17 January 2016

Post တင်သူ- Unknown ဒီအချိန်မှာ 10:29 PM
မြန်မာဖောင့်တွေထဲမှာ Unicode standard နဲ့ မကိုက်တဲ့ font တွေက များတဲ့အတွက်။ Font converter တွေကိုလည်း တဖြည်းဖြည်းရေးပြီး online မှာ တင်ပေးလာကြပါတယ်။ အထူးသဖြင့် အပြောင်းရဆုံးကတော့ Zawgyi to Unicode သို့မဟုတ် Unicode to Zawgyi ပဲဖြစ်ပါတယ်။
မြန်မာစာအတွက် Unicode font ကိုသုံးဖို့ campaign တွေလုပ်လာကြတဲ့အခါ လူတွေက Unicode ကိုလည်း သုံးတော့ သုံးလာပါတယ်။ ဒါပေမယ့် Zawgyi font ကိုတော့ စွန့်လွှတ်ဖို့ မလွယ်သေးဘူး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ သူတို့နှစ်ခုကြား font convert လုပ်တာ ပိုများမယ်လို့ ခန့်မှန်းရပါတယ်။
အစိုးရဝန်ထမ်းတွေကတော့ ခုနောက်ပိုင်းစာရိုက်ရာမှာ Myanmar2, Myanmar3 စတဲ့ font တွေသုံးလာပါပြီ။ ဒါပေမယ့် အရင်က Win font တွေကို သုံးခဲ့တဲ့အတွက်ကြောင့် Win font to Unicode converter ကိုသုံးဖို့ လိုအပ်လာပါတယ်။
font-conversion
mm-blog-press
ဒီတစ်ခုကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ။ UI သပ်သပ်ရပ်ရပ်နဲ့ သုံးရတာ ရှင်းလင်းပါတယ်။ အဲဒါအပြင်ကို Upload tab မှာ file အလိုက်တင်ပြီး convert လုပ်လို့ရပါတယ်။

burglish
သူကတော့ ပုံမှာမြင်တွေ့ရသလိုပဲ Zawgyi, Myanmar3, Padauk, Win fonts, CE font နဲ့ တစ်ခြားဖောင့် တော်တော်များများကိုလည်း အပြန်အလှန် တစ်ခုကနေ တစ်ခုကို ပြောင်းနိုင်တာကို တွေ့ရမှာပါ။

ဒီတစ်ခုကတော့ ရှင်းရှင်းလင်းလင်းနဲ့ ပေါ့ပေါ့ပါးပါးလုပ်ထားတာဖြစ်ပါတယ်။ သူ့မှာတော့ ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းတာနဲ့ ယူနီကုဒ်ကနေ ဇော်ဂျီကိုပြောင်းတာကို တစ်မျက်နှာစီ သက်သက်ခွဲထားပါတယ်။

0 အကြံပြုစာရေးရန်:

Post a Comment