17 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 10:47 PM

Website ရေးနည်း HTML+CSS (အပိုင်း ၄)

မင်္ဂလာပါ …ဒီတစ်ပတ်တော့ အားလပ်ရက် ပိုရလို့ ကျွန်တော် footer အတွက်ပါ video record လုပ်ထားလိုက်ပါတယ်။ ဒီသင်ခန်းစာက website တစ်ခု တည်ဆောက်ခြင်းရဲ့ အပိုင်း (၄) လို့ ပြောလို့ရပါတယ်။ ကျန်အပိုင်းများကို မဖတ်ဖူးသေးရင် ဒီသင်ခန်းစာကို မလေ့လာခင် ကျန်အပိုင်း သုံးပိုင်းကို အရင်ဖတ်ရမှာဖြစ်ပါတယ်၊ ကျန်တဲ့အပိုင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အပိုင်း (၁)၊ (၂)၊ (၃) ကို ဖတ်ပြီးသားလူတွေကတော့  အခုသင်ခန်းစာအတွက် အောက်က video ကို ကြည့်ပါ။

Website ရေးနည်း HTML+CSS (အပိုင်း ၅)

jQuery slider တစ်ခု ဖန်တီးခြင်း (Create a jQuery slider)
မင်္ဂလာပါ …အရင်တစ်ပတ်ကတော့ ကျွန်တော်တို့ Myanmar Web Designer ရဲ့ main body အပိုင်းကို ချန်ထားခဲ့ပြီး footer ကို အရင် သင်ပြပေးခဲ့ပါတယ်၊ ဒီတစ်ပတ်မှာတော့ main body ထဲက content တွေကို layout ချ တာကို သင်ပြပေးမှာဖြစ်ပါတယ်။
အခု သင်ခန်းစာကို ဘယ်သူတွေ လိုက်နိုင်မလဲ ?
အခု ပြောပြပေးမယ့် သင်ခန်းစာကိုတော့ အောက်က အပိုင်း ၁၊ ၂၊ ၃၊ ၄ တွေကို ဖတ်ကြည့်ပြီး လိုက်လုပ်ဖူးတဲ့ လူတိုင်း လိုက်နိုင်မှာ ဖြစ်ပါတယ်၊
ဒါဆိုရင် ကျွန်တော်တို့ သင်ခန်းစာ စလိုက်ကြရအောင်ဗျာ …

Website ရေးနည်း HTML+CSS (အပိုင်း ၆)

မင်္ဂလာပါ …ဒီတစ်ပိုင်းကတော့ website ရေးခြင်းရဲ့ နောက်ဆုံး အပိုင်းဖြစ်ပါတယ်၊ ကျွန်တော် တင်ပေးထားတဲ့ သင်ခန်းစာတွေကို တောက်လျှောက် လိုက်လုပ်တဲ့လူဆိုရင်တော့ အခု သင်ခန်းစာ ပြီးရင် website တစ်ခုကို ရေးတတ်မှာ သေချာပါတယ်။ ဒီ post အခုမှတွေ့တဲ့လူတွေအတွက်လည်း အရင်သင်ခန်းစာတွေကို ပြန်ညွှန်းပေးပါ့မယ်။
ဒီနေ့ video ကတော့ သုံးပိုင်းရှိပါတယ်၊ သုံးပိုင်း ဆိုလို့ လန့်မသွားပါနဲ့ သုံးခုပေါင်းမှ ၂၇ မိနစ်လောက်ပဲ ရှိတာပါ၊ အဲဒီ video တွေကတော့ –


ဗီဒီယို အပိုင်း ၁

ဗီဒီယို အပိုင်း ၂

ဗီဒီယို အပိုင်း ၃

http://www.myanmarwebdesigner.com/blog/ မှ ကူယူဖြန့်ဝေပါသည်။
Post တင်သူ- Unknown ဒီအချိန်မှာ 10:44 PM


Website ရေးနည်း HTML+CSS (အပိုင်း ၁)


Website ရေးနည်း (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
Website ရေးနည်း သင်ခန်းစာ အကျဉ်း
ဒီ post ဟာ website ရေးခြင်းကို စိတ်ဝင်စားတဲ့ လူတွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်မယ်ထင်ပါတယ်။ အခု သင်ခန်းစာမှာ website တစ်ခုရဲ့ တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေက ဒီသင်ခန်းစာကို လိုက်နိုင်မလဲ?
အခု သင်ခန်းစာကို website တစ်ခုကို မြင်ဖူးတဲ့လူတိုင်း လိုက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော် ဒီ blog ကနေပြီးတော့ တစ်ပတ် တစ်ခါ အားတဲ့အချိန်တွေကို အသုံးပြုပြီး static website တစ်ခုရေးပုံကို အစအဆုံး လမ်းညွှန်သွားပေးဖို့ စဉ်းစားထားပါတယ်။ static website ဆိုတာ ဘာလဲ မသိရင် google မှာ “what is static website” လို့ ရိုက်ရှာကြည့်ပါ။ ကျွန်တော့် post ထဲမှာ ထည့်မရေးတာက မလိုအပ်ပဲ post ရှည်သွားမှာ နဲ့ လမ်းညွှန်မယ့်လူမရှိရင် မလုပ်တတ်မှာစိုးလို့ ထည့်မရေးရတာပါ။ နောက်ပိုင်းမှာလည်း မသိတဲ့ စကားလုံးများ ပါခဲ့မယ်ဆိုရင် ဒီလိုပဲ google မှာ ရှာကြည့်ပါ၊ ရှာကြည့်လို့မှ နားမလည်ဘူးဆိုရင်တော့ comment ချန်ပြီး မေးပါ။ နောက်ပြီေးတာ့ ဒီ blog မှာ post အသစ်တင်လား မတင်လား ခဏခဏ လာဝင်ကြည့်ဖို့ မအားဘူးဆိုရင်တော့ blog ရဲ့ ညာဘက်အခြမ်းမှာ post အသစ်တင်တိုင်း မေးလ်ပို့ပါမည် ဆိုတဲ့ ဘောက်စ်ထဲမှာ e-mail ထည့်၊ subscribe  နှိပ်လိုက်ပါ၊ ပြီးရင် အဲဒီ ထည့်လိုက်တဲ့ email ရဲ့ inbox ကိုသွားပါ၊ Myanmar Website Tutorials ကပို့ထားတဲ့ မေးလ်ရောက်နေပါလိမ့်မယ်၊ အဲဒီမေးလ်ကိုဖွင့်ပြီး confirm ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဒီ blog မှာ post အသစ်တင်တိုင်း သူငယ်ချင်းတို့ရဲ့ inbox ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းက code ရေးတာတွေ ဘာတွေ လုံးဝ မဟုတ်သေးပါဘူး၊ သူများတွေ ရေးထားပြီးသား website ကို ဝင်ကြည့်တဲ့အခါမှာ အဲဒီ website တွေရဲ့ တည်ဆောက်ပုံကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလေ့လာမယ့် website ကတော့ Myanmar Web Designer website ပဲ ဖြစ်ပါတယ်၊ အခု post မှာလဲ ပုံနဲ့တကွ ရှင်းပြပေးမှာဖြစ်ပါတယ်၊ ဒါပေမယ့် website ကို ကိုယ်တိုင်သွားပြီးတော့ အသေးစိတ် လိုက်လေ့လာမယ်ဆိုရင်တော့ ဒီသင်ခန်းစာကို အကောင်းဆုံး နားလည်မှာ ဖြစ်ပါတယ်။
static website တစ်ခုရေးဖို့ဆိုရင် ကျွန်တော်တို့ တတ်ထားရမှာက html နဲ့ css ဆိုရင် ရပါပြီ၊ ဟိုးအရင်တုန်းကတော့ css မပေါ်သေးတော့ html တစ်ခုနဲ့ပဲ ရေးခဲ့ကြရတာ ဖြစ်ပါတယ်၊ html language ထဲက  table ကို အသုံးပြုပြီးတော့ ရေးခဲ့ကြရတာဖြစ်ပါတယ်၊ table နဲ့ ရေးတဲ့အခါမှာ ရေးရတာများတဲ့အတွက်ကြောင့် ရေးချိန်ကြာခြင်း၊ code များခြင်း၊ အရင်တုန်းက ဆိုတော့ internet connection နှေးခြင်း၊ browsers များ version နိမ့်ခြင်း စတဲ့အချက်တွေကြောင့် website ကို online ပေါ်တင်လိုက်တဲ့အခါမှာ website အတက်နှေးခြင်း (slow website download speed) ဆိုတဲ့ ပြဿနာကို တွေ့ကြုံရတဲ့အခါမှာ အဲဒီအတွက် အဖြေရှာရင်း css ဆိုတဲ့ language အသစ်ကို တီထွင်လိုက်ကြပါတယ်၊ တစ်ဘက်ကလည်း browser တွေကို version မြှင့်လာကြပါတယ်၊ connection ကတော့ အခုအချိန်ထိ သားစိုး သီချင်းလိုပဲ “လိမ်ဖယ်၊ လိမ်ဖယ်” ပေါ့ဗျာ … 😛
အဲဒီတော့ ကျွန်တော်တို့ တတ်ရမယ့်ဟာကိုတော့ သိပါပြီ၊ တတ်ရမယ့် language တွေကို မလေ့လာခင် website တည်ဆောက်ပုံကို လေ့လာကြတာပေါ့၊ website ရေးတဲ့အခါမှာ menu အပိုင်း၊ banner (facebook မှာဆိုရင်တော့ cover photo) အပိုင်း၊ body အပိုင်း စသည်ဖြင့် အပိုင်း အပိုင်းတွေ ခွဲပြီး ရေးကြပါတယ်။ အဲဒီ အပိုင်းတွေကို အင်္ဂလိပ်လို “division” လို့ ခေါ်ပါတယ်၊ html မှာတော့ အဲဒီ division ကို အတိုကောက် “div” လို့ သုံးပါတယ်။ အောက်က ပုံကိုကြည့်ပါ။ (ကလစ်နှိပ်ကြည့်ပါက ပုံကို အကြီး မြင်ရပါမည်)
ပုံအရဆိုရင် ကျွန်တော်တို့ လေးထောင့်ကျကျ အကွက်မျိုးဆိုရင် div တစ်ခုလို့တောင် အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။ ဒါကတော့ Myanmar Web Designer website ရဲ့ home page ကို analysis လုပ်ကြည့်တာပါ။ div တည်ဆောက်ပုံကို coding အနေနဲ့ပါ လော့လာချင်တယ်ဆိုရင်တော့ “firebug” ဆိုတဲ့ addon လေးကို firefox မှာ တင်ရပါမယ်၊ firebug ကို တင်ချင်တယ်ဆိုရင်တော့ “firebug addon for firefox” မှာ သွားတင်လိုက်ပါ။ ပြီးရင်တော့ home menu ပေါ်မှာ right click နှိပ်ပြီးတော့ “Inspect element with firebug” ဆိုတာကို နှိပ်လိုက်ပါ။
အဲဒီလို နှိပ်လိုက်မယ်ဆိုရင်တော့ browser ရဲ့ အောက်ခြေနားမှာ အောက်က ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။
ပေါ်လာတဲ့ပုံမှာ အကန့်နှစ်ကန့် ပါပါတယ်၊ ဘယ်ဘက်အခြမ်းက html code တွေကို ဖော်ပြတဲ့ဘက်ဖြစ်ပြီးတော့၊ ညာဘက် အကန့်ကတော့ css code တွေကို ဖော်ပြတဲ့ အခြမ်းဖြစ်ပါတယ်၊ css တွေကို အစီအစဉ်မကျ ပြပေးတာ မဟုတ်ပါဘူး၊ ဘယ်ဘက် အခြမ်း html code တွေထဲက ကျွန်တော်တို့ နှိပ်လိုက်တဲ့ html code နဲ့ ဆိုင်တဲ့ css code တွေကိုပဲ ပြပေးတာ ဖြစ်ပါတယ် ( html နဲ့ css က တွဲသုံးရတာပါ)၊ ဘယ်ဘက်က html code နဲ့ ဆိုင်တဲ့ css တွေ ပေါ်လာအောင် ဘယ်လို လုပ်ရလဲဆိုတော့ <div, <ul, <li, <a, … စသည်ဖြင့် ရှိကြတဲ့ထဲမှာ ထောင့်ကွင်း “<” နောက်ကပ်ရပ်က စာလုံးကို ကလစ်နှိပ်လိုက်တာနဲ့ ညာဘက်မှာ သူနဲ့ဆိုင်တဲ့ css ကို ပြပေးမှာ ဖြစ်ပါတယ်။ css ဘက်အခြမ်းမှာတော့ css တစ်ချို့ကို css စာကြောင်း ရှေ့က stop icon ကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီး error ရှာတာတို့ ဘာတို့ လုပ်ကြည့်လို့ရပါသေးတယ်၊ အခုကတော့ error ရှာစရာ ကိုယ်တိုင်ရေးထားတဲ့ code မရှိတော့ css အပိတ် အဖွင့် လုပ်ပြီး လေ့လာကြည့်ကြပေါ့ဗျာ၊ ကျွန်တော်ကတော့ firebug ကို အချိန်နည်းနည်းပိုပေးပြီး လျှောက်စမ်းကြည့်စေချင်တယ်ဗျ၊ တစ်ခြား site တွေကို ဝင်ကြည့်တဲ့အခါမှာလဲ သူတို့ site တွေကို firebug နဲ့ ဝင်ကလိကြည့်ပေါ့ဗျာ၊ ဒါမှ များများတတ်မှာဗျ။ firebug က အရမ်းအသုံးဝင်တဲ့ tool တစ်ခုဖြစ်လာတဲ့နောက်ပိုင်းမှာ browser တိုင်းလိုလိုက firebug လို element တွေကို inspect လုပ်လို့ရတဲ့ tool တွေကို default အနေနဲ့ ထည့်သွင်းလာကြပါတယ်၊
firefox မှာဆို ctrl+shift+i
google chrome နဲ့ IE မှာဆို f12 နဲ့
opera မှာဆို right click နှိပ်ပြီး inspect element ကို ရွေးပြီးတော့ default inspect tool တွေကို အသုံးပြုနိုင်ပါတယ်၊ ကျွန်တော်ကတော့ firebug ကို အကြိုက်ဆုံးပါပဲ။
ကဲ … website analyzing ကတော့ ဒီလောက်ပါပဲဗျာ၊ နောက်လာမယ့် သင်ခန်းစာမှာတော့ html, css code တွေကို စရေးသားပါတော့မယ်၊ နောက်တစ်ပတ်လောက်မှ ရေးဖြစ်မယ် ထင်တယ်ဗျ၊ အဲဒါကြောင့် subscribe လုပ်ပြီးတော့ အေးအေးဆေးဆေး စောင့်ကြပါဦး၊ ကျေးဇူးတင်ပါတယ်။


Website ရေးနည်း HTML+CSS (အပိုင်း ၂)

မင်္ဂလာပါ …ဒီတစ်ပါတ်တော့ ကျွန်တော်တို့ html နဲ့ css code တွေကို စရေးရပါတော့မယ်။ မရေးခင် ဘယ် language က ဘာအတွက် သုံးတယ်ဆိုတာလေး ပြောချင်ပါတယ်။ html ဆိုတာကတော့ “Hyper Text Markup Language” ရဲ့ အတိုကောက်ဖြစ်ပြီးတော့ website မှာ content (စာ, ဓာတ်ပုံ, ..) တွေထည့်ဖို့ သုံးရတဲ့ language ဖြစ်ပြီးတော့၊ css (Cascading Style Sheet) ကတော့ style sheet ဆိုတဲ့အတိုင်း html က ထည့်ထားတဲ့ content တွေကို ပုံစံပြောင်းခြင်း၊ အလှဆင်ခြင်း အစရှိတာတွေကို လုပ်နိုင်တဲ့ language ဖြစ်ပါတယ်။ဒီသင်ခန်းစာကို ဘယ်လိုလူတွေ လိုက်နိုင်မလဲ?
ဒီသင်ခန်းစာကို “Analyzing a website” ကို ဖတ်ဖူးတဲ့လူတွေ လိုက်နိုင်မှာ ဖြစ်ပါတယ်။
သင်ခန်းစာ အကျယ်
အခြေခံ static website တစ်ခုဖြစ်ဖို့အတွက် ဆိုရင်တော့ Photoshop, HTMLCSS အစရှိတာတွေကိုတော့ အနည်းဆုံး တတ်မြောက်ထားရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အခု ကျွန်တော်တို့က online ကနေသင်ကြားနေတာက တစ်ချက်၊ ဘာမှမသိသေးတဲ့လူတွေပါ လိုက်လုပ်နိုင်စေချင်တာက တစ်ချက် စတဲ့အချက်တွေကြောင့် Photoshop နဲ့ design ဆွဲတဲ့အပိုင်းကို ကျွန်တော် ချန်ထားခဲ့ပါရစေ။ ပုံမှန်အတိုင်းဆိုရင်တော့ design ဆွဲ customer သို့မဟုတ် website လာအပ်တဲ့သူကိုပြ၊ သူတို့က ကြိုက်တယ်၊ အိုခေ ဆိုမှ ကျန်တဲ့ html, css နဲ့ တစ်ခြားဟာတွေကို ဆက်ရေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ကြည့်ဆွဲရမယ့် design ဆွဲထားတာ မရှိပါဘူး။ ဆွဲထားတာ မရှိတော့ ရှိပြီးသား ဒီဇိုင်းတစ်ခုကို ကြည့်ဆွဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြည့်ဆွဲမယ့် design ကတော့ online ပေါ်မှာ ရှိပြီးသားဖြစ်တဲ့ “Myanmar Web Designer” website ဖြစ်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ Myanmar Web Designer ရဲ့ header div အထိကို ပြီးအောင် ရေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို စ မရေးခင် Myanmar Web Designer ရဲ့ header div ကို အသေးစိတ် analysis လုပ်မှာဖြစ်ပါတယ်။ အောက်ကပုံကို ကြည့်ပါ။ အပေါ်ပိုင်းက header div တစ်ခုလုံးကို ပြထားတာပါ၊ အောက်ပိုင်းကတော့ header div ကို အသေးစိတ် ပြထားတာပါ၊ တစ်နည်းအားဖြင့် အောက်က div တွေ အကုန်လုံးက header div ထဲမှာ ပါရှိမှာ ဖြစ်ပါတယ်။ 

ဒါဆိုရင် ကျွန်တော်တို့ စရေးလို့ရပါပြီ၊ code စရေးတဲ့အခါမှာ ရေးဖို့ software (text editor လို့ ခေါ်ပါတယ်) လိုပါတယ်၊ အခုအချိန်မှာတော့ open source text editor ဖြစ်တဲ့ “notepad++” ကို download လုပ်ပြီး သုံးပါ။ ဒီ သင်ခန်းစာ အစအဆုံး ပြီးသွားပြီဆိုရင်တော့ notepad++ ထက် ပိုကောင်းတဲ့ text editor တွေသုံးပါ၊ ကဲ .. ကျွန်တော်တို့မှာ text editor လည်းရှိနေပြီဆိုတော့ coding စရေးကြတာပေါ့။ notepad++ မှာ အောက်က code တွေကို လိုက်ရေးပါ။
<!DOCTYPE html>
<html>
<head></head>
<body></body>
</html>
အဲဒီလိုရေးပြီးပြီဆိုရင်တော့ notepad++ မှာ flie>save ကို သွားပြီးတော့ ရေးပြီးသားကို သိမ်းလိုက်ပါ၊ file name ကိုတော့ index.html လို့ ပေးလိုက်ပါ။ file name ကို အကြီးမသုံးရပါ၊ space မခြားရပါ၊ space အစား “_” ကို သုံးပါတယ်။ online ပေါ်တင်တဲ့အခါ server တွေက linux server တွေများပါတယ်၊ linux မှာက အပေါ်က စည်းမျဉ်းတွေကို လိုက်နာပေးရပါတယ်၊ server အကြောင်းရှင်းပြတာ မဟုတ်လို့ အကျယ်ပြောမနေတော့ပါဘူး၊ အဲဒီ စည်းမျဉ်းတွေကို လိုက်နာပေးပါ၊ အလျဉ်းသင့်ရင် server အကြောင်း ရေးပါဦးမယ်။ ဒါဆို ကျွန်တော်တို့ သိမ်းပြီးပြီဆိုရင် code ကို ရှင်းပြပေးပါမယ်။
ပထမဆုံး တစ်ကြောင်းဖြစ်တဲ့ “<!DOCTYPE html>” ဆိုတာက browser တွေကို ဒီ document အမျိုးအစား (document type) က html အမျိုးအစားဖြစ်တယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့လည်း အခုကျွန်တော်တို့ ရေးနေတာ html ဖိုင်ဆိုတာ သိသွားပြီပေါ့၊ html ဖိုင်ဖြစ်တဲ့အတွက် “<html>” နဲ့ ဖွင့်ပြီေးတာ့ “</html>” နဲ့ ပြန်ပိတ်ပေးရပါတယ်။ အဲဒီ html အထဲမှာမှ head နဲ့ body ကိုလည်း အဖွင့် tag, အပိတ် tag တွေနဲ့ ထည့်ပေးရပါတယ်၊ ခေါင်းနဲ့ ကိုယ် တပ်ပေးလိုက်တာပေါ့ :) ။ tag ဆိုတာ ဘာကြီးလဲ ဆိုတော့ ကျွန်တော်တို့ ထောင့်ကွင်း “<” နဲ့ “>” ပါရင် tag လို့ ခေါ်ပါတယ်။ tag တွေမှာမှ slash “/” မပါတာက အဖွင့်ဖြစ်ပြီးတော့၊ ပါရင် အပိတ် tag ဖြစ်ပါတယ်၊ (ဥပမာ။        ။ <head> သည် head အဖွင့် tag ဖြစ်ပြီး </head> သည် head အပိတ် tag ဖြစ်ပါသည်။)
ဒါဆိုရင် ကျွန်တော်ဖိုင်ထဲမှာ head ပိုင်းနဲ့ body ပိုင်း ဆိုပြီး နှစ်ပိုင်းရပါပြီ၊ အဲဒါတွေကို div တွေနဲ့ သွား မရောပါနဲ့၊ div တစ်ခုမှ မပါသေးပါဘူး၊ အဲဒီတော့ ကျွန်တော်တို့ div တွေကို body ထဲကို ထည့်ပါတော့မယ်၊ တောင်းပန်ပါတယ်၊ အောက်က ဗီဒီယိုကို ဆက်ကြည့်လိုက်ပါ၊ စာရေးရတာ အရမ်းအချိန်ကြာပြီး နားမလည်မှာစိုးလို့ပါ။

ဗီဒီယို အပိုင်း ၁

ဗီဒီယို အပိုင်း ၂

ဗီဒီယို အပိုင်း ၃

ဗီဒီယို အပိုင်း ၎

ဗီဒီယို အပိုင်း ၅

Website ရေးနည်း HTML+CSS (အပိုင်း ၃)

မင်္ဂလာပါ …အရင်တစ်ခေါက်ကတော့ ကျွန်တော်တို့ “Coding header of Myanmar Web Designer
ကို ရေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခေါက် post မှာတော့ mainmenu အပိုင်းကို ရေးမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “firebug” addon ကို မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုပုံကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခါ firefox addon နောက်တစ်ခုကို ကျွန်တော် မိတ်ဆက်ပေးမှာဖြစ်ပါတယ်၊ firefox addon ဖြစ်တဲ့အတွက် firefox မှာပဲ အလုပ်လုပ်မှာပါ၊ တစ်ခြား browser တွေအတွက်လည်း ရှာရင်တော့ ရှိနိုင်ပါတယ်၊ အဲဒီ addon ကတော့ …
web developer” addon ဖြစ်ပါတယ်။ ဒီ addon က လုပ်နိုင်တဲ့ လုပ်ငန်းတွေကတော့ အများကြီးပေါ့။ အဲဒီထဲကမှ ကျွန်တော်က အလျဉ်းသင့်သလောက်ပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်၊ ကျန်တာတွေကိုတော့ ကိုယ့်ဘာသာ စမ်းသပ်ကြည့်နိုင်ရင် ပိုကောင်းတာပေါ့။ အစကတော့ ကျွန်တော် internet connection ကို ငဲ့ပြီး စာတွေနဲ့ပဲ သင်ပေးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ်တန်းကျတော့ စာနဲ့ သင်မယ်ဆိုရင်၊ စာတွေအများကြီးရေးရတဲ့အတွက် အချိန်ပိုကုန်ပါတယ်၊ အချိန်ပိုကုန်တော့ တစ်ပတ် တစ်ပတ်ကို နည်းနည်းပဲ သင်နိုင်ပါတယ်၊ နောက်တစ်ခုက စာနဲ့ရှင်းပြတော့ နားမလည်ဖို့ ရာခိုင်နှုန်းပိုများပါတယ်၊ video နဲ့ကျတော့ သင်ပြပေးတာကို လိုက်ကြည်လို့ရတော့ ပိုနားလည်မယ်ထင်ပါတယ်။ video တွေကို download လုပ်ရတာ အဆင်ပြေအောင် ၁၀ မိနစ်ဝန်းကျင် အပိုင်းလေးတွေ record လုပ်ပေးထားပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ IT လောကမှာ web က တော်တော်လေး တွင်ကျယ်လာဖို့ ရှိပါတယ်၊ ဒါကြောင့် နောက်ပိုင်းကျရင် web design နဲ့ ပတ်သတ်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ များလားမှာပါ။ ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ လေ့လာရတာ အဆင်မပြေတာရှိရင် email တို့ chat တို့ကနေ မမေးပဲ comment မှာ မေးခဲ့နိုင်ပါတယ်၊ ဒါမှသာ တစ်ခြားသူတွေလည်း ပို ဗဟုသုတ ရနိုင်မှာ ဖြစ်ပါတယ်။youtube မှာက default အနေနဲ့ ၁၅ မိနစ်ထက်ပိုတဲ့ video တွေဆို ပေးမတင်ပါဘူး၊ ကိုယ့်ဘာသာ limit ကို တိုးလို့တော့ ရပါတယ်၊ ဒါပေမယ့် သူက နိုင်ငံအပေါ်မူတည်ပါတယ်၊ မြန်မာနိုင်ငံလည်း တိုးလို့တော့ရပါတယ်၊ ဖုန်းနံပါတ် နဲ့ verify လုပ်ခိုင်းပါတယ်၊ ကျွန်တော့် ဖုန်းနံပါတ်နဲ့ verify လုပ်လို့မရလို့ နောက်ထပ် google service တစ်ခုဖြစ်တဲ့ “google drive” မှာ ကျွန်တော် တင်ပြီးတော့ share လုပ်ထားတာဖြစ်ပါတယ်၊ အကျယ်ကြည့်ချင်ရင် “How to create menu with html and css” ကို ကလစ်နှိပ်ပြီး သွားကြည့်လို့ရပါတယ်။Google Drive မှာ download လုပ်ဖို့ အဆင်မပြေတဲ့သူများအတွက် http://www.youtube.com/watch?v=2emQv4s20XY&feature=youtu.be မှာ ထပ်တင်ပေးထားပါတယ်၊ ၂ နေရာလုံးက download လုပ်လို့ရပါတယ်။

http://www.myanmarwebdesigner.com/blog/ မှ ကူယူဖြန့်ဝေပါသည်။
Post တင်သူ- Unknown ဒီအချိန်မှာ 10:41 PM
မင်္ဂလာပါ..
သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။
ခင်ဗျားတို့ကရော blogger ကို ဘာကြောင့် ရွေးသင့်သလဲဆိုတော့ အဓိက အကြောင်းအရင်းကတော့ google ပါပဲ။ Blogger က google product တစ်ခုဖြစ်တဲ့အတွက်ကြောင့် google ရဲ့ မျက်နှာသာပေးခြင်း ခံရပါတယ်။ ဘယ်လိုမျက်နှာပေးခံရလဲဆိုတော့ –
– Google ရဲ့ hosting မှာ website run ခွင့်ရတဲ့အတွက် website အမြန်နှုန်း စိတ်မပူရခြင်း။
– SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း။
– Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website ကို လူဝင်များအောင် ပြုလုပ်နိုင်ခြင်း။
– ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။
အဲဒီလို မျက်နှာသာပေးခြင်း ခံရတဲ့အပြင်၊
– blogger က interface ကောင်းမွန်တဲ့အတွက် အသုံးပြရလွယ်ကူပါတယ်။ (interface ဆိုတာက တော့ တစ်စုံတစ်ခုကို ခင်းကျင်းပြသပုံ နဲ့ design ကို ရောခေါ်တာပါ။ interface ကောင်းတယ်ဆိုရင် design လည်း ကောင်းရမယ်၊ layout လို့ ခေါ်တဲ့ ခင်းကျင်းပြသပုံလည်း ကောင်းရပါမယ်။ ဒါမှသာ အသုံးပြုသူတွေက ကောင်းကောင်း သုံးတတ်မှာဖြစ်ပါတယ်။)
– adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
– Widgets များကောင်းမွန်ခြင်း။
စတဲ့အချက်တွေကြောင့် blogger ကို အသုံးပြုသင့်ပါတယ်။ ဒီအချက်တွေကိုတော့ နောက်လာမယ့် post မှာ အသေးစိတ် ရှင်းပြပါမယ်။ အခု post ရဲ့ အဓိက အကြောင်းအရာက blogger website တစ်ခု ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်တဲ့အတွက် blog လုပ်ပုံကို ဆက်ရှင်းပြပါမယ်။ Blogger blog တစ်ခု ပြုလုပ်ဖို့အတွက် gmail အကောင့် တစ်ခုရှိရပါမယ်။ ဒါကလည်း သိပ်ခက်ခဲနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ အားလုံးနီးပါးမှာ အနည်းဆုံး gmail အကောင့် တစ်ခုတော့ ရှိကြတာပါပဲ။ အရင်ဆုံး လုပ်ရမှာကတော့ အဲဒီ gmail အကောင့်ကို sign in ဝင်လိုက်ပါ။ sign in ဝင်ပြီးပြီဆိုရင် www.blogger.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလေးတွေ ဆက်ကြည့်ပြီး လုပ်သွားပါ။

blogger-new-blog
New Blog ကို click နှိပ်ရပါမယ်
blogger-creation-steps
ဒီပုံမှာတော့ ရှင်းပြရမှာ များလို့ အမှတ်စဉ်တွေ တပ်ပြထားပါတယ်။ အဲဒီအမှတ်စဉ်တွေရဲ့ ရှင်းလင်းချက်ကတော့ အောက်ပါအတိုင်းပါ။
(၁) မိမိလိုချင်တဲ့ website ရဲ့ နာမည် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
(၂) လိုချင်တဲ့ website လိပ်စာ ရိုက်ထည့်ရမှာပါ။ (ဥပမာ။ ။ www.myanmarseo.blogspot.com) ဖြစ်ပါတယ်။ ဒီဥပမာအရဆိုရင် ကျွန်တော်တို့ ရိုက်ထည့်ရမှာက myanmarseo တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့နောက်ကစာတွေက ပါပြီးသားဖြစ်ပါတယ်။ website လိပ်စာရိုက်ထည့်တဲ့အခါ အကြီးမသုံးရပါဘူး၊ space မခြားရပါဘူး။
(၃) နံပါတ် ၃ ကတော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ ရ / မရ စစ်ပေးတာဖြစ်ပါတယ်။ အမှန်ခြစ် ပြတယ်ဆိုရင် ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ရပါတယ်။ အမှားပြတယ်ဆိုရင်တော့ ယူလို့မရပါဘူး။ တစ်ခြား လိပ်စာ ရိုက်ထည့်ရပါမယ်။
(၄) template ဆိုတာကတော့ ခင်ဗျား blog ရဲ့ design ကို ရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ လိုချင်တဲ့ ပုံစံ မရှိလည်း တစ်ခုတော့ ရွေးလိုက်ပါ။ နောက်မှ ပြန်ပြောင်းလို့ရပါတယ်။
(၅) အပေါ်က အဆင့်လေးဆင့်လုံး လုပ်ပြီးပြီဆိုရင်တော့ Create Blog ကို click နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ အပေါ်က အဆင့် (၂) မှာ ရိုက်ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ကိုယ်ပိုင် blog တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိ blog ရဲ့ ထိမ်းချုပ်မှုအပိုင်းကိုတော့ အောက်ပါအတိုင်း မြင်ရပါမယ်။
blogspot-control-panel

ဒါဆိုရင် အနီရောင်ဘောင်ခတ်ထားတဲ့ ထဲက “Posts” ထဲကိုဝင်ပြီးတော့ New Post ကိုနှိပ်ပြီး၊ မိမိ blog မှာ စာတွေတင်လို့ရပါပြီ။
Post တင်သူ- Unknown ဒီအချိန်မှာ 10:35 PM
like-and-share
 Blog မှာ Facebook like and share button ထည့်လို့မရလို့  အီးမေးလ်ထဲမှာ မေးလာတာလေးပါ။ အရင်က တင်ဖူးတဲ့ Blog မှာ Facebook comment box ထည့်နည်း ကို ဖတ်ထားဖူးရင်တော့ တစ်ဝက်လောက် လုပ်တတ်နေလောက်ပါပြီ။
အခုပြောပြမယ့်နည်းကတော့ Facebook က တရားဝင် သတ်မှတ်ထားတဲ့၊ တရားဝင်ပေးထားတဲ့ code တွေနဲ့ ထည့်ပြပေးမှာဖြစ်ပြီးတော့ HTML5 နဲ့ ထည့်ပြမှာဖြစ်ပါတယ်။ Google Blog တင်မဟုတ်ပါဘူး၊ WordPress blog မှာလည်း ဒီနည်းအတိုင်း ထည့်လို့ရပါတယ်။ Code ထည့်ရမယ့်နေရာတော့ ကွာပါတယ်။ မေးလာသူက Google blogspot နဲ့မေးလာတာမို့လို့ blogspot နဲ့ လုပ်ပုံလုပ်နည်းကိုပဲ တင်ပေးလိုက်ပါတယ်။
အရင်ဆုံးလုပ်ရမှာက Back up ပါ။ မိမိ blog ကို ဘာပဲပြင်ပြင် back up လုပ်ထားဖို့ အရေးကြီးပါတယ်။ Back up လုပ်ပြီးရင်လည်း နောက်ဆုံး ပြင်တာဆင်တာ အားလုံးအဆင်ပြေပြီဆိုပြီး ဖျက်ပစ်လိုက်ရမှာမဟုတ်ပါဘူး။ သူ့ဟာနဲ့သူ အဓိပ္ပါယ်ရှိတဲ့ နာမည်ပေးပြီး သိမ်းထားတာကောင်းပါတယ်။ ကဲစပါမယ်။
  • ဘလော့ထောင်ထားတဲ့ G-mail အကောင့်ကို browser မှာ login လုပ်ပါ
  • blogger.com ကိုသွားပါ
  • ရောက်ပြီဆိုရင် blog တစ်ခုထက်ပိုလုပ်ထားတဲ့သူက ပြင်ချင်တဲ့ blog ကိုနှိပ်လိုက်ပါ။
  • ပြီးရင် Template > Backup / Restore > Download full template ကိုနှိပ်လိုက်ပါ။
  • download ကျလာတဲ့ဖိုင်လေးကို b4_fb_like_share_btn.xml လို့နာမည်ပေးပြီး လုံခြုံတဲ့နေရာမှာ သိမ်းလိုက်ပါ။
ဒါဆိုရင် ဖိုင်နာမည်ကိုကြည့်လိုက်တာနဲ့ ဒီဖိုင်က Facebook like နဲ့ share button မထည့်ခင်ကဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင် နောက်တစ်ချိန်မှာ အခက်အခဲရှိတာနဲ့ အဲဒီဖိုင်တွေကို ပြန်ကြည့်ပြီး ပြန်တင်နိုင်ပါတယ်။
Back up လုပ်ပြီးရင်တော့ လုပ်ငန်းစပါတော့မယ်။ Template > Edit HTML ကိုနှိပ်ပါ။
01
အဲဒီမှာ template ကုဒ်တွေ တွေ့ရပါမယ်၊ Ctrl+f နှိပ်ပြီးတော့ <body လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ ဒါဆိုရင် body tag ရှိတဲ့နေရာကို ပြပေးပါလိမ့်မယ် (ဥပမာ။ <body ……………………….. >) အစက်တွေချပြထားတာက တစ်ခြားကုဒ်တွေရှိမှာကို ပြောတာပါ။ အပိတ်ထောင့်ကွင်း (>) လေးရဲ့နောက်မှာ Enter တစ်ချက်နှိပ်၊ ပြီးရင် အောက်မှာပေးထားတဲ့ ကုဒ်ကို ကူးထည့်လိုက်ပါ။ မထည့်ခင် ထည့်ပြီးသားရှိမရှိ စစ်ပါ။ ရှိပြီးသားဆိုရင် ထပ်ထည့်ဖို့ မလိုပါ။
Facebook plugins တွေပေါ်ဖို့ Javascript Software Development Kit (JS SDK) ကို ထည့်လိုက်တာပါ။ နောက်တစ်ဆင့်အနေနဲ့ <data:post.body/>ကို ရှာလိုက်ပါ။ <data:post.body/> တွေ့တိုင်း သူ့ရဲ့အပေါ်မှာ အောက်က ကုဒ်ကို ထည့်ပါ။ ထည့်ပြီးသားတွေ ပြန်မထည်မိပါစေနဲ့။
ပြီးရင်တော့ Save Template ကိုနှိပ်ပြီး သိမ်းလိုက်ပါ။ ဒါဆိုရင် blog ရဲ့ post ခေါင်းစဉ်အောက်တွေမှာ Like & Share ခလုတ်လေးတွေ ပေါ်လာပါပြီ။
ဒါဆိုရင် Facebook like & share button ထည့်ပြီးသွားပါပြီ။ အဆင်မပြေဘူးဆိုရင်တော့ comment ရေးခဲ့ပါတယ်။ အဆင်ပြေတယ်ဆိုရင်တော့ ညာဘက်က like & share လေးနှိပ်ပြီး Facebook က သူငယ်ချင်းတွေကို ထပ်ဆင့် မျှဝေလိုက်ပါ။