11 September 2015

Post တင်သူ- Unknown ဒီအချိန်မှာ 8:58 AM
heart emoticon သားရေ...

ငိုသံတွေကို လမ်းခင်းပြီးမှ

မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်

အဲဒီလမ်းကို မလျှောက်လေနဲ့။


heart emoticon မိုးလောက်ကြီးပဲ မြင့်ပါစေ

လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ

မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်

အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။


heart emoticon မင်းရဲ့ ယုံကြည်ချက်ကြောင့်

ဘ၀တွေပျက်

အိုးအိမ်တွေပျက်

မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း

ကြေကွဲပျက်စီးရမယ်ဆိုရင်

အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။


heart emoticon မသိနားမလည်သူ

လူတွေကို လှည့်စားပြီးမှ

ဇိမ်ခံခွင့်ရမယ်ဆိုရင်

အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။


heart emoticon ဒီလောကကြီးမှာ

သစ်သီးကလေးတစ်လုံး သီးဖို့

အချိန်တွေ အများကြီးယူရတယ်


ပန်းကလေးတစ်ပွင့် ပွင့်ဖို့

အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်

မြေနီလမ်း နံဘေးက

တောပန်းကလေးတွေကအစ ကြင်နာပါ


heart emoticon ဒုက္ခရောက်သူကို ဖေးကူပါ

လူ့သိက္ခာကို စောင့်ရှောက်ပါ

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။


heart emoticon ရိုးသားဖြူစင်သူတွေကို

တစ်ဖက်သတ် အနိုင်ယူပြီးမှ

မင်းရဲ့ သရဖူကို ရမယ်ဆိုရင်

အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

¨*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾

0 အကြံပြုစာရေးရန်:

Post a Comment