12 June 2014

Post တင်သူ- Unknown ဒီအချိန်မှာ 9:27 AM

 screen480x480

iPad ဗားရှင်းအနေနဲ့ Microsoft Office ဟာ ပေးအပ်ဖို့ အချိန်လွန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ Apple ရဲ့ ပထမဦးဆုံးသော တက်ဘလက်ထွက်ရှိပြီး လေးနှစ်အကြာမှာ ရုတ်တရက် အံ့အားသင့်ဖွယ်များစွာနဲ့ အတူ ရရှိနိုင်ခဲ့ပြီး အဲဒါက Windows 8 အတွက် တို့ထိသုံးစွဲနိုင်မယ့် app ကိုရရှိနိုင်ဖို့ ပေးထားတဲ့ကတိအတိုင်းမရရှိနိုင်သေးမီ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ Suite မှာ သီးခြား apps လေးခုပါဝင်ပြီး အဲဒါတွေကတော့ Word, Excel,Power Point နဲ့ OneDrive တို့ပဲဖြစ်ပါတယ်။ Apps ကို free အနေနဲ့ download လုပ်လို့ရနိုင်ပေမယ့် သင့်ရဲ့ဖိုင်များကို တည်းဖြတ်ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် Office 365 subscription ရှိထားရမှာဖြစ်ပါတယ်။ အဲဒိ subscription တစ်ခုမှရှိမထားရင်တော့ သင့်အနေနဲ့ ကြည့်ရုံသာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Office 365 Home Premium ကို subscript လုပ်မယ်ဆိုရင် တစ်နှစ်ကို £60 ကျသင့်မှာဖြစ်ပါတယ်(www.snipca.com/11874 မှ ရယူရမှာပါ)၊ဒါမှမဟုတ် လအလိုက်ဆိုရင်တော့ တစ်လကို £8 ကျသင့်မှာဖြစ်ပါတယ်(www.snipca.com/11875 မှရယူရမှာပါ)။ ထို့နောက်မှာတော့ Office ကို iPads ငါးလုံး အထိနဲ့ ပီစီသို့မဟုတ် Mac ငါးလုံးအထိမှာ install နိုင်မှာဖြစ်ပါတယ်။ ဒါက တကယ်လို့ သင့်အိမ်မှာ များစွာသော devices တွေရှိတယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေမှာဖြစ်ပေမယ့် သင့်မှာ tablet တစ်လုံးသာ ရှိမယ်ဆိုရင်တော့ ပိုနေမှာမှာဖြစ်ပါတယ်။ iPad တစ်လုံးနဲ့ ကွန်ပျူတာတစ်လုံးအတွက် ပိုမိုဈေးသက်သာသော subscription လုပ်နိုင်ဖို့ ဒီနှစ်အကုန်လောက်မှာရရှိနိုင်ပါလိမ့်မယ်လို့ ကတိပြုထားပါတယ်။

OneDrive ———— သင့်ရဲ့ဖိုင်တွေကို Office apps ထဲထည့်သွင်းဖို့ အဲဒါတွေကို သင့်ကွန်ပျူတာမှ USB ကနေသော်လည်းကောင်း၊ Microsoft ရဲ့ One Drive cloud သိုလှောင်မှုစနစ်ထဲသို့ ထည့်သွင်းသိမ်းဆည်းထားပြီးရယူသုံးစွဲ၍ သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ OneDrive account အမျိုးအစားငါးမျိုး ရှိကာ တစ်ခုစီမှာ Home Premium subscription တစ်ခုနဲ့အတူပါဝင်ပါတယ်။ တကယ်လို့သင်က အွန်လိုင်းမှာရှိမနေတဲ့အခါ သင့်ရဲ့ ဖိုင်တွေကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တယ်ဆိုရင် အဆိုပါပြောင်းလဲမှုများအား သိုလှောင်သိမ်းဆည်းထားပြီး နောက်တစ်ခါသင်က
အွန်လိုင်းနဲ့ချိတ်ဆက်လိုက်တဲ့အခါ upload တင်သွားမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ iPad မှာ ပြင်ဆင်တည်းဖြတ်ထားတာတွေကို ကို upload လုပ်နိုင်ဖို့ အခွင့်မရေးမရသေးခင် သင်က သင့်ရဲ့ပီစီမှာ ဖိုင်တစ်ခုကို ပြင်ဆင်ပြီး upload လုပ်တဲ့အခါမှာ ဗားရှင်းနှစ်ခုစလုံးအနေနဲ့ ဖိုင်တွေကိုသီးခြား သိမ်းဆည်းထားမှာဖြစ်ပါတယ်။ Google Drive app နဲ့မတူညီတာကတော့ ဖိုင်တစ်ခုနဲ့ပတ်သက်ပြီး အခြားသူများနဲ့အတူ တစ်ပြိုင်နက်တည်း လုပ်ဆောင်တာ၊ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ပြောင်းလဲလုပ်ဆောင်မှုတွေကိုမြင်ရတာတွေအတွက် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ Office မှာ “save and refresh” feature ပါဝင်ပြီး အဲဒိလုပ်ဆောင်ချက်ဟာ ပူးတွဲလုပ်ဆောင်သူများအနေဖြင့် သူတို့ရဲ့ documents များမှာ ပြုပြင်ပြောင်းလဲမှုများလုပ်တဲ့အခါမှာ update လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာက ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ပေမယ့် Google ရဲ့ နည်းစနစ်တွေလောက်တော့ အဆင်ပြေချောမွေ့မှုမရှိသေးပါဘူး။ Word ဖိုင် format က .docx , Excel က .xlsx နဲ့ PowerPoint ကတော့ .pptx ဖြစ်ပါတယ်။သင့်အနေနဲ့ ယခင်ကရှိခဲ့တဲ့ Office ဖိုင် format အဟောင်းတွေ( ဥပမာ .doc) ကို import လုပ်နိုင်မှာဖြစ်ပေမယ့်လည်း Microsoft ဖိုင် format မဟုတ်တဲ့ .rtf,.txt နဲ့ .csv တို့ လိုမျိုး formats တွေကိုတော့ import လုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။
Word ——-ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်အရ iPad ရဲ့ Word ဗားရှင်းဟာ Word 2013 နဲ့ Word Online(သုံးစွဲသူများကို Web browser ကနေ documents တွေကို တည်းဖြတ်မှုတွေလုပ်ဆောင်နိုင်စေဖို့ တဖြည်းဖြည်း လျှော့ချလာတဲ့ဗားရှင်း)တွေလိုမျိုးဖြစ်ပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ web-based ဗားရှင်းနဲ့ပိုနီးစပ်လာပါတယ်။ Ribbon toolbar ရဲ့ Home tab မှာ hilighter,text-formattin options(စာလုံးအရွယ်အစားနဲ့ bullet points များလိုမျိုး) နဲ့ text-positioning tools( စာညှိတဲ့ indentations လိုမျိုး)၊ အခြားသော tabs များဖြစ်တဲ့ table များ၊ ဓာတ်ပုံများ၊ hyperlinks များနဲ့ များစွာသော shaped text boxes များ ပေါင်းထည့်ဖို့ တွေပါဝင်ပြီး အခြားသော အချက်များအဖြစ် စာရွက်ရဲ့ အနေအထား orientation ၊ စာမျက်နှာ အရွယ်အစား၊ မာဂျင်၊ headers နဲ့ footers စတာတွေကို ထိန်းချုပ်နိုင်ဖို့တွေပါဝင်ပါတယ်။ စာလုံးများကိုစစ်ဆေးပေးတဲ့ Spelling Checker နဲ့ စာလုံးအရေအတွက်ကိုစစ်ပေးတဲ့ Word Count တို့လည်းပါဝင်ပြီး ပြောင်းလဲမှုမျာိးကု ခြေရာခံပေးမှာဖြစ်ကာ commenting tools များအဖြစ်လုပ်ဆောင်ပေးပါတယ်။မျက်နှာပြင်ပေါ်မှာပါရှိတဲ့ကီးဘုတ်က စာရိုက်တည်းဖြတ်မှုတွေလုပ်ဆောင်ဖို့ အလွန်သေးငယ်သောကြောင့် စာရှည်ရှည်ရိုက်ရမယ့် projects တွေအတွက် Bluetooth ကီးဘုတ်နဲ့သုံးစွဲဖို့ မဖြစ်မနေလိုအပ်မှာပါ။ သို့သော်လည်း သိသာထင်ရှားသော အသုံးတည့် features တွေက ပါဝင်လာခြင်းမရှိပါဘူး။ Templates များကို သုံးစွဲနိုင်သော်လည်း document-formatting themes များနဲ့ Word 2013 ရဲ့ citation နဲ့ bibliography features တွေတော့မပါဝင်ပါဘူး။ အရေးအကြီးဆုံး အချက်အဖြစ်ကျန်ရှိခဲ့တာက Print လုပ်နိုင်စွမ်းမရှိဘဲ Excel နဲ့ Power Point တွေမှာလည်းကျန်ရှိခဲ့ကြပါတယ်။ သို့သော်လည်း မိုက်ခရိုဆော့ဖ် ကနောက်ထပ်ထွက်ရှိလာမယ့် ဗားရှင်းတွေမှာပါဝင်လာမယ်လို့ ကတိပြုထားပါတယ်။ ဒီလို ကျန်ရှိခဲ့မှုများရှိနေပေမယ့် Microsoft Word တက်ဘလက်ဗားရှင်းက အသိအမှတ်ပြုလောက်အောင်ခံ့ညားမှုများရှိနေပါသေးတယ်။

Excel ——-Excel ဟာ iOS ဗားရှင်းအနေနဲ့ အကောင်းဆုံးသော ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်မြင့်မားသော Spreadsheet app တစ်ခုဖြစ်ပါတယ်။အသုံးတည့်သော document template များစွာပါဝင်ပြီး အဲဒိထဲမှာ invitation trackers, invoices နဲ့ inventory lists တွေလည်းပါဝင်ပါတယ်။ Ribbon toolbar ပေါ်မှာပါရှိတဲ့ tab က Excel မှာသုံးစွဲနိုင်မယ့် တွက်ချက်မှုဖော်မြူလာများစွာ ပါဝင်မှာဖြစ်ပြီး အဲဒိမှာ အရိုးရှင်းဆုံး ပေါင်းခြင်းကိစ္စများမှသည် ရှုပ်ထွေးလှသော လောဂျစ်နဲ့ ထြီဂိုတွက်ချက်မှုများအထိ ပါဝင်ပါတယ်။ Excel ရဲ့ ကိုယ်ပိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ မျက်နှာပြင်ပေါ်က ကီးဘုတ်က အချက်အလက်များကို မြန်မြန်ဆန်ဆန်နဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ Worksheet တစ်ခုမှာရှိတဲ့ data များကို ကြီးစဉ်ငယ်လိုက် သို့မဟုတ် ငယ်စဉ်ကြီးလိုက်စဉ်နိုင်မှာဖြစ်သလို ရိုးရှင်းသော ဂရပ်များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အဆင့်မြင့် ဂရပ်ဆွဲတဲ့ options များဖြစ်တဲ့ Pivot Tables တွေတော့မပါဝင်ပါဘူး။သီးခြားစီရှိနေတဲ့ Cells အုပ်စုများကို select လုပ်ရတာရိုးရှင်းလွယ်ကူသော်လည်း သီးခြား ရွေးချယ်ထားမှုများမှာ Sorting စီတာနဲ့ပတ်သက်ပြီး ရရှိနိုင်တဲ့ options တွေက အကန့်အသတ်ရှိနေတဲ့အတွက် သင့်အနေနဲ့ ပိုမို လွယ်ကူစွာလုပ်ဆောင်နိုင်စေရန် အဲဒါတွေကို ကော်ပီကူးကာ sheet အသစ်ထဲမှာ ထည့်သွင်းပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သိပ်အံ့သြဖို့မရှိတာက macros တွေကို မ run နိုင် မဖန်တီးနိုင်ပါဘူး။ ဒီလိုအကန့်အသတ်တွေရှိနေသော်လည်း Excel က ကျွန်တော်တို့အသုံးပြုခဲ့ကြတဲ့ iOS spreadsheet app တွေထဲမှာတော့ အကောင်းဆုံးရှိနေပါတယ်။
 
 
 PowerPoint ————– များစွာသောလူတွေက Power Point app ကို edit လုပ်ဖို့ထက်စာရင် Presentation ပြသဖို့ပိုမိုသုံးစွဲကြပါတယ်။ Presentation ပြသဖို့အတွက် သူ့ရဲ့ ပြိုင်ဖက်တွေထက်စာရင် အနည်းငယ်သာ ဖော်ပြဖို့လိုအပ်မှာပါ။ သင့်အနေနဲ့ Presentation တစ်ခုကို တည်းဖြတ်ဖို့လိုအပ်တဲ့အခါသုံးစွဲဖို့ အရေးကြီးသော tools များကို ဒီနေရာမှာထည့်သွင်းထားပါတယ်။ပုံရဲ့ အရွယ်အစားတွေကိုညှိဖို့ နဲ့ စာသားတွေကို format ပြောင်းဖို့ ရိုးရှင်းလွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။များစွာသော templates တွေကိုလည်းရရှိနိုင်ပြီး သင့်ရဲ့ presentation ကို တစ်သမတ်တည်းကြည့်ရှုနိုင်စေမှာဖြစ်ကာ များစွာသော effects တွေဖြစ်တဲ့ wipes , fades နဲ့ အခြားသော transitions တွေကို slide တစ်ခုမှ အခြားတစ်ခုသို့ အကူးအပြောင်းတွေမှာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ တစ်ခုတည်းသောကျန်ရှိခဲ့တဲ့ feature ကတော့ slide တွေမှာ video clips တွေ ထည့်သွင်းနိုင်စေဖို့ဖြစ်ပြီး ပြိုင်ဖက် app ဖြစ်တဲ့ Apple ရဲ့ Keynote app မှာတော့ အဲဒိ လုပ်ဆောင်ချက်ပါဝင်ပါတယ်။
Conclusion ————– iPad အတွက် Office ဟာ တော်တော်ကောင်းမွန်ပြီး interface ကလည်း နားလည်ရလွယ်ကူစေပါတယ်။ Desktop ပီစီ ဗားရှင်းမှာပါဝင်တဲ့ features တွေအားလုံးတော့မပါဝင်ပါဘူး။ သို့သော်လည်း နေ့စဉ်သုံးစွဲဖို့ လိုအပ်တဲ့ tools တွေ အများစုတော့ပါဝင်ပါတယ်။ ဒီ App မှာ ကျွန်တော်တို့ စမ်းပြီးဖွင့်ကြည့်ခဲ့တဲ့ဖိုင်တွေပွင့်ပါတယ်။ ဂရပ်တွေနဲ့ တွက်ချက်မှုဆိုင်ရာ fields တွေအများကြီးပါဝင်တဲ့ Excels ဖိုင်တွေမှသည် format များစွာလုပ်ထားတဲ့ Word documents တွေ အထိ ဖွင့်နိုင်ပြီး ကျွန်တော်တို့ရဲ့ Desktop PC တွေမှာ ဖန်တီးထားတဲ့ third-party fonts တွေလောက်ပဲကျန်ခဲ့မှာဖြစ်ပါတယ်။ Office လိုမျိုး apps တွေက ဒီလို ရှုပ်ထွေးတဲ့ဖိုင်တွေနဲ့ပတ်သက်ပြီး အနည်းငယ်တော့ ဒုက္ခတွေ့ရလေ့ရှိပါတယ်။ Print လုပ်နိုင်စွမ်းမရှိခြင်းက စိတ်ပျက်စရာဖြစ်စေပြီး အထူးသဖြင့် ပြိုင်ဖက် Office-compatible apps တွေက ဒီ လုပ်ဆောင်နိုင်စွမ်းကို ထည့်သွင်းပေးထားကြပါတယ်။ ပိုကြီးတဲ့ပြဿနာကကတော့ဈေးနှုန်းပိုင်းပါ။ သင့်ရဲ့အိမ်မှာ များစွာသော devices တွေမရှိရင် (သို့မဟုတ်)အခြားသော သူများနဲ့တွဲဖက်ပြီး ရှုပ်ထွေးလှသောဖိုင်တွေကို အတူတကွပူးပေါင်းဆောင်ရွက်လေ့မရှိရင် တစ်နှစ်တာ £60 ကများနေသလိုပါပဲ။ Office apps ကတကယ့် ကိုကောင်းမွန်တဲ့ apps ဖြစ်နေသော်လည်း များစွာသော သူတွေက သူ့လောက် powerful မဖြစ်ပေမယ့် ဈေးနှုန်းသက်သာတဲ့ အလားGoogle Drive နဲ့ Apple ရဲ့ iWork apps တွေကို ရယူသုံးစွဲနိုင်ပါတယ်။ Microsoft Office ထဲက app ၂ ခုဖြစ်တဲ့ Excel နဲ့ Word ကိုတော့ ( PNK ) Link ကနေ ရယူသုံးစွဲကြည့်နိုင်ပါတယ်

0 အကြံပြုစာရေးရန်:

Post a Comment