08 November 2013

Post တင်သူ- Unknown ဒီအချိန်မှာ 2:16 AM
ဒီကောင်လေးကတော့ မိမိတို့ရဲ့ Wifi အတွင်းမှာ ဝင်ရောက်သုံးစွဲနေတဲ့၊ လိုင်းမိနေတဲ့ စက်တွေကို တစ်မိနစ်တော့ မိမိစက်ကနေ ပိတ်ထားလို့ ရပါတယ်..။ တစ်ခါပိတ်ရင် တစ်မိနစ်ပဲ ပိတ်လို့ရမှာ ဖြစ်ပြီး ၊ ခဏခဏ အသုံးပြုလို့ ရပါတယ်..။ ကိုမင်းသူလိုချင်သလို စက်တလုံးပဲ ပေးသုံးဖို့ဆိုတာတော့ ကျနော်နည်းလမ်းတွေ ရှာလို့ မတွေ့သေးပါ..။ နောက်တနည်းကတော့ မိမိရဲ့ Wifi ပါတ်စ်ဝါဒ့်ကို မကြာမကြာ ပြောင်းလဲပြီးသုံးရင်လည်း အဆင်ပြေတဲ့ နည်းလမ်းကောင်းလေးပါ..။ ဒီကောင်လေးနဲ့လည်း မိမိရဲ့ Wifi အတွင်းမှာ ဘယ်နှယောက် အသုံးပြုနေလည်း ဆိုတာကို ကြည့်လို့ ရမှာဖြစ်ပြီး ၊ မိမိမသိတဲ့ စက်တွေပေါ်နေရင်တော့ Wifi Password ကို အမြန်ပြောင်းဖို့၊ အလွယ်ရှာဖို့ နည်းလမ်းကောင်းလေးပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။
ဒီဆော့ဝဲလ်လေးကို မြန်မာပြည် အလည်ပြန်သွားတဲ့ ကျနော့် သူငယ်ချင်း၊ ကျနော်တို့ ကွန်ပျူတာသင်တန်း တခုထဲမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း ရဲဝင်းနိုင် က ဟိုအရင်ကတည်းက Gmail ကနေ ပို့ပေးထားခဲ့တာပါ..။ ကြာပြီဖြစ်လို့ ဒီဆော့ဝဲလ်ကို ကျနော် မေ့နေပါပြီ..။ အခုတောင်းတဲ့လူနဲ့ တိုက်ဆိုင်လာတော့မှ Gmail ကနေ ပြန်ဒေါင်းယူပြီး အားလုံးပဲ အသုံးပြုနိုင်အောင် ပြန်တင်ပေးလိုက်တာပါ..။ အတွေး၊ ကဗျာ၊ သတင်းတွေ တင်ပေးနေတဲ့ ကျနော့်သူငယ်ချင်း ရဲဝင်းနိုင် ရဲ့ Blog လေးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။ အောက်မှာလည်း Gmail ကနေ သူရေးပေးထားတဲ့ စာလေးကို အသုံးပြုတတ်အောင် ပြန်လည် ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..။



Download Link  Netcut 2.1.4
                    PNK
                   PNK-
   


ကျနော့် Gmail မှာ အသုံးပြုတတ်အောင် သူငယ်ချင်း ရဲဝင်းနိုင် ရေးပေးထားတဲ့ စာလေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Run as administrator နဲ့ ဖွင့်သုံးပါ..။


အပေါ်ကအတိုင်း ဒီကောင်ေးလကို Run ဖွင့်လိုက်ရင်တော့ မိမိတို့ရဲ့ Wifi အတွင်းက အင်တာနက် မိနေတဲ့ စက်တွေကို အောက်ကပုံအတိုင်း မြင်ရမှာပါ..။ ဒီပုံမှာတော့ ကျနော် တစ်ယောက်ထဲပဲ အသုံးပြုသူရှိလို့ ဒီလိုပေါ်နေတာဖြစ်ပြီး၊ အသုံးပြုသူ များရင် များသလို စက်နာမည်တွေနဲ့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ လိုင်းပိတ်ထားလိုတဲ့ စက်နာမည်ပေါ်မှာ အောက်ကပုံအတိုင်း တချက်ကလစ်ပြီး Cut off (Ready) စာသားကို နှိပ်ပေးလိုက်ရင် အဲ့ဒီစက်မှာ တစ်မိနစ်တိတိ အင်တာနက်ကို အသုံးပြုလို့ မရတော့ပါဘူး..။ ကျနော်စမ်းသုံးကြည့်ပြီး အဆင်ပြေတဲ့အတွက် ပြန်တင်ပေးလိုက်ခြင်းပါ..။


မိမိတို့ ပိတ်လိုက်တဲ့ စက်တွေမှာတော့ အောက်ဆုံးပုံလေးအတိုင်း အနီရောင်လေးနဲ့ ဖေါ်ပြပေးနေပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးနဲ့ အသုံးပြုလို့ အဆင်ပြေလောက်ပါပြီ..။

0 အကြံပြုစာရေးရန်:

Post a Comment