွန်ပျူတာ မှာဆိုရင်တော့  team viewer ကနာမည်ကြီးပါ။
team viewer ကိုသုံးပြီးတစ်ယောက်နဲ့ တစ်ယောက် စက်ထဲကိုဝင်ကြည့် လို့ ရသလို ဝင်ရောက်ပြင်ဆင်ပေးလို့ ရပါတယ်ခင်ဗျာ။ အခု android ဖုန်းတွေအတွက် အသုံးပြုလို့ ရမဲ့ apk လေးတွေ့ လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။အသုံးပြုနည်းကတော့ လွယ်ပါတယ်
မိမိ ဝင်ရောက်လိုတဲ့ သူငယ်ချင်းရဲ့  ID နံပါတ်ကို ရိုက်ထည့် ပေးပြီးဝင်ရောက်လိုက်ရုံပါပဲ အားလုံးပဲဆောင်ထားသင့် ပါတယ်ခင်ဗျာ။play store ဝင်ဖို့ အခက်အခဲရှိသူများလည်းဒေါင်းလုပ်ယူလို့ လည်းရအောင်ဖန်တီးထားပေးပါတယ်ခင်ဗျာ။
TeamViewer for Remote Control - screenshot
TeamViewer for Remote Control - screenshot
TeamViewer for Remote Control - screenshot
Post တင်သူ- Unknown ဒီအချိန်မှာ 8:34 PM


မြန်မာပြက္ခဒိန် လွယ်လွယ်လေးနဲ့ ကြည့်လို့ရတယ်အဆင်လဲပြေတယ်
မြန်မာနေ့ကိုဘာမှန်းကိုမသိကြတော့ဘူး ကျွန်တော်လဲပါပါတယ်
အားလုံးကိုလဲအဆင်ပြေစေချင်ပါတယ် ဥပုသ် နေ့လေးပါထည့်ပေးရင်အရမ်းကောင်းမှာပဲ
မထည့်ထားတော့လဲ ကိုယ့်ဘာသာကိုယ်တွက်လို့ရလို့ အဆင်ပြေပါတယ်
ကျွန်တော်လဲ ဒီပြက္ခဒိန်လေးကြည့်ပြီး ဥပုသ်တစ်ရက်စောင့်လိုက်ရလို့
အလွန်ပဲကျေးဇူးတင်ပါတယ်
apple store မှာ Free ပေးပါတယ်
အောက်မှာက Crack ထားပြီးသားလေးကို upload လုပ်ပေးထားပါတယ်
PNK 1
PNK 2

လိုအပ်ချက်အနေနဲ့ကတော့ iOs 5 နဲ့အထက်လိုပါတယ်
Post တင်သူ- Unknown ဒီအချိန်မှာ 8:27 PM

livescore.apk new version

ဘောလုံးပွဲဝါသနာပါသူတွေအတွက် မိမိဖုန်းထဲမှာ အင်တာနက်ဖွင့်လိုက်တာနဲ့ ရလဒ်တွေကို
up to date ဖော်ပြပေးမဲ့ ဆော့ဝဲကောင်းလေးပါ.......အရင်livesocre နဲ့မတူပါဘူး.........
ပုံစံတစ်မျိုးလေးပါ.....
စိတ်ဝင်စားတယ်ဆိုရင်တော့

Download Link    PNK


အားလုံးပဲအဆင်ပြေကြပါစေ..........
Post တင်သူ- Unknown ဒီအချိန်မှာ 8:25 PM
  လိုအပ်နေသူတွေအတွက်ရှာပေးလိုက်ပါတယ်



Andriod ဖုန်းတွေ အတွက် မြန်မာ နှစ်တစ်ရာ ပြက္ခဒိန် လေး  တင်ပေးလိုက်ပါတယ် သက္ကရာဇ် ၁၂၆၂ မှ ၁၃၇၈ ထိ ပြန်ကြည့်နိုင်တဲ့ calendar လေးပါ။ အားလုံးလည်းအသုံးဝင်မယ်လို့ထင်ပါတယ်။ မိမိ နှစ်သက်တဲ့ နောက်ခံပုံ လည်းပြောင်းရသလို ကြိုက်တဲ့ ရက်စွဲတခုခုကို နှိပ်လိုက်ပါက ဘာနေ့ လည်း ဘယ်နှစ်ရက်လေးလည်း အစရှိတာတွေကို မြန်မာလို ဖော်ပြပေးပါတယ်။ မြန်မာဖောင့် မရှိတဲ့ ဖုန်းတွေ လည်း မြန်မာလိုမြင်ရတာကြောင့် အရမ်းအသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
စိတ်ဝင်စားရင်အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ...။
                                Download Link  PNK
App Screenshots

 အားလုံးအဆင်ပြေပါစေ.......။