25 August 2015

Post တင်သူ- Unknown ဒီအချိန်မှာ 12:05 AM

 အရိုှးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)
မင်္ဂလာပါ
အမေးများလာတဲ့ ညီအကိုတွေအတွက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ
အခုကျနော် တင်ပေးလိုက်တဲ့ ပိုစ့်သည် သိပြီးသား သူတွေအတွက်တော့ အခက်ကြီးမဟုတ်ပေမယ့် လေ့လာခါစညီအကိုတွေအတွက်တော့ လုံးဝအထောက်အကူဖြစ်စေမှာ သေချာပါတယ်။ Windows 8 တွင် ဒီနေရမှာ Windows 8 ရိုးရိုး ဗားရှင်းအားလုံးကို Install လုပ်နည်းကိုသာအများနားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးဖြစ်အောင် ပုံလေးတွေနဲ့တကွ အသေစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။ Windows 8.1 ဆိုင်ရာ Install လုပ်နည်းကိုတော့ သီးခြား ပိုစ့်တစ်ခုအနေဖြင့် အကောင်းဆုံး ရှင်းပြသွားဖို့ရှိပါတယ်။
 သင့်ရဲ့ အရေးကြီးတဲ့ Data File များကို အရင်ဦးဆုံး Backup လုပ်ထားပါ
ဟုတ်ပါတယ် သင့်ရဲ့ ကွန်ပျူတာကို Windows အသစ်တစ်ခုတင်တော့မယ်ဆိုရင် ပထမဆုံး သင်လုပ်ရမယ့် အရာကတော့ သင့်ကွန်ပျူတာမှာ သိမ်းဆဲထားတဲ့ အရေးကြီးတဲ့ Data File များကို Backup ပြုလုပ်ထားရပါမယ်။ ဒီနေရာမှာလည်း သင်မှာ ကွန်ပျူတာက အသစ်ဝယ်ခါစပဲရှိသေးတယ်ဆိုရင်တော့ အရေးကြီးတဲ့ Data File များမရှိသေးတဲ့အတွက် Backup ပြုလုပ်စရာမလိုအပ်ပါ၊ ကွန်ပျူတာ အသုံးပြုနေဆဲ ဥပမာ-Windows 7 စသည်ဖြင့် အသုံးပြုနေဆဲကနေ Windows 8 ကို Upgrade ပြုလုပ်တော့မယ်ဆိုရင်တော့ Data File များကို ပျက်စီးဆုံးရှုံးမသွားရအောင် Backup ပြုလုပ်ထားသင့်ပါတယ်။
ဥပမာ=သင့်ရဲ့ အရေးကြီးတဲ့ Data File များကို Backup ပြုလုပ်တော့မယ်ဆိုရင်တော့ External Hard Disk အလွတ်တစ်ခုနဲ့ သိမ်းဆဲတာမျိုး၊ သို့တည်းမဟုတ် ကွန်ပျူတာရဲ့ Partition ထဲတွင် D Drive မျိုးမှာဖြစ်ဖြစ်၊         DVD အလွတ်တစ်ခုမှာပဲဖြစ်ဖြစ် Backup ပြုလုပ်တာမျိုးပါ။
Windows 8 တင်နည်းကို စတင်ခြင်း
====================
သင့်မှာ အသင့်ရှိနေတဲ့ Windows DVD အခွေဆိုရင် Hard Drive သို့ထည့်လိုက်ပါ၊ သို့မဟုတ် Windows USB Flash Drive ဆိုရင်တော့ ကွန်ပျူတာမှာ ထိုးလိုက်ပါ၊ ပြီးတာနဲ့ ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ F2 ကိုနှိပ်ထားပါ၊ Delete နှိပ်ရင်လည်းရပါတယ်။
ဒီနေရာမှာ ကျနော် တစ်ခုပြောချင်တာက ကွန်ပျူတာအမျိုးအစားအရ Boot Device ကိုရွေးတဲ့ Key တွေလည်း ကွဲပြားခြားနာကြတယ်ဆိုတာကိုပါ၊ ဥပမာ-Acer ကွန်ပျူတာတွေအတွက် F2 ကိုနှိပ်တာမျိုး၊ HP ကွန်ပျူတာဆိုရင် Esc ဆိုတဲ့ Key ကိုနှိပ်ပြီး Boot Device ကိုရွေးရတာမျိုးကတော့ ရှိတတ်ကြပါတယ်။
Restart ချပြီးလို့ စက်ပြန်တက်လာတာနဲ့ F2 ကိုနှိပ်ပြီးလို့ First Boot Drive မှာ Windows က DVD ကနေ တင်ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB Flash Drive ကနေတင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။
Boot Option ထဲကိုဝင်ပြီး Rom မရွေးတတ်တဲ့ ဘော်ဒါတွေကတော့ F12 ကိုနှိပ်ထားပြီး၊ တင်ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB Flash Drive ကနေတင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ရွေးပြီးတစ်ခါတည်း တန်းတင်ယူနိုင်ပါတယ်။
Boot Device ရွေးပြီးလို့ အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင် မိနစ်အနည်းငယ်စောင့်နေလိုက်ပါ
စသည်ဖြင့် ကျနော် အသေးစစ်ရှင်းပြထားပါတယ် ကျနော်ကြိုးစားထားသမျှဟာ
စာအုပ်ကောင်းဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး Edition ဖြစ်နေလို့ပါ
နောက်များဆိုကျနော် ဒီထက်မက အကောင်းဆုံးဖြစ်အောင် Edition ဖြင့် တင်ပေးသွားမှာဖြစ်ပါတယ်
တောင်းဆိုလာကြတဲ့ ညီအကိုတွေနဲ့ အမြဲတစေကျနော်ဆိုက်လေးကို အားပေးလာကြတဲ့
ချစ်ပရိတ်သတ်ကြီးများလည်း နောက်ထွက်လာမယ့် Edition တွေကိုလည်း အားပေးကြပါဦးလို့
အထူးတိုက်တွန်းပါတယ်ခင်ဗျား...
PDF အဖြစ် သိမ်းဆဲထားပြီး အလိုရှိတိုင်း အသုံးပြုနိုင်အောင်
အောက်ကလင့်များမှာ ဒေါင်းလော့ရယူနိုင်ပါပြီ
အရိုှးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)

OR


OR


OR


OR


Windows 10 တင်နည်းကို အောက်ကလင့်မှာဒေါင်းယူလိုက်ပါ



အဆင်ပြေပါစေ

Copy Link From - http://www.zunite.org/

0 အကြံပြုစာရေးရန်:

Post a Comment