25 August 2015

Post တင်သူ- Unknown ဒီအချိန်မှာ 12:07 AM


Windows 10 Technical Preview Pro Edition & Enterprise Edition
မင်္ဂလာပါ
ဒီနေ့ ညီငယ်တစ်ယောက် မေးလာတဲ့ နည်းပညာလေးပါ
သူ့ကွန်ပျူ တာမှာ ၀င်းဒိုး ၇ ပဲအသုံးပြုနေတာကြာပြီဖြစ်လို့
Windows 10 Technical Preview Enterprise Edition ကို
တင်သုံးချင်တယ် ဘယ်လိုအင်စတောလုပ်ရသလဲ ဆိုပြီးမေးလာပါတယ်။

ဒီနည်းပညာလေးကို မေးလားတာ သုံးယောက်လောက်တော့
ရှိနေပါပြီ ကျ နော်မတင်ပေးအားတာနဲ့ အချိန်ကြာနေခဲ့တာပါ
ဒီနေ့တော့ အားလုံးအတွက် အဆင်ပြေမယ့် အလွယ်ဆုံး
နည်းလမ်းလေးကို အသေးစစ်ရှင်းပြလိုက်ပါတယ်ခင်ဗျာ...
 
အခုကျနော် ရှင်းပြသွားမှာကတော့ Windows 10 Technical Preview
ဆိုင်ရာ ဗားရှင်းအားလုံးကို အင်စတောလုပ်နည်းလေးပဲဖြစ်ပါတယ်
 မိမိကွန်ပျူ တာမှာ ၀င်းဒိုးအသစ်တခုတင်တော့မယ်ဆိုရင်တော့
နည်းလမ်းအားဖြင့် နှစ်မျိုးနှစ်စားနဲ့ သွားရမှာပါ၊ ISO ဖိုင်များကို
CD & DVD ထည့်သို့ကူးယူပြီး CD & DVD Rom ကနေတင်လို့ရသလို

Windows ISO ဖိုင်များ USB Flash Drive တစ်ခုအဖြစ်
ဖန်တီးပြီး USB Flash Rom ကလည်း အင်စတောလုပ်ယူလို့ရပါတယ်
ဒါက ကျနော် အလွယ်တကူနားလည်အောင်လို့ ရှင်းပြလိုက်တာပါ။

၁။ ပထမဆုံး မိမိကွန်ပျူ တာမှာ Windows ISO ဖိုင်များကို
ဝင်းဒိုးအခွေအဖြစ် CD & DVD များမှာ အလွယ်တကူ Burn ယူနည်းနဲ့
  ISO များကို Windows အဖြစ် USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း များကို အရင်ဦးဆုံး

လေ့လာရပါမည်။

 Windows 7 ISO File များကို Poweriso Burning
 ဆော့ဝဲနဲ့ Windwos DVD အဖြစ် အလွယ်တကူ Brun ယူနည်းကို
ဒီမှာ  ၀င်လေ့လာပါ။


၂။ Windows 7 ISO File များကို Windows 7 USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း ကို ဒီမှာ ၀င်လေ့လာပေးပါ။


၃။ မိမိရှိတဲ့ ၀င်းဒိုး အခွေ CD & DVD ပဲဖြစ်ဖြစ် USB မှာရှိတဲ့ ၀င်ဒိုးနဲ့ပဲဖြစ်ဖြစ်
 ကွန်ပျူ တာမှာ Boot တက်လာပြီးလို့ အောက်ကပုံအတိုင်းပေါ်နေခဲ့ရင်
 မိမိအသုံးပြုလိုသော Language အသုံးပြု လိုသော Keyboard နေရာတို့မှာ
စိတ်ကြိုက်ရွေးချယ်ပြီးတာနဲ့  Next ဆိုတာကို နှိပ်လိုက်ပါ။



 ၄။ Next ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း
ပေါ်လာပါမယ် Windows 10 ကိုစတင်ရန်အတွက်
Install now ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၅။ မိနစ်အနည်းငယ်ကြာပြီးနောက် အောက်ကပုံအတိုင်းပေါ်
လာခဲ့ရင်တော့ Upgrade လုပ်မှာလား အသစ်အဖြစ်ပြန်သွင်းမလား
ဆိုပြီးမေးတာမို့ အသစ်ပြန်သွင်းရန်ဖြစ် Custom Install
ကိုသာရွေးပြီး နှိပ်ပေးလိုက်ပါ။
၆။ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Windows ကို မိမိကွန်ပျူ တာရဲ့
Install လုပ်လိုတဲ့ Partition ကိုရွေးပေးရန်ဖြစ်ပါတယ်။
Windows တစ်ခုတည်း သာအသုံးပြု သော သူတွေကတော့
 မြင်နေရတဲ့ ပုံအတိုင်း Drive Letter တစ်ခုသာရှိလို့ Next ကိုနှိပ်ပေးလိုက်ပါ။

ဒီနေရာမှာ Hard-disk ကို Partition အများကြီးထားသူ (သို့)
ဝင်းဒိုးအဟောင်းဆိုရင်တော့ Partition က နှစ်ခုဖြစ်နေပါလိမ့်မယ်။
အထူးသတိထားရမှာ လေ့လာခါစဘော်ဒါတွေကတော့ ၀င်းဒိုး တင်ယူ
မည့် Partition သည် မိမိကွန်ပျူ တာရဲ့ Partition 1 ဖြစ်နေရပါမည်
 တကယ်လို့ GB အလုံအလေလာက်မရှိ တင်မရဘူးပြောလာခဲ့ရင်တော့
Partition 2 စသည်ဖြင့် မိမိအတွက် အရေးမကြီးပဲ Partition အဖြစ်
များပြားနေတဲ့ GB မပြည့်ပဲ MB သာရှိတဲ့ Letter အားလုံးကို Delete
လုပ်ပေးလိုက်ပါ၊ မလိုအပ်တဲ့ Letter အားလုံးကို ဖျက်ပြီးလို့
 အောက်ကပုံအတိုင်း Drive Letter တစ်ခုတည်းသာ ရှိပြီး ၀င်းဒိုး
အသစ်တင်ယူတာကတော့ အကောင်းဆုံးပါ။
၇။ အောက်ကပုံအတိုင်း စတင်ပြီး Install လုပ်နေပါလိမ့်မယ်
သိပ်မကြာခင်မှာ PC ကိုပြန်လည်၍ Restart ပြန်လုပ်သွားပါမယ်
စက်ပြန်တက်လာတဲ့အခါ Boot တောင်းတဲ့စာတန်းလေးပေါ်လာပါမယ်။
ဘာမှထပ်နှိပ်စရာမလိုပါ သူ့အလိုလို Install လုပ်နေတာပဲဖြစ်ပါတယ်။
 ၈။ အောက်ကပုံအတိုင်း Settings ပိုင်းဆိုင်ရာကိုရောက်နေပါပြီ။
ဒီနေရာမှာ Customize ဆိုတာကိုနှိပ်လိုက်ပါ။
 ၉။ Setting ပိုင်းမှာ ကျနော် တစ်ခုရှင်းပြလိုတာကတော့
တကယ့်လို့ မိမိမှာ Microsoft Account သာအသင့်ရှိနေခဲ့ရင်
အင်တာနက်လည်း အဆင်ပြေနေတယ်ဆိုရင်တော့ အောက်က
ပုံအတိုင်း User express settings ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၀။ ဒီနေရာမှာတော့ မိမိမှာ Microsoft account သာ
ရှိနေပြီးသားဆိုရင်တော့ ကျနော် အနီရောင်လေးနဲ့ဝိုင်း
ပြထားတဲ့နေရာမှာ ရိုက်ထည့်ပြီး Next ကိုနှိပ်လိုက်ပါ။
တကယ်လို့ Microsoft account သာမရှိဘူးဆိုရင်တော့
Don't have an account ဆိုတာကိုနှိပ်ပါ၊ မိမိမှာ
ဝင်းဒိုးတင်နေတုန်း အင်တာနက်ကော်နယ်ရှင်ကအဆင်ပြေနေ
တယ်ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး Create a new account
ဝင်းဒိုးတင်ယူရင်းကနေ တစ်ပါတည်းလုပ်ယူသွားလို့ရပါတယ်။
၁၁။ Microsoft Account ကို Sign in လုပ်ပြီးလို့ အောက်ကပုံအတိုင်း
ပေါ်လာပါမယ်၊ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာကို
နှိပ်ပြီး Next ကိုထပ်နှိပ်ပေးလိုက်ပါ။
၁၂။ ဒီအဆင့်ထိ ရောက်လာပြီးမှာတော့ အောက်မှာ ပေါ်လာတဲ့
OneDrive ဆိုတာကို အထူးအင်စတော လုပ်ယူစရာမလိုပဲ မိမိကွန်ပျူ တာအတွက်
Cloud Storage အဖြစ် အသင့် အင်စတောလုပ်ယူရန်သာဖြစ်ပါတယ်။
တကယ်လို့ အသုံးမပြုချင်ဘူးဆိုရင်တော့ Turn off these OneDrive setting
ဆိုတာကိုနှိပ်လိုက်ပါ။ အသုံးပြုမယ်ဆိုရင်တော့ Next ကိုသာ ဆက်နှိပ်ပေးလိုက်ပါ။
၁၃။ အဆင့်တွေကျော်လာပြီးလို့ အောက်ကပုံအတိုင်း
မြင်တွေ့နေရပါမယ်၊ အရမ်းလှပပြီးသေသပ်တဲ့ ကာလာစုံ
screen ကြီးကို တစ်ခုပြီးတစ်ခု မြင်နေရပြီး Store ထဲကနေ
သူ့အလိုလို ၀င်းဒိုးအတွက် လိုအပ်မယ့် App တွေကို
Install လုပ်ယူနေတာဖြစ်ပါတယ်။
(Microsoft Account ထည့်ထားခဲ့လိုဖြစ်ပါတယ်)
၁၄။ အားလုံးရဲ့ အဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးလို့
နောက်ဆုံးမှာတော့ မိမိဟာ ကိုယ်ပိုင် ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
တစ်ခြားသော အကူညီလိုအပ်သူ ဘော်ဒါတို့ရဲ့ ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
Windows 10 Technical Preview Pro Edition & Enterprise Edition
 ဗားရှင်းအားလုံးကို အလွယ်တကူ Install လုပ်လို့အောင်မြင်
ပြီးစီးပြီး Microsoft ရဲ့ Windows 10 ကို ပိုင်နိုင်စွာနဲ့ Technical ဆရာကြီး
တစ်ယောက်ကဲ့ တောက်ပသော နေ့ရက်တွေနဲ့အတူ ပျော်ရွှင်နိုင်ပါပြီ။

PDF စာအုပ်အဖြစ် ဖတ်ရှုချင်တဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်များမှာ ဒေါင်းလော့ယူနိုင်ပါပြီ။

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ်

အားလုံးပဲ အဆင်ပြေအောင်မြင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

Copy Link From - http://www.zunite.org/

1 comment:

  1. Window10တင်ရင်အရင်window ကိုဖျက်ရမှာလား

    ReplyDelete