12 June 2014
Post တင်သူ- Unknown ဒီအချိန်မှာ 9:18 AM
ISO images နဲ့ CD/DVD images ဖိုင်တွေကို formatsလုပ်ပေးနိုင်တဲ့ဆော့စ်ဝဲကောင်းတစ်ခုပါ။CD/
DVD/ Blue-ray disks အပြင် local folder နဲ့ NRG, MDF, UIF, DMG, ISZ, BIN, DAA, PDI, CDI, IMG စသည်တို့ကိုလည်း convert လုပ်ပေးနိုင်ပါတယ်။Full Version ဖြစ်စေဖို့အတွက် Patch ဖိုင်လေး
ကိုထည့်သွင်းပေးထားပါတယ်။ဖိုင်ဆိုဒ်ကတော့ 10Mb ပဲရှိပါတယ်။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။
Download Links -  PNK-1
                          PNK-2
                          PNK-3
AnyToISO is a simple application which allows users to convert their files into ISO images. The ultimate ISO Creator for Windows: can create ISO from almost everything including all CD/DVD images formats popular in Internet (NRG, MDF, UIF, DMG, ISZ, BIN, DAA, PDI, CDI, IMG, etc), CD/DVD/Blue-ray disks or simply from a local folder.
Quick Facts
- AnyToISO supports all CD/DVD formats popular in Internet.
- AnyToISO works on Windows and Mac OS X.
- Most CD/DVD burning software works with ISO images and its native images only. Use AnyToISO for conversion before burning.
- With AnyToISO you can mount any CD/DVD image found in Internet to your Parallels/VMWare virtual machine.
* the program is free to convert CD images, Professional license allows to convert DVD images.
AnyToISO supports the following CD/DVD image formats popular in Internet.
- Convert - convert the image to the ISO format
- Extract - extract the image to a local drive
Post တင်သူ- Unknown ဒီအချိန်မှာ 9:11 AM
CD/DVD Drive တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ  အခွေရွေးတာ၊ သိပ်မရေး သိပ် မဖတ်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ တခါတရံ CD/DVD Drawer မထွက်ချင်ထွက်ချင်ဖြစ်လို့ ပင်နဲ့ထိုးပြီး ဆွဲထုတ်ရတာမျိုးလည်း ရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ အများအားဖြင့် ဖုန်တွေစုပြီး ဖြစ်လာတဲ့အညစ်အကြေးတွေကြောင့် ဖြစ်တာများပါတယ်။ တတ်နိုင်သူတွေကတော့ အလုပ်ရှုပ်မခံချင် အသစ်ဝယ်ကြပေါ့လေ.. ပေါ လွန်းလို့။ ဒါပေမယ့် လုံးဝပျက်စီးသွားတယ်ဆို ဟုတ်သေး။ ဒီလောက်လေးနဲ့ အသစ်ဝယ်ဖို့ဆိုတာက မဟုတ်သေးပါဘူး။ ဆိုင်ပို့ပြီးလည်း မပြင်ချင်ဘူး.. ကိုယ်တိုင် ပြင်ချင်တယ်.. ပြင်နိုင်မယ်ဆို ပိုမကောင်းဘူးလား။  လွယ်ပါတယ်.. အောက်မှာ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်း (၁) Cleaning Disk ကို သုံးပါ
သိပ်အဆိုးကြီးလည်းမဟုတ်တော့ ဖြုတ်ရ တပ်ရမှာ အဆင်မပြေသေးဘူးလား။ ကွန်ပျူတာ အရောင်းဆိုင်တွေမှာ Cleaning Disk ၀ယ်ပြီးသုံးပေါ့။ တော်ရုံတန်ရုံပဲဆို Drive ကို ဖြုတ်ရ တပ်ရ အလုပ်မရှုပ်ဘူးပေါ့။ Cleaning Disk တွေကလည်း အစားစားရှိပါတယ်။ 
သူ့မှာ cleaning ဆေးရည်ဘူးလေးပါပါတယ်။ (သူ့ညွှန်ကြားချက်ကို သေချာဖတ်ပါ။ ) အဲ့ဒီ ဆေးရည် အနည်းငယ်ကို Cleaning Disk ပေါ် သုတ်လိမ်းပေးပြီး CD/DVD Drawer ထဲထည့် ဖွင့်ပေးလိုက်ပေါ့။ တစ်ကြိမ်မရသေးရင် နောက်တစ်ကြိမ်ပေါ့။ ဒီလိုမှ မရသေးဘူးဆိုရင်တော့ နောက်တစ်နည်းပေါ့။
နည်းလမ်း(၂) ကိုယ်တိုင် ဖြုတ်ဆေးပါ
ဒီတစ်ခါတော့ Drive ကို ဖြုတ် ဖွင့်ပြီး သန့်ရှင်းပေးရတော့မယ်။ Laptop တွေကျတော့ ဖြုတ်စရာမလိုပါဘူး။ ပိုလွယ်ပါတယ်။ ဒါကတော့ Desktop အတွက်ပါ။ ကွန်ပျူတာပိတ်၊ Power ကြိုးဖြုတ်ထား၊ ကွန်ပျူတာအဖုံးဖွင့်ပြီး Drive ကို ထိန်းထားတဲ့ screw တွေ ဖြုတ်၊ ကြိုးတွေ ဖြုတ်ပြီး ရှေ့ဖက်ကနေ ဆွဲထုတ်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Drive အပေါ်ဖုံးကို ဖြုတ်ရမှာပါ။
အဲ့ဒါကိုဖြုတ်ဖို့အတွက် အရင်ဆုံး ရှေ့ဖက်က ပလတ်စတစ် ကာဗာကို ဖြုတ်ရပါမယ်။ မဖြုတ်ခင် Drawer ကို အပြင်ထုတ်ထားပေးရပါမယ်။ ရှေ့ဖက်မှာ ပင်ထိုးလို့ရတဲ့ အပေါက်လေးပါတယ်..အဲ့ဒီထဲကို စာရွက်ညှပ်တဲ့ ပင်လေးကို ဖြောင့်ပြီး ထိုးလိုက်ပါ။
Drawer ထွက်လာရင် အနည်းငယ် ဆွဲထုတ်ထားပါ။ ပြီးရင် Drive ကိုမှောက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ရှေ့ကာဗာက ခြေကုပ်ထားတာတွေကို Screw Driver ပြားအသေးနဲ့ ထိုးဖြုတ်ပေးပါ။ ဘေးနှစ်ဖက်မှာ တစ်ခုစီနဲ့ အောက်ဖက်အလယ်မှာတစ်ခု ရှိပါတယ်။ ရှေ့ကာဗာ ပြုတ်မှ အပေါ်ဖုံးဖွင့်လို့ရမှာပါ။
ပုံမှာ ပြထားတဲ့အတိုင်း Screw လေးလုံးကို ဖြုတ်ပါ။ ပြီးရင် မှောက်ထားတာကို ပြန်လှန်ပြီး အပေါ်ဖုံးကို အပေါ်သို့ ဆွဲချွတ်ပါ။
အပေါ်ဖုံးဖွင့်ပြီးပြီဆိုရင် အထဲမှာ ရှိတဲ့ ဖုန်တွေကို ဆေးသုတ်တံ brush အသေးနဲ့ အသာအယာရှင်းထုတ်ပါ။ စိတ်မရှည်ဘဲ လေမှုတ်စက်နဲ့ အရင် သွားမမှုတ်နဲ့ဦး။ အကြိုအကြားတွေမှာကပ်နေတာတွေကိုတော့ လေဘောလုံးကို သုံးနိုင်ပါတယ်။ 
ဖုန်တွေ ရှင်းပြီးသွားရင် ပုံပါအတိုင်း Drive Lens (မှန်ဘီလူး)ကို ဂွမ်းပါတဲ့ နားကြပ်တံလေးမှာ 
အရက်ပြန်အနည်းငယ်ဆွတ်ပြီး အသာအယာပွတ် ဆေးပေးပါ။ အားထည့်ပြီး မဖိမိပါစေနဲ့။ ဖွဖွလေးသာ 
ပွတ်ပေးပါ။ Lens ရှေ့တိုးနောက်ငင်လုပ်တဲ့ လျှောလမ်းကိုလည်း ချောဆီလေးအနည်းငယ် သုတ်ပေးပါ။  
အားလုံးပြီးရင် ဖြုတ်စဉ်ကအတိုင်း ပြန်တပ်ပါ။ ပြီးသွားပါပြီ။ ၀ယ်စဉ်ကအတိုင်း 
အသစ်လို ကောင်းသွားပါလိမ့်မယ်။ မိမိ နားလည်မှုပေါ်မှာလည်း မူတည်ပါတယ်။ ပိုပြီး 
ရှင်းသွားအောင် အောက်မှာ video ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။ 
Post တင်သူ- Unknown ဒီအချိန်မှာ 9:08 AM
Photo: Mobile Question And Answer
=============================
Q.cloud lock ဆိုတာဘာကိုပြောတာလဲ။ပြီးတော့ ခုတလော အရမ်းခေတ်စားနေတဲ့ အဲ့ဒီ i clock lock ဆိုတာကြီးကိုရောဖြည်                  လို့ ရမလားသိချင်ပါတယ်။
 A.apple က OS တခုထွက်တိုင်းမှာ security တခုပါလာတတ်ပါတယ်။ခုလည်း ios 7 ရဲ့  security လို့ ပြောရမှာပဲဗျ။apple id ကို i cloud ထဲမှာ sign in ၀င်ပြီး firmware restore လုပ်မိရင်ပဲ ဖြစ်ဖြစ်၊reset ချမိရင်ပဲဖြစ်ဖြစ် activate mode မှာ language ရယ် region ရယ် ရွေးပြီးရင်တောင်းတဲ့ apple id ကိုမသိလို့ ကတော့ icloud lock ကျသွားပြီသာမှတ်လိုက်တော့။ခုတော့ ကျော်လို့ ရတယ် ဆိုပေမယ့်  ဈေးကြီးလွန်းတဲ့အတွက် တချို့ က            ရတဲ့ဈေးနဲ့ ပြန်ရောင်းနေကြတယ်ဗျ။ icloud နဲ့ ပတသက်ပြီး detail သိချင်တယ်ဆိုရင်တော့ www.guaranteedunlockcodes.com မှာ လေ့လာကြည့်ပါဗျာ။
Q.Galaxy S2 plus တစ်လုံးဗျာ။မီးအားသွင်းလိုက်ရင် ရှိသမျှအားကုန်သွားတဲ့အပြင် ကြိုးဖြုတ်လိုက်ရင် ပါဝါ ပါပိတ်သွားတဲ့အထိဖြစ်သွားတယ်။အဲဒါဘာလို့ လဲသိချင်ပါတယ်။
 A.Charger ငုတ်လဲကြည့်လို့ လဲ အဆင်မပြေလောက်ဘူးဗျ။အောက်ခြမ်းတခြမ်းလုံး လဲလိုက်တာအကောင်းဆုံးပဲဗျ။ဘာလို့ လဲဆိုတော့ Charger ic ဘေးပတ်လည်က resister လေးတွေကြောင့်လဲဖြစ်နိုင်တာမို့ 
လို့ ပါ။Firmware ကြောင့်လို့ သံသယရှိရင် factory data reset အရင်ချကြည့်လိုက်ပါ။ဒါမှမရဘူးဆိုရင်တော့ အောက်ခြမ်းလဲလိုက်တာအသေချာဆုံးပါပဲဗျာ။
Q.Samsung ဖုန်းတွေမှာ အဖြစ်များတဲ့ deadboot ဟာဘာကြောင့်ဖြစ်ရတာလဲ၊ဘယ်အမျိုးအစား တွေကို ဘယ်လိုပြန်လုပ်ရတာလဲဆိုတာလေးသိချင်ပါတယ်။
A. ဖြစ်တာက ပုံစံအမျိုးမျိုးရှိတယ်၊နေရင်းထိုင်ရင်း ပါဝါ dead ဖြစ်တာ samsung ရဲ့  formula လိုဖြစ်နေတော့ပြောရခက်တယ်၊တနည်းအားဖြင့်ပြောရမယ်ဆိုရင် download mod ပျောက်သွားတာ၊ ဒါကို sudden dead,dead boot ဖြစ်တယ်လို့ ခေါ်ပါတယ်။S3,Note 2 ,S4 တွေကိုတော့ သူ့ ရဲ့  original download mode ပါတဲ့ memory card ထည့်ပြီး ပြန်နှိုးလို့ ရပေမယ့်၊ model အနိမ့်ဖုန်းတွေ မှာတော့ riff,J tag အစရှိတဲ့ Tool box တွေနဲ့  download mode ပြန်ထည့်ပေးရတာတွေရှိပါတယ်။ Develop mode ကို Samsung က download mode ဆိုပြီးသုံးတာဖြစ်လို့  download mode ပေါ်လာရင် firmware ပြန်ရေးလို့ ရပါပြီ။တချို့ item တွေမှာတော့ rom တက်လာပေမယ့် imei က null/null ဖြစ်သွားတဲ့ အတွက် emmc လဲမှရမှာပါ။တချို့  S3,Note 2 တွေမှာတော့ imei 0049 နဲ့ တက်လာရင် imei repair လုပ်ပေးလိုက်ရင် network repair လုပ်ပေးလိုက်ရင်ရပါပြီ။
Q.Huawei handset တစ်လုံးဗာ။Touch မရလို့ ဆိုင်မှာသွားပြလိုက်တာ touch တော့ရသွားတယ်။Wifi,Bluetooth ကမရတော့ဘူး။အဲဒါဆိုင်ကိုသွားပြောတော့ touch ရချင်ရင်တော့ အဲဒါတွေမရမှ ဖြစ်မယ်လို့ ပြောလိုက်တယ်ဗျ။အဲဒါဘယ်လိုကြောင့်လဲလို့ ပြောပြပေးပါ။
 A.ဖုန်းတစ်လုံးရေ၀င်တာကြောင့်ဖြစ်စေ၊သုံးစွဲချိန်ကြာမြင့်တာကြောင့်ဖြစ်စေ touch မရတဲ့ error ဖြစ်တတ်ပါတယ်။Touch တစ်ချပ်ကတော့ အရင်ဆုံးလဲကြည့်ရပါမယ်။မရခဲ့ရင်တော့ touch အနီးမှာရှိတယ့် wifi ic နဲ့  bluetooth ic ကရှိနေတော့ သူတို့ နဲ့ ညိနေတဲ့ ic circuit socket တခုခုမှာ shock ကျနေတတ်တာမို့  အလွယ်ဆုံးနည်းနဲ့  အဲဒါတွေကို ချွတ်လိုက်ကြတာပါ။အဲဒီအခါ touch တော့ရသွားပေမယ့် wifi နဲ့ bluetooth မရတော့တာတွေဖြစ်တတ်ပါတယ်။ကျွမ်းကျင်သူတွေအနေနဲ့  အဲဒီ ic တွေနားက component အသေးအမွှားလေးတွေကို စိတ်ရှည်စွာလိုက်နိုင်မယ် ဆိုရင်တော့ ဘာ error မှမဖြစ်ဘဲပြန်ကောင်းလာနိုင်ပါတယ်။
Q.handset တစ်လုံးဗျ။အားသွင်းလိုက်ရင်အားအပြည့်ထိဝင်တယ်။ပြီးတော့သုံးလိုက်ရင် ခဏလေးနဲ့ ကုန်သွားတယ်။ဘယ်လိုဖြေရှင်းရမှာလဲဗျ။
A. အရင်ဆုံးတော့ လိုချင်တဲ့  data လေးတွေ back up လုပ်ပြီး factory data reset ချကြည့်လိုက်ပါ။ဖုန်းထဲမှာထည့်ထားတဲ့ app တခုခုကပေးတဲ့အနှောင့်အယှက်ကြောင့် ဖြစ်နိုင်တာ မို့ လို့ ပါ။                 အဲဒါနဲ့ လည်းအဆင်မပြေသေးဘူးဆိုရင်တော့ software error ကြောင့်ဖြစ်နိုင်သလို၊hardware ချို့ ယွင်းချက်တခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။Normal အခြေအနေမှာ ဖုန်းကအသုံးပြုလို့ ရနေပြိး အားအကုန်မြန်
တဲ့ ပြစ်ချက်တစ်ခုထဲမို့  system file တခုခု ချို့ ယွင်းချက်ကြောင့် ဖြစ်နိုင်တာမို့  firmware ပြန်ရေးကြည့်သင့်ပါတယ်။Hardware ပိုင်းအနေနဲ့ က battery ငုတ်တွေနဲ့  BSI လမ်းကြောင်းတွေကို စစ်ဆေးကြည့်ပါမယ်။
+++++++++++++++++++++++++++++++++++++++++++++++++++
This Post is brought you by Phone Paradise (Mobile Phone Training Center) Ph: 0943090691
Post တင်သူ- Unknown ဒီအချိန်မှာ 9:06 AM
Google account permission များကို ပြင်ဆင်ခြင်းသည် သုံးစွဲသူ၏ account ကို လုံခြုံမှုရှိစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သည့်အခါ Google account ဖြင့် အသုံးပြုခွင့် ရထားသည့် app များကို ကြည့်ရှုနိုင်သည်။
Google account permission များကို ဝက်က်ဘ်ဆိုက်မှတစ်ဆင့် ကြည့်ရှုပြီး ပြင်ဆင်နိုင်သလို Android သုံးစွဲသူများ အနေနှင့်လည်း ၎င်းတို့၏ ထုတ်ကုန်မှ တိုက်ရိုက်ကြည့်ရှုနိုင်သည်။
Google account permission ပြင်ဆင်ရန် အတွက် သီးခြား app တစ်ခုကို download ပြုလုပ်ဖို့ မလိုအပ်ဘဲ Google Settings app မှတစ်ဆင့် ပြုလုပ်နိုင်သည်။
- App drawer ကိုဖွင့်ပြီး Google Settings ကို ဖွင့်ပါ။
- ပြီးလျှင် Connected Apps ကို နှိပ်ပါ။
- သုံးစွဲသူရဲ့ account နှင့် ခွင့်ပြုထားသည့် app များနှင့် ဝန်ဆောင်မှုများကို တွေ့ရပါမည်။ - ထို app များအနက် နှစ်သက်ရာ တစ်ခုကို နှိပ်ပါ။ သက်ဆိုင်ရာ app ၏ အချက်အလက်ကို ဖော်ပြပေးမည့် screen တစ်ခု ပေါ်လာပါမည်။
- ထို့နောက် Screen အောက်ဘက်ရှိ Disconnect ခလုတ်ကိုရှာပါ။ လက်ရှိ account နှင့် အဆိုပါ ဝန်ဆောင်မှု အသုံးပြုခြင်းကို ရပ်ဆိုင်းလိုလျှင် အဆိုပါ ခလုတ်ကိုနှိပ်ပြီး confirm လုပ်ပါ။
အထက်ပါ လုပ်ငန်းစဉ်များ အဆင့်ဆင့်ပြုလုပ်ပြီးပြီဆိုလျှင် Google account permission များကို ပြင်ဆင်ပြီးပါပြီ။
Ref: Internet Journal
Post တင်သူ- Unknown ဒီအချိန်မှာ 9:04 AM
         အာရှဖုန်းဈေးကွက်ကို လွှမ်းခြုံထားနိုင်သော Huawei ဖုန်းကုမ္ပဏီက ၎င်းတို့ ကုမ္ပဏီ၏ မျိုးဆက်သစ် Graphic Chipset တစ်ခု ဖြစ်သည့် Octa-core Kirin 920 ကိုပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က စတင် မိတ်ဆက် လိုက်ကြောင်း သိရသည်။
ဒီ Chipset ကို ARM ရဲ့ဒီဇိုင်းပေါ်မှာအခြေခံထားပြီး Cortex-A15 နှင့် Cortex-A7 အမျိုးအစား Cores လေးခုစီကို ထည့်ပြီး တည်ဆောက် ထားသည် ဟုဆိုသည်။
အသုံးပြုထားသည့် Cores နှစ်ခုထဲတွင် Cortex-A7 က Porcessor ရဲ့မြန်နှုန်းကို 1.3GHz ကနေ 1.6GHz အထိ မြှင့်တင်နိုင်တဲ့ အချိန်တစ်ချိန်တည်းမှာပဲ Cortex-A 15 ကလည်း ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကို 1.7GHz ကနေ 2.0GHz အထိ မြှင့်တင်နိုင်သည် ဟုသိရသည်။
Kirin 920 ဟာ လုပ်ဆောင်နိုင်မှု အားကောင်းတဲ့ Quad-Core အမျိုးအစား Graphics ဖြစ်ပြီး ၎င်းနှင့်တူညီသည့် Cores ၆ခုပါဝင်သည့် MP6 အမျိုးအစား Graphic Chipset ကို Octa-core Models တွေဖြစ်သည့် Galaxy Note 3 နှင့် Galaxy S5 တွင် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။
Kirin 920 ဟာ LTE နည်းပညာ ၆မျိုး ၊ Tensiica HIFI3 Audio Processor စတဲ့ စနစ်တွေကို အပြည့်အ၀ ထောက်ပံ့ ပေးနိုင်ပြီး QHD Display နှင့် 4K Video တွေ ဖမ်းယူ ကြည့်ရှုနိုင်သည်ဟု ထက်မံ ပြောဆိုထားသည်။
ဒါ့အပြင် Huawei ရဲ့မိတ်ဆက်ပြသမှုအရ Kirin 920 ဟာ Flagship Chipsets တွေဖြစ်သည့် Snapdragon 801 , Exynos 5420 နှင့် MediaTek MT 6592 တို့ကိုလည်း Support ပေးနိုင်ပြီး နောက်ပိုင်း အသစ်ထွက်ရှိ လာသည့် Snapdragon 805 နှင့် တွဲဖက် အသုံးပြုနိုင်မည်ဟု ဆိုသည်။
Kirin 920 မှာ 1080p Display ကိုထုတ်ပေးနိုင်သည့် Mulan Flagship , 3GB RAM နှင့် 4K Video ရိုက်ကူးနိုင်သည့် 13MP Snapper တို့နှင့် ပါဝင် တည်ဆောက်ထားသည်။
လက်ရှိမှာတော့ Snapdragon 805 နဲ့ ယှဉ်မယ်ဆိုရင် အနည်း လိုအပ်ချက်တွေ ရှိနေပြီး နောက်ထပ် အဆင့်မြှင့်တင်မှုတွေကို ထက်မံပြုလုပ်သွားမည် ဟုဆိုသည်။
၎င်း အရင်ထုတ်လုပ်ထားသည့် Kirin 910T ကိုမူ Huawei Ascend P7 တွင် ထည့်သွင်းထားသည်ဟုသိရသည်။
Ref : Gsmarena
Post တင်သူ- Unknown ဒီအချိန်မှာ 9:03 AM
  IDM ကိုတော့ အားလုံးသိကြမှာပါ .. Patch , Crack တွေ မသုံးတတ်သူတွေအတွက် အဆင်ပြေစေမှာပါ... Setup ဖိုင်လ်ကို Install လုပ်ပေးရုံနဲ့ အမြဲတမ်းအသုံးပြုလို့ရသွားမှာပါ.. ဘာမှ ထပ်လုပ်ပေးစရာ မလိုတော့ပါဘူး.. (မှတ်ချက်။ ။ အရင်သွင်းထားတဲ့ IDM ကို Uninstall လုပ်ပြီးမှ အခု IDM ကို Install လုပ်ပါ။)
Download Link - PNK
Post တင်သူ- Unknown ဒီအချိန်မှာ 8:59 AM
New Software Launched !!!
It's Called Maximum Energy !!!
စက်သုံးဆီအရောင်းဆိုင်သုံး ကွန်ပျူ တာစနစ် (Free Download)
(ဖတ်ရတာ ပျင်းမှာစိုးလို့ ခပ်တိုတိုပဲပြောမယ်နော်)
ဘယ်သူတွေအတွက်လဲ ???
Medium Pump Station အိမ်သုံး ပန့်ဆိုင်အသေးများနှင့်
Large Pump Station ပန့်ဆိုင်အကြီးများအတွက်
ဆီရောင်းချရမှု အ၀င်/ အထွက် ထိန်းချုပ်ရန် အတွက် ဖြစ်တယ် ... ။
ဘယ်လိုအလုပ်လုပ်သလဲ ???
Customer က 2000 ဖိုးဝယ်လဲ ဖြစ်တယ်
ဘယ်နှစ်လီတာနဲ့ ၀ယ်ပါမယ် ဆိုလဲ ဖြစ်တယ်
1 ဂါလံကို ဒသမ သုံးနေရာ 4.546 လီတာအထိ
အတိအကျ လိုက်တွက်ပေးတယ်
Boxer ကားက ဆီလာဖြည့်တဲ့ အခါမှာ ကိုယ်ကလီတာနဲ့ပဲ တွက်ဝယ်ဝယ်
ဂါလံနဲ့ပဲ တွက်ဝယ်ဝယ် အဆင်ပြေအောင် လုပ်ပေးထားတယ်
တစ်နေ့စာ အရောင်းလီတာနဲ့ ငွေတန်ဖိုးသိရမယ်
တစ်နေ့စာ ဆီအ၀ယ်နဲ့ ငွေတန်ဖိုးလည်း သိရမယ်
ငွေလွှဲစာရင်းပါမယ်
ကျန်တာကတော့ သုံးရင်းနဲ့ စမ်းကြည့်ပေါ့နော်
မြန်မာလို ညွှန်ကြားချက်နဲ့ ဗီဒီယိုလည်း ပါပါတယ် .... ။
**** စက်ထဲထည့်သွင်းနည်း ****
အရင်ဆုံး
အောက်ဆုံးကလင့်မှာ ဒေါင်းလုပ်ဆွဲပါ ...
ရလာရင် WinRAR စက်ထဲမှာရှိတယ်မလား ..
Right click > Extract Here နဲ့ ဖြည်ပြီးတော့
Start Here လို့ ရေးထားတဲ့ နေရာမှာ Double Click နှိပ်ပြီး
ခနစောင့်ပြီး ပေါ်လာသမျှ အကုန်လုံးကို Next သာ စွတ်နှိပ်ပလိုက်
စောင့်တန်တာတော့ စောင့်ပေါ့နော်
ပြီးရင် Desktop မှာ Maximum Energy ဆိုတဲ့
အစိမ်းရောင် ICON လေး ပေါ်လာလိမ့်မယ်
စမ်းသပ်သုံးစွဲကြည့်ကြပါ
အဆင်မပြေတာရှိပါက အောက်ပါလိပ်စာအတိုင်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်
မှတ်ချက် - ယခုဆော့ဖ်ဝဲလ်သည် အခမဲ့ စမ်းသပ်သုံးစွဲရန် ဖြစ်သောကြောင့်
ဆိုင်နာမည် ပြောင်း၍ မရပါ ... ။ ၀ယ်ယူသုံးစွဲမည့်သူများအတွက်
အသေးစိတ် ညွှန်ကြားမှုနှင့် ဆွေးနွေးမှုများကို ကြိုဆိုပါသည် ... ။
ကျေးဇူးတင်ပါသည် ... ။
Thank you for downloading our product.
Mr. Zin Minn Laht
Administrator
NEW STARS Software Development
zabayin@gmail.com
https://www.facebook.com/zabayin
Hotline 0943065913
Office 04271306
ဒီအောက်ကလင့်ကို ကလစ်နှိပ်ပြီးဒေါင်းလုပ်ဆွဲပေးပါ ... ။
http://www.solidfiles.com/d/ae13f3ebb5/Maximum_Energy_By_New_Stars_Myaungmya.rar
လက်တွေ့ စမ်းသပ် အသုံးပြုနည်း ဗီဒီယိုကို ကြည့်ရှုလိုပါက အောက်ကလင့်ကို နှိပ်ပြီး ကြည့်နိုင်ပါသည်
https://www.youtube.com/watch?v=zOvmw95toio
Post တင်သူ- Unknown ဒီအချိန်မှာ 8:58 AM
  ဒါကတော့ apk လေးတွေကို pc မှာ Icon ပေါ်အောင်ကြည့်ချင်သူများအတွက်ပါ၊  လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ     Download
Post တင်သူ- Unknown ဒီအချိန်မှာ 8:53 AM
    မင်္ဂလာပါခင်ဗျာ............
                                   Post တွေ မတင်ရတာ နည်းနည်းကြာသွားတယ်   ဒါလေးကတော့  Photo Effect လေးပါ၊လန်းသလားတော့ မပြောနဲ့ ဗျို့  ၊၊  သုံးကြည့်လိုက်ပါ အောက်မှာ screen shot နဲ့ နည်းနည်းရိုက်ပြထားပါတယ်။ အောက်မှာ တော့ အဆင်ပြေရအောင်လင့်နှစ်ခုနဲ့ တင်ထားပေးပါတယ်
Download Links - PNK-1
                         PNK-2
Post တင်သူ- Unknown ဒီအချိန်မှာ 8:48 AM
http://ecx.images-amazon.com/images/I/514vWnx%2B1wL._SL500_AA300_.png 
Ip trace လုပ်တဲ့နည်းတွေအများကြီးပါဘဲ။ ဒီတည်းမှာတော့ ကျွန်တော်က ခုချိန်ထိ ဒီနည်းကို
သုံးနေတုန်းဘဲဗျ။ ရိုး၇ှင်းတာမို့ လို့ ပါ။ အရင်ဆုံးအနေနဲ့  အောက်ကလင့်ကိုသွားလိုက်ပါ။
Link : Click Here
ပြီးရင် အောက်အတိုင်းမြင်ရပါမယ်။
Generate an invisible IPlogger
ဆိုတာကို ကလစ်တစ်ချက်နိုပ်လိုက်ပါ။ အောက်ကလို မြင်ရပါမယ်။
အဲ့လိုလေးမြင်ရပါမယ်..
အဲ့မှာမြင်ရပါလိမ့်မယ်။
<img src="http://iplogger.org/1Zmx3.jpg">
[img]http://iplogger.org/1Zmx3.jpg[/img]
http://iplogger.org/1Zmx3.jpg
<img src="http://iplogger.org/listfull/987011Zmx3.jpg">
လိုမျိုးပေါ့။ သာမန် ဘာမှမသိတဲ့လူမျိုးဆိုရင်
ဒီတော့ Free host ဒါမှမပာုတ် html script ထည့်လို့ ရမယ့် ဆိုဒ်တစ်ခု ဒိုမိန်းတစ်ခု
၇ှာပြီးတော့ <img src="http://iplogger.org/1Zmx3.jpg"> လို့ ထည့်ပေးလိုက်ပေါ့။
ဒါဆို ဂွိ ပြိး။။
ပြီးရင်တော့..
To access statistics, save this IPLOGGER ID: 
ဆိုတဲ့နေရာမှာ ကုဒ် တစ်ချို့ ပေးပါမယ်။
မှတ်ထားလိုက်ပါ။ပြန်ဝင်ကြည့်ချင်ရင်အဲ့ကောင်နဲ့ ကြည့်ရတာမို့ ပါ။ View Log ကိုဖွင့်ကြည့်လိုက်ရင်တော့
သူက ကိုပေးတဲ့လင့်ကိုဝင်ခဲ့မယ်ဆို အိုင်ပီက အထင်းသားဘဲကျန်နေပါမယ်။
Copy Link from    www.minsoeyarsar.com
Post တင်သူ- Unknown ဒီအချိန်မှာ 8:44 AM
       မင်္ဂလာပါခင်ဗျာ............  ဒါလေးကတော့  SMS Collection ပေါင်း 30000 ကျော်ပါဝင်တဲ့  စာလေးတွေပါ ဘယ်လိုပုံစံတွေလဲဆိုတော့  ဥပမာ ဗျာ Velentine Day မှာဆိုရင် ကိုယ့်သူငယ်ချင်းတွေ ကိုယ်ချစ်ရတဲ့ သူတွေကို ပြောသင့်တဲ့ စကား တွေပေါ့ဗျာ.................နညးနည်းများတော့ လက်တည့်တဲ့ ဟာလေးလောက်ပဲ  Screen Shot ရိုက်ပြီး ပြထားပါတယ်   ကိုယ့်အတွက် အသုံးဝင်မယ် ဆိုရင်တော့  အောက်မှာ ဒေါင်းလိုက်ပါ
 Download Links  -  PNK-1
                            PNK-2            အဆင်ပြေပါစေ..
10 April 2014
Post တင်သူ- Unknown ဒီအချိန်မှာ 12:49 AM
  ADOBE ILLUSTRATOR SOFTWARE ကိုတင်ပေးခဲ့ပါတယ်။မရှိသေးသူများ
ဒီလင့်မှာနှိပ်ပြီး ၀င်ရောက်ဒေါင်းယူပါ။အခုဒီဆော့စ်ကိုဘယ်လိုအသုံးပြုရလဲဆိုတာအသေးစိတ်ရေးသား
ထားတဲ့စာအုပ်ကိုတင်ပေးလိုက်ပါတယ်။ဒီစာအုပ်ကိုတော့(မင်းသန့်အောင်)မှရေးသားထားခြင်းဖြစ်ပါတယ်။
ADOBE ILLUSTRATOR SOFTWARE  ကတော့ Vactor Image တွေရေးဆွဲတဲ့နေရာမှာအတော်လေး
ကိုပြောင်ပြောင်မြောက်မြောက်ရေးဆွဲနိုင်ပါတယ်။ဒါ့အပြင်လုပ်ငန်းအသီးသီးအတွက်(ဥပမာ)သရုပ်ဖော်ပုံ
တွေရေးဆွဲဖို့လိုအပ်တဲ့ပညာရေးဆိုင်ရာလုပ်ငန်းများ ၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းအသင်းအဖွဲ့တွေ ၊
စသည်နောက်ထပ်အဖွဲ့အစည်းတွေသရုပ်ဖော်ပုံတွေရေးဆွဲရာမှာအလွန်လွယ်ကူပြီးလက်ရာမြောက်ပါတယ်
ADOBE ILLUSTRATOR SOFTWARE ကမိမိစိတ်ကြိုက် ဂရပ်ဖစ်ပုံတွေကိုစိတ်ကြိုက်ဖန်တီးရေးဆွဲနိုင်ပြီး
စိတ်ကူးနဲ့ကွန့်မြူးချင်သလောက်..ကျွမ်းကျင်မှု့ပေါ်မူတည်ပြီးကောင်းမွန်တဲ့လက်ရာတွေထွက်ပေါ်လာနိုင်
ပါတယ်။ဆော့စ်ဝဲလေးကိုဒေါင်းပြီးစာအုပ်လေးကိုဖတ်လို့အချိန်နဲနဲပေးပြီးစိတ်ဝင်စားသူတွေလေ့ကျင့်ကြ
ဖို့တိုက်တွန်းအပ်ပါတယ်။
ဒေါင်းမယ် - (PNK-1) (PNK-2)