12 June 2014

Post တင်သူ- Unknown ဒီအချိန်မှာ 9:04 AM

         အာရှဖုန်းဈေးကွက်ကို လွှမ်းခြုံထားနိုင်သော Huawei ဖုန်းကုမ္ပဏီက ၎င်းတို့ ကုမ္ပဏီ၏ မျိုးဆက်သစ် Graphic Chipset တစ်ခု ဖြစ်သည့် Octa-core Kirin 920 ကိုပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က စတင် မိတ်ဆက် လိုက်ကြောင်း သိရသည်။

ဒီ Chipset ကို ARM ရဲ့ဒီဇိုင်းပေါ်မှာအခြေခံထားပြီး Cortex-A15 နှင့် Cortex-A7 အမျိုးအစား Cores လေးခုစီကို ထည့်ပြီး တည်ဆောက် ထားသည် ဟုဆိုသည်။

အသုံးပြုထားသည့် Cores နှစ်ခုထဲတွင် Cortex-A7 က Porcessor ရဲ့မြန်နှုန်းကို 1.3GHz ကနေ 1.6GHz အထိ မြှင့်တင်နိုင်တဲ့ အချိန်တစ်ချိန်တည်းမှာပဲ Cortex-A 15 ကလည်း ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကို 1.7GHz ကနေ 2.0GHz အထိ မြှင့်တင်နိုင်သည် ဟုသိရသည်။

Kirin 920 ဟာ လုပ်ဆောင်နိုင်မှု အားကောင်းတဲ့ Quad-Core အမျိုးအစား Graphics ဖြစ်ပြီး ၎င်းနှင့်တူညီသည့် Cores ၆ခုပါဝင်သည့် MP6 အမျိုးအစား Graphic Chipset ကို Octa-core Models တွေဖြစ်သည့် Galaxy Note 3 နှင့် Galaxy S5 တွင် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

Kirin 920 ဟာ LTE နည်းပညာ ၆မျိုး ၊ Tensiica HIFI3 Audio Processor စတဲ့ စနစ်တွေကို အပြည့်အ၀ ထောက်ပံ့ ပေးနိုင်ပြီး QHD Display နှင့် 4K Video တွေ ဖမ်းယူ ကြည့်ရှုနိုင်သည်ဟု ထက်မံ ပြောဆိုထားသည်။




ဒါ့အပြင် Huawei ရဲ့မိတ်ဆက်ပြသမှုအရ Kirin 920 ဟာ Flagship Chipsets တွေဖြစ်သည့် Snapdragon 801 , Exynos 5420 နှင့် MediaTek MT 6592 တို့ကိုလည်း Support ပေးနိုင်ပြီး နောက်ပိုင်း အသစ်ထွက်ရှိ လာသည့် Snapdragon 805 နှင့် တွဲဖက် အသုံးပြုနိုင်မည်ဟု ဆိုသည်။

Kirin 920 မှာ 1080p Display ကိုထုတ်ပေးနိုင်သည့် Mulan Flagship , 3GB RAM နှင့် 4K Video ရိုက်ကူးနိုင်သည့် 13MP Snapper တို့နှင့် ပါဝင် တည်ဆောက်ထားသည်။

လက်ရှိမှာတော့ Snapdragon 805 နဲ့ ယှဉ်မယ်ဆိုရင် အနည်း လိုအပ်ချက်တွေ ရှိနေပြီး နောက်ထပ် အဆင့်မြှင့်တင်မှုတွေကို ထက်မံပြုလုပ်သွားမည် ဟုဆိုသည်။

၎င်း အရင်ထုတ်လုပ်ထားသည့် Kirin 910T ကိုမူ Huawei Ascend P7 တွင် ထည့်သွင်းထားသည်ဟုသိရသည်။

Ref : Gsmarena

0 အကြံပြုစာရေးရန်:

Post a Comment