Showing posts with label Window တင်နည်းများ. Show all posts
Showing posts with label Window တင်နည်းများ. Show all posts

25 August 2015

Post တင်သူ- Unknown ဒီအချိန်မှာ 12:07 AM


Windows 10 Technical Preview Pro Edition & Enterprise Edition
မင်္ဂလာပါ
ဒီနေ့ ညီငယ်တစ်ယောက် မေးလာတဲ့ နည်းပညာလေးပါ
သူ့ကွန်ပျူ တာမှာ ၀င်းဒိုး ၇ ပဲအသုံးပြုနေတာကြာပြီဖြစ်လို့
Windows 10 Technical Preview Enterprise Edition ကို
တင်သုံးချင်တယ် ဘယ်လိုအင်စတောလုပ်ရသလဲ ဆိုပြီးမေးလာပါတယ်။

ဒီနည်းပညာလေးကို မေးလားတာ သုံးယောက်လောက်တော့
ရှိနေပါပြီ ကျ နော်မတင်ပေးအားတာနဲ့ အချိန်ကြာနေခဲ့တာပါ
ဒီနေ့တော့ အားလုံးအတွက် အဆင်ပြေမယ့် အလွယ်ဆုံး
နည်းလမ်းလေးကို အသေးစစ်ရှင်းပြလိုက်ပါတယ်ခင်ဗျာ...
 
အခုကျနော် ရှင်းပြသွားမှာကတော့ Windows 10 Technical Preview
ဆိုင်ရာ ဗားရှင်းအားလုံးကို အင်စတောလုပ်နည်းလေးပဲဖြစ်ပါတယ်
 မိမိကွန်ပျူ တာမှာ ၀င်းဒိုးအသစ်တခုတင်တော့မယ်ဆိုရင်တော့
နည်းလမ်းအားဖြင့် နှစ်မျိုးနှစ်စားနဲ့ သွားရမှာပါ၊ ISO ဖိုင်များကို
CD & DVD ထည့်သို့ကူးယူပြီး CD & DVD Rom ကနေတင်လို့ရသလို

Windows ISO ဖိုင်များ USB Flash Drive တစ်ခုအဖြစ်
ဖန်တီးပြီး USB Flash Rom ကလည်း အင်စတောလုပ်ယူလို့ရပါတယ်
ဒါက ကျနော် အလွယ်တကူနားလည်အောင်လို့ ရှင်းပြလိုက်တာပါ။

၁။ ပထမဆုံး မိမိကွန်ပျူ တာမှာ Windows ISO ဖိုင်များကို
ဝင်းဒိုးအခွေအဖြစ် CD & DVD များမှာ အလွယ်တကူ Burn ယူနည်းနဲ့
  ISO များကို Windows အဖြစ် USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း များကို အရင်ဦးဆုံး

လေ့လာရပါမည်။

 Windows 7 ISO File များကို Poweriso Burning
 ဆော့ဝဲနဲ့ Windwos DVD အဖြစ် အလွယ်တကူ Brun ယူနည်းကို
ဒီမှာ  ၀င်လေ့လာပါ။


၂။ Windows 7 ISO File များကို Windows 7 USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း ကို ဒီမှာ ၀င်လေ့လာပေးပါ။


၃။ မိမိရှိတဲ့ ၀င်းဒိုး အခွေ CD & DVD ပဲဖြစ်ဖြစ် USB မှာရှိတဲ့ ၀င်ဒိုးနဲ့ပဲဖြစ်ဖြစ်
 ကွန်ပျူ တာမှာ Boot တက်လာပြီးလို့ အောက်ကပုံအတိုင်းပေါ်နေခဲ့ရင်
 မိမိအသုံးပြုလိုသော Language အသုံးပြု လိုသော Keyboard နေရာတို့မှာ
စိတ်ကြိုက်ရွေးချယ်ပြီးတာနဲ့  Next ဆိုတာကို နှိပ်လိုက်ပါ။



 ၄။ Next ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း
ပေါ်လာပါမယ် Windows 10 ကိုစတင်ရန်အတွက်
Install now ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၅။ မိနစ်အနည်းငယ်ကြာပြီးနောက် အောက်ကပုံအတိုင်းပေါ်
လာခဲ့ရင်တော့ Upgrade လုပ်မှာလား အသစ်အဖြစ်ပြန်သွင်းမလား
ဆိုပြီးမေးတာမို့ အသစ်ပြန်သွင်းရန်ဖြစ် Custom Install
ကိုသာရွေးပြီး နှိပ်ပေးလိုက်ပါ။
၆။ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Windows ကို မိမိကွန်ပျူ တာရဲ့
Install လုပ်လိုတဲ့ Partition ကိုရွေးပေးရန်ဖြစ်ပါတယ်။
Windows တစ်ခုတည်း သာအသုံးပြု သော သူတွေကတော့
 မြင်နေရတဲ့ ပုံအတိုင်း Drive Letter တစ်ခုသာရှိလို့ Next ကိုနှိပ်ပေးလိုက်ပါ။

ဒီနေရာမှာ Hard-disk ကို Partition အများကြီးထားသူ (သို့)
ဝင်းဒိုးအဟောင်းဆိုရင်တော့ Partition က နှစ်ခုဖြစ်နေပါလိမ့်မယ်။
အထူးသတိထားရမှာ လေ့လာခါစဘော်ဒါတွေကတော့ ၀င်းဒိုး တင်ယူ
မည့် Partition သည် မိမိကွန်ပျူ တာရဲ့ Partition 1 ဖြစ်နေရပါမည်
 တကယ်လို့ GB အလုံအလေလာက်မရှိ တင်မရဘူးပြောလာခဲ့ရင်တော့
Partition 2 စသည်ဖြင့် မိမိအတွက် အရေးမကြီးပဲ Partition အဖြစ်
များပြားနေတဲ့ GB မပြည့်ပဲ MB သာရှိတဲ့ Letter အားလုံးကို Delete
လုပ်ပေးလိုက်ပါ၊ မလိုအပ်တဲ့ Letter အားလုံးကို ဖျက်ပြီးလို့
 အောက်ကပုံအတိုင်း Drive Letter တစ်ခုတည်းသာ ရှိပြီး ၀င်းဒိုး
အသစ်တင်ယူတာကတော့ အကောင်းဆုံးပါ။
၇။ အောက်ကပုံအတိုင်း စတင်ပြီး Install လုပ်နေပါလိမ့်မယ်
သိပ်မကြာခင်မှာ PC ကိုပြန်လည်၍ Restart ပြန်လုပ်သွားပါမယ်
စက်ပြန်တက်လာတဲ့အခါ Boot တောင်းတဲ့စာတန်းလေးပေါ်လာပါမယ်။
ဘာမှထပ်နှိပ်စရာမလိုပါ သူ့အလိုလို Install လုပ်နေတာပဲဖြစ်ပါတယ်။
 ၈။ အောက်ကပုံအတိုင်း Settings ပိုင်းဆိုင်ရာကိုရောက်နေပါပြီ။
ဒီနေရာမှာ Customize ဆိုတာကိုနှိပ်လိုက်ပါ။
 ၉။ Setting ပိုင်းမှာ ကျနော် တစ်ခုရှင်းပြလိုတာကတော့
တကယ့်လို့ မိမိမှာ Microsoft Account သာအသင့်ရှိနေခဲ့ရင်
အင်တာနက်လည်း အဆင်ပြေနေတယ်ဆိုရင်တော့ အောက်က
ပုံအတိုင်း User express settings ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၀။ ဒီနေရာမှာတော့ မိမိမှာ Microsoft account သာ
ရှိနေပြီးသားဆိုရင်တော့ ကျနော် အနီရောင်လေးနဲ့ဝိုင်း
ပြထားတဲ့နေရာမှာ ရိုက်ထည့်ပြီး Next ကိုနှိပ်လိုက်ပါ။
တကယ်လို့ Microsoft account သာမရှိဘူးဆိုရင်တော့
Don't have an account ဆိုတာကိုနှိပ်ပါ၊ မိမိမှာ
ဝင်းဒိုးတင်နေတုန်း အင်တာနက်ကော်နယ်ရှင်ကအဆင်ပြေနေ
တယ်ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး Create a new account
ဝင်းဒိုးတင်ယူရင်းကနေ တစ်ပါတည်းလုပ်ယူသွားလို့ရပါတယ်။
၁၁။ Microsoft Account ကို Sign in လုပ်ပြီးလို့ အောက်ကပုံအတိုင်း
ပေါ်လာပါမယ်၊ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာကို
နှိပ်ပြီး Next ကိုထပ်နှိပ်ပေးလိုက်ပါ။
၁၂။ ဒီအဆင့်ထိ ရောက်လာပြီးမှာတော့ အောက်မှာ ပေါ်လာတဲ့
OneDrive ဆိုတာကို အထူးအင်စတော လုပ်ယူစရာမလိုပဲ မိမိကွန်ပျူ တာအတွက်
Cloud Storage အဖြစ် အသင့် အင်စတောလုပ်ယူရန်သာဖြစ်ပါတယ်။
တကယ်လို့ အသုံးမပြုချင်ဘူးဆိုရင်တော့ Turn off these OneDrive setting
ဆိုတာကိုနှိပ်လိုက်ပါ။ အသုံးပြုမယ်ဆိုရင်တော့ Next ကိုသာ ဆက်နှိပ်ပေးလိုက်ပါ။
၁၃။ အဆင့်တွေကျော်လာပြီးလို့ အောက်ကပုံအတိုင်း
မြင်တွေ့နေရပါမယ်၊ အရမ်းလှပပြီးသေသပ်တဲ့ ကာလာစုံ
screen ကြီးကို တစ်ခုပြီးတစ်ခု မြင်နေရပြီး Store ထဲကနေ
သူ့အလိုလို ၀င်းဒိုးအတွက် လိုအပ်မယ့် App တွေကို
Install လုပ်ယူနေတာဖြစ်ပါတယ်။
(Microsoft Account ထည့်ထားခဲ့လိုဖြစ်ပါတယ်)
၁၄။ အားလုံးရဲ့ အဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးလို့
နောက်ဆုံးမှာတော့ မိမိဟာ ကိုယ်ပိုင် ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
တစ်ခြားသော အကူညီလိုအပ်သူ ဘော်ဒါတို့ရဲ့ ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
Windows 10 Technical Preview Pro Edition & Enterprise Edition
 ဗားရှင်းအားလုံးကို အလွယ်တကူ Install လုပ်လို့အောင်မြင်
ပြီးစီးပြီး Microsoft ရဲ့ Windows 10 ကို ပိုင်နိုင်စွာနဲ့ Technical ဆရာကြီး
တစ်ယောက်ကဲ့ တောက်ပသော နေ့ရက်တွေနဲ့အတူ ပျော်ရွှင်နိုင်ပါပြီ။

PDF စာအုပ်အဖြစ် ဖတ်ရှုချင်တဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်များမှာ ဒေါင်းလော့ယူနိုင်ပါပြီ။

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ်

အားလုံးပဲ အဆင်ပြေအောင်မြင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

Copy Link From - http://www.zunite.org/
Post တင်သူ- Unknown ဒီအချိန်မှာ 12:05 AM

 အရိုှးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)
မင်္ဂလာပါ
အမေးများလာတဲ့ ညီအကိုတွေအတွက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ
အခုကျနော် တင်ပေးလိုက်တဲ့ ပိုစ့်သည် သိပြီးသား သူတွေအတွက်တော့ အခက်ကြီးမဟုတ်ပေမယ့် လေ့လာခါစညီအကိုတွေအတွက်တော့ လုံးဝအထောက်အကူဖြစ်စေမှာ သေချာပါတယ်။ Windows 8 တွင် ဒီနေရမှာ Windows 8 ရိုးရိုး ဗားရှင်းအားလုံးကို Install လုပ်နည်းကိုသာအများနားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးဖြစ်အောင် ပုံလေးတွေနဲ့တကွ အသေစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။ Windows 8.1 ဆိုင်ရာ Install လုပ်နည်းကိုတော့ သီးခြား ပိုစ့်တစ်ခုအနေဖြင့် အကောင်းဆုံး ရှင်းပြသွားဖို့ရှိပါတယ်။
 သင့်ရဲ့ အရေးကြီးတဲ့ Data File များကို အရင်ဦးဆုံး Backup လုပ်ထားပါ
ဟုတ်ပါတယ် သင့်ရဲ့ ကွန်ပျူတာကို Windows အသစ်တစ်ခုတင်တော့မယ်ဆိုရင် ပထမဆုံး သင်လုပ်ရမယ့် အရာကတော့ သင့်ကွန်ပျူတာမှာ သိမ်းဆဲထားတဲ့ အရေးကြီးတဲ့ Data File များကို Backup ပြုလုပ်ထားရပါမယ်။ ဒီနေရာမှာလည်း သင်မှာ ကွန်ပျူတာက အသစ်ဝယ်ခါစပဲရှိသေးတယ်ဆိုရင်တော့ အရေးကြီးတဲ့ Data File များမရှိသေးတဲ့အတွက် Backup ပြုလုပ်စရာမလိုအပ်ပါ၊ ကွန်ပျူတာ အသုံးပြုနေဆဲ ဥပမာ-Windows 7 စသည်ဖြင့် အသုံးပြုနေဆဲကနေ Windows 8 ကို Upgrade ပြုလုပ်တော့မယ်ဆိုရင်တော့ Data File များကို ပျက်စီးဆုံးရှုံးမသွားရအောင် Backup ပြုလုပ်ထားသင့်ပါတယ်။
ဥပမာ=သင့်ရဲ့ အရေးကြီးတဲ့ Data File များကို Backup ပြုလုပ်တော့မယ်ဆိုရင်တော့ External Hard Disk အလွတ်တစ်ခုနဲ့ သိမ်းဆဲတာမျိုး၊ သို့တည်းမဟုတ် ကွန်ပျူတာရဲ့ Partition ထဲတွင် D Drive မျိုးမှာဖြစ်ဖြစ်၊         DVD အလွတ်တစ်ခုမှာပဲဖြစ်ဖြစ် Backup ပြုလုပ်တာမျိုးပါ။
Windows 8 တင်နည်းကို စတင်ခြင်း
====================
သင့်မှာ အသင့်ရှိနေတဲ့ Windows DVD အခွေဆိုရင် Hard Drive သို့ထည့်လိုက်ပါ၊ သို့မဟုတ် Windows USB Flash Drive ဆိုရင်တော့ ကွန်ပျူတာမှာ ထိုးလိုက်ပါ၊ ပြီးတာနဲ့ ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ F2 ကိုနှိပ်ထားပါ၊ Delete နှိပ်ရင်လည်းရပါတယ်။
ဒီနေရာမှာ ကျနော် တစ်ခုပြောချင်တာက ကွန်ပျူတာအမျိုးအစားအရ Boot Device ကိုရွေးတဲ့ Key တွေလည်း ကွဲပြားခြားနာကြတယ်ဆိုတာကိုပါ၊ ဥပမာ-Acer ကွန်ပျူတာတွေအတွက် F2 ကိုနှိပ်တာမျိုး၊ HP ကွန်ပျူတာဆိုရင် Esc ဆိုတဲ့ Key ကိုနှိပ်ပြီး Boot Device ကိုရွေးရတာမျိုးကတော့ ရှိတတ်ကြပါတယ်။
Restart ချပြီးလို့ စက်ပြန်တက်လာတာနဲ့ F2 ကိုနှိပ်ပြီးလို့ First Boot Drive မှာ Windows က DVD ကနေ တင်ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB Flash Drive ကနေတင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။
Boot Option ထဲကိုဝင်ပြီး Rom မရွေးတတ်တဲ့ ဘော်ဒါတွေကတော့ F12 ကိုနှိပ်ထားပြီး၊ တင်ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB Flash Drive ကနေတင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ရွေးပြီးတစ်ခါတည်း တန်းတင်ယူနိုင်ပါတယ်။
Boot Device ရွေးပြီးလို့ အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင် မိနစ်အနည်းငယ်စောင့်နေလိုက်ပါ
စသည်ဖြင့် ကျနော် အသေးစစ်ရှင်းပြထားပါတယ် ကျနော်ကြိုးစားထားသမျှဟာ
စာအုပ်ကောင်းဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး Edition ဖြစ်နေလို့ပါ
နောက်များဆိုကျနော် ဒီထက်မက အကောင်းဆုံးဖြစ်အောင် Edition ဖြင့် တင်ပေးသွားမှာဖြစ်ပါတယ်
တောင်းဆိုလာကြတဲ့ ညီအကိုတွေနဲ့ အမြဲတစေကျနော်ဆိုက်လေးကို အားပေးလာကြတဲ့
ချစ်ပရိတ်သတ်ကြီးများလည်း နောက်ထွက်လာမယ့် Edition တွေကိုလည်း အားပေးကြပါဦးလို့
အထူးတိုက်တွန်းပါတယ်ခင်ဗျား...
PDF အဖြစ် သိမ်းဆဲထားပြီး အလိုရှိတိုင်း အသုံးပြုနိုင်အောင်
အောက်ကလင့်များမှာ ဒေါင်းလော့ရယူနိုင်ပါပြီ
အရိုှးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)

OR


OR


OR


OR


Windows 10 တင်နည်းကို အောက်ကလင့်မှာဒေါင်းယူလိုက်ပါ



အဆင်ပြေပါစေ

Copy Link From - http://www.zunite.org/
Post တင်သူ- Unknown ဒီအချိန်မှာ 12:04 AM
အရိုးရှင်းဆုံး Windows 7 တင်နည်း

မင်္ဂလာပါ
ဒီနေ့တော့ Windows 7 တင်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
Windows တစ်ခုကို စတင်ပြီး Install လုပ်တော့မယ်ဆိုရင်တော့ Windows 7 ကိုတင်ယူနိုင်ဖို့ရန်အတွက်
Requirement ခေါ်တဲ့ အချက်အလက်နဲ့ ပြည့်စုံပါမှ Windows ကိုအဆင်ပြေပြေ တင်ယူနိုင်မှာဖြစ်ပါတယ်။
Windows 7 ကိုတင်ဖိုရန် လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Windows 7 system requirements
===================
1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
16 GB available hard disk space (32-bit) or 20 GB (64-bit)
DirectX 9 graphics device with WDDM 1.0 or higher driver
မြန်မာလိုတော့ ရှင်းပြနေစရာမလိုလောက်တော့ဖူးလို့ထင်ပါတယ်။  
 စာကိုမြင်တာနဲ့သဘောပေါက်လောက်မှာပါ၊ တကယ်လို့မိမိကွန်ပျူတာက အထက်ပါ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ Windows 7 တစ်ခုကို အရိုးရှင်းဆုံးနည်းကို အောက်မှာ ဆက်လေ့လာကြည့်ရအောင်ပါ။
Windows တစ်ခုကို Install စတင်လုပ်ဆောင်တော့မယ်ဆိုရင်တော့ သင့်မှာ ၀င်းဒိုးအခွေ DVD တစ်ချပ်တော့ လိုအပ်ပါမယ်။ အားလုံးအသင့်ဖြစ်ရင်တော့ ကွန်ပျူတာရဲ့ Power ကိုစတင်ဖွင့်လိုက်ပါ။
Delete Key ကိုနှိပ်ထားပါ၊ အချို့သော ကွန်ပျူတာတို့တွင် F2 Key ကိုနှိပ်ပေးထားပါ။ သေချာစေရန် CMOS Setup ပေါ်လာသည်အထိ လေး ငါးခါ လောက် ဆက်တိုက်နှိပ်ထားပေးပါ။
Windows 7 DVD အခွေကိုထည့်လိုက်ပါ။
Advanced BIOS Features ဆိုတာကိုနှိပ်ပါ အနီရောင်နဲ့ဝိုင်းပြထားပါတယ်။
First Boot Device OR Boot sequence ဆိုတာကို ရှာပြီး
First Boot နေရာမှာ CDROM ထားပါ။ Second Boot နေရာမှာ Harddisk OR HDD-0 ကိုထားပါ။
ပြီးလျှင် F10 Key ကိုနှိပ်၊ Yes OR Enter Key ကိုနှိပ်ပေးလိုက်ပါ။

စက်က Restart ကျသလို ကျသွားပါလိမ့်မယ် စောင့်နေပါ၊ စက်ပြန်တက်လာတဲ့အခါ၊

Press any key to boot from DC or DVD……

ဆိုပြီးစာကြောင်းအဖြူရောင်လေးနဲ့ပေါ်လာခဲ့ရင်တော့ Enter Key ကိုနှိပ်ပေးလိုက်ပါ။


Windows Files များကို ကူးယူနေတုန်းလေး ခေတ္တစောင့်နေလိုက်ပါ။
Starting Windows ဆိုပြီးအောက်ကပုံအတိုင်းမြင်နေရရင်တော့ ခနလေးစောင့်နေလိုက်ပါ

Install Windows ဆိုပြီးပေါ်လာတဲ့အခါ ဘာမှထပ်ရွေးပေးစရာမလိုတော့ပါ Next ကိုနှိပ်လိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Install Now ဆိုတာကိုနှိပ်ပေးလိုက်ပါ။


Setup is starting ဆိုပြီး အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
 ခနလေးစောင့်နေလိုက်ပါ


မိနစ်အနည်းနယ်ကြာပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Operating System OS ကိုရွေးပေးရမှာဖြစ်ပါတယ်၊ ဒါကတော့ ကျနော့် Windwos DVD ခွေက All in One အမျိုးအစားဖြစ်နေလို့ Operating System များနေတာပါ။ မိမိအသုံးပြုလိုတဲ့ Windows Operating System ကိုရွေးပေးရမှာဖြစ်ပါတယ်၊ အခုကျနော်ကတော့ Windows 7 Ultimate x86 ကိုရွေးပေးလိုက်ပါတယ်။



အောက်ကပုံအတိုင်း မြင်နေရရင်တော့ I accept the license terms ဆိုတဲ့
 လေးထောင့်ကွက်လေးကို အမှန်ခြစ်လေးပေးပါ၊ ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။



Windows အသစ်တင်ယူမှာဖြစ်လို့ Custom (Advanced) ဆိုတာကိုရွေးပေးလိုက်ပါ။


Custom (Advanced) ရွေးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ တကယ်လို့ သင့်ကွန်ပျူတာမှာ
Partation တွေများနေခဲ့ရင်တော့ မိမိ Windwos တင်လို့ Harddisk Partation ကိုရွေးပေးရမှာဖြစ်ပါတယ်။ ကျနော်မှာတော့ Partation တစ်ခုတည်းပဲ ဖြစ်နေလို့ Next ကိုပဲနှိပ်ပေးလိုက်ပါတယ်။


တကယ်လို့ ၀င်ဒိုးကအရင်သုံးလက်စ အဟောင်းရှိနေသေးတာတို့ဆိုရင်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Windows အဟောင်းကို Format ချလိုတာတို့ Delete လုပ်လိုတာတို့ဆိုရင်တော့  Drive Option (Advanced) ဆိုတာကို နှိပ်ပြီး Format ချယူနိုင်ပါတယ်။



Windows Files များကို Install ပြုလုပ်နေတုန်း ခနစောင့်နေပါ၊ Copying Windows files ကနေ Completing installation အထိ %0 to %100 အထိစောင့်နေရပါမယ် ဘာမှလုပ်ပေးစရာမလိုပါ။


Windows dialogue box ကျလာပြီးရင်တော့ User name နေရာမှာ မိမိနာမည်ကိုထည့်ပါ၊ 
Computer name နေရာမှာတော့ မိမိကွန်ပျူတာကို ထားလိုသောနာမည်တစ်ခုခုကို
 ရေးထည့်ပေးလိုက်ပါ။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။


Password ထားပြီးအသုံးပြုလိုက ဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာလည်း Password နေရာမှာ မိမိထားလိုသော Password ကိုထားပေးပါ၊ ဥပမာ-Zunite (CEO) စသည်ပေါ့၊ စာလုံးအကြီးအသေးအကုန်ရပါတယ်။
 Retype your password ဆိုတဲ့နေရာမှာလည်း စောနားက Password နေရာမှာထည့်ထားခဲ့တဲ့ Password ကိုထပ်ထည့်ပေးလိုက်ပါ။ Type password hint (required) နေရာမှာတော့ အပေါ်က မိမိထားခဲ့တဲ့ Password မတူတဲ့ နံပါတ်တစ်ခုခုဖြစ်ဖြစ် စာပဲဖြစ်ဖြစ် တစ်ခုခုကိုရေးရမှာဖြစ်ပါတယ်။ 
ရေးပြီးလည်းအဲဒီ Hint password ကိုအသေချာမှတ်ထားပေးလိုက်ပါ။ တယ်ကယ်လို့ မိမိက password ကိုမေ့လို့ ဖွင့်မရတော့တဲ့အခါ စောနားက hint လုပ်ထားတဲ့ Password ကိုပြန်ထည့်ပေးနိုင်ရင် ကွန်ပျူတာ Lock ကိုကောင်းကောင်း ဖြေယူနိုင်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
ထည့်ပြီး အသုံးမပြုလိုသေးဘူးဆိုရင်လည်း Next ကိုနှိပ်ပေးလိုက်ပါ။


License agreement ဖြင့်ဝယ်ထားသော Windows မဟုတ်လျှင်တော့ Product Key ကိုမထည့်ပဲ automatically activate Windows when I’m online မှာရှိတဲ့ လေးထောာင့်ကွက်လေးမှ အမှန်ခြစ်လေးကိုဖြုတ်ပေးပြီး Next ကိုသာနှိပ်ပေးလိုက်ပါ။


အဆင့်တွေကျော်လာခဲ့လို့ အောက်ကပုံအတိုင်းမြင်နေရရင်တော့
 Ask me later ဆိုတာကိုရွေးပေးလိုက်ပါ။

Time zone ရွေးခိုင်းတဲ့နေရာမှာတော့ မိမိနေတဲ့ နိုင်ငံရဲ့ Provide ကိုရွေးလိုက်ပါ။


Windows ကို Install လုပ်နေတုန်း သင့်မှာ Internet Connection သာအသင့်ရှိနေပြီး တစ်ခါတည်း Connected လုပ်ပြီး Install လုပ်ယူသွားချင်တယ်ဆိုရင် Wifi ရဲ့ လျှို့ဝှက်ချက် ကုတ်နံပါတ်ကိုထည့်ပေးပြီး မိမိအသုံးပြုမယ့် Network အမျိုးအစားကို ရွေးပေးလိုက်ပါ။
Router အမျိုးအစားသုံးတဲ့ သူတွေအထူးသဖြင့် 10 User Or Group User အနေဖြင့်အသုံးပြုနေကြတဲ့ သူတွေကတော့ အပေါ်ဆုံး Home Network ကိုရွေးချယ်ပေးလိုက်ပါ။


အားလုံးပြီးလို့ Windows is finalizing your setting ဆိုပြီး အောက်ကပုံအတိုင်းပေါ်နေရင်တော့ ခနစောင့်နေလိုက်ပါ ကွန်ပျူတာရဲ့ Desktop Screen ကြီးပေါ်လာသည်အထိစောင့်နေလိုက်ပါ။



Congratulations ပေါ့ဗျာ အပေါ်ကအဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့ 
Windows 7 Ultimate တင်ခြင်းကိစ္စ အောင်မြင်စွာပြီးဆုံးပါပြီ။




PDF စာအုပ် အဖြစ် သိမ်းဆည်းထားချင်တဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။

Download Here 

OR

Download Here

OR

Download Here 

OR

 Download Here

OR

Download Here

Windows 8 တင်နည်းကိုတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

အရိုးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)

Windows 10 တင်နည်းကိုတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

Windows 10 Technical Preview Pro Edition & Enterprise Edition ဗားရှင်းအားလုံးကို အလွယ်တကူ Windows တင်နည်း  

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်


Copy Link From - http://www.zunite.org/


31 July 2013

Post တင်သူ- Unknown ဒီအချိန်မှာ 10:14 AM



1. Windows Installation package does not fit in a standard DVD if burn.
2. Having errors while making bootable USB.
3. Unsuccessful installation due to burning error on DVD or using high speed burning process
4. Having those steps Burning and making bootable USB takes so much time.

In this tutorial all listed problem above will be solved (hopefully). But consider this important note.


Important Note:
You can only install Windows 7/8 32bit if you are running 32 bit windows and 64bit for 64bit windows. You cannot install 64 bit windows if you are running a 32bit system. That's the only time you will use USB or DVD. Sorry but I can't help you with that.

Here's what you need for the installation:


1. A laptop/PC running windows XP/Vista/7

2. Windows 7/8 installation ISO save in any of your hard drive(to be practical save it in drive d)
3. Mounting Tools (in my case i use Power ISO)
4. Partition software(optional) if you wish to install windows 7/8 in separate partition to make a dual boot machine

Here's How:


Step 1
. Make sure your Windows Installation is not corrupted or does not contain any error files. You can google it on how to do this. So google is everything you need.

Step 2
. Install mounting software. Make sure you know how to use mounting tools if not proceed to the manual of the software you installed. If you already installed mounting tools, then mount the Windows 7/8 installation ISO in one drive.

Step 3.
Go to the drive where the installation directory was mounted. "Right click" on the drive, then you should see an option like "Install or run a program from your media" click on it.

Step 4.
A notification will pop up that need administrative permission just click "Yes" then proceed to enter the username or password or else if you have administrative rights there's no need to type anything.

Step 5.
The installation window will now come out, click install then follow the succeeding instructions. At this stage your machine will boot as it is required during the installation process.

Option for Dual Boot:

 
You should have another partition which you prepared before proceeding the installation steps above. If you don't know how to make partitions google it. During the installation process choose advance installation then select the partition drive which you would like to install. Make sure you choose the right drive or else your programs/documents will be save in Windows.old files.

Step 6.
Take some coffee or tea break. After you finish drinking your coffee or tea. Start exploring your windows 7/8.

How could this be possible?


Windows installation process uses a temporary folder its either in Drive C or D when copying installation files in DVD/USB the same process if you just mount it using mounting tools.

17 July 2013

Post တင်သူ- Unknown ဒီအချိန်မှာ 7:17 AM
 Multiboot Screen Best
In this guide, we will show you how to create a multi-boot Windows USB flash drive with Windows XP and Windows 7. Once you have this multi-boot USB, you will be able to install XP and Windows 7 from the USB stick.
Required things:
1.  A USB flash drive with a minimum of 4 GB space
2. Windows 7 installation DVD
3. Windows XP installation CD/DVD
Procedure:
1. Connect the USB flash drive to your Windows machine and move data present on  the USB flash drive to a safer location.
Download  PNK Link          extract the contents to desktop. Open the folder, right-click on WinSetupFromUSB (.exe) file and select Run as administrator option.
 Create Multiboot USB Flash Drive With Windows 7 and XP Step 1
 Create Multiboot USB Flash Drive With Windows 7 and XP Step 2
3. Once the tool launched, select the following options:
# Removable
# Windows will be installed in \WINDOWS
Create Multiboot USB Flash Drive With Windows 7 and XP Step 3
Also make sure that your USB flash is shown in USB Disk Selection box. Once you are done with the above mentioned tasks, click RMPrepUSB button.
4. This will launch RMPREPUSB tool. In this tool, you will need to enable the below mentioned options.
 Create Multiboot USB Flash Drive With Windows 7 and XP Step 4
A. Make sure that your USB flash drive is selected in the first box
B. Under Boot Options, select XP/BartPE bootable [NTLDR]
C. Under File System and OverRides section, select Boot as HDD (C:2PNST), and NTFS options
D. Select File –> USB option in Image Tools box
Finally, click  Prepare Drive button to see a message from the tool. Click Ok button. Click Ok button on the next screen as well.
  Create Multiboot USB Flash Drive With Windows 7 and XP Step 4a
Create Multiboot USB Flash Drive With Windows 7 and XP Step 4b
5. Wait for a few minutes till you get a Command Prompt message saying “Operation Completed”.
 Create Multiboot USB Flash Drive With Windows 7 and XP Step 4C
6. Close the PREPUSB tool.
7. Insert your XP CD/DVD into the optical drive. In the WinSetupFromUSB tool, click Browse button next to Windows 2000/XP/2003 Source box to browse to the XP installation files present on your CD/DVD. Alternatively, if you have the XP installation files on a local drive, you can browse to that folder.
 Create Multiboot USB Flash Drive With Windows 7 and XP Step 7
Create Multiboot USB Flash Drive With Windows 7 and XP Step 8
8. Click Go button and wait for a few minutes to see the following screen:
Create Multiboot USB Flash Drive With Windows 7 and XP Step 8C
Click Ok button. Remove the XP CD/DVD from the optical drive and insert Windows 7 DVD.
9. Select Vista/7 setup/PE/RecoveryISO option and browse to the Windows 7 installation files folder. Finally, click Go button. Please note that this operation may take hours. Don’t close the application if you see “Not Responding” message in the title bar.
Create Multiboot USB Flash Drive With Windows 7 and XP Step 9
10. Wait for the Done message before you click the Exit button.
 Create Multiboot USB Flash Drive With Windows 7 and XP Step 10A
11. Now, it’s time to download another small file named Bootfiles from here. Extract the contents to desktop. Copy menu.lst and winsetup.lst files to the USB flash drive and replace the old files with new ones. Click Copy and Replace option when you are prompted with the Copy File message.
 Create Multiboot USB Flash Drive With Windows 7 and XP Step 11
Create Multiboot USB Flash Drive With Windows 7 and XP Step 11A
12. Your multi-boot USB flash drive is ready. Reboot your machine and start installing XP or Windows 7 from the USB.
 Multiboot Screen Best
XP Setup Screen
Note: When you select Windows XP setup in the boot screen, you will see two options:
First part of Windows XP setup
Second part of Windows XP setup
You should choose the first part of Windows XP setup, but on the following restarts you choose the second part of the setup.